စတန်းဖို့ဘရစ်ချ်ထံ မကြာခင် ပြန်လာတော့မယ့် အမေ့ခံ ကွင်းလယ်သမား

ပြင်သစ်ကလပ် မိုနာကိုမှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကိုဟာ မိခင်ကလပ် အသင်းထံ မကြာခင်ပဲ ပြန်လာဖို့ ရှိနေပါတယ်။ ပြင်သစ်လီဂူးဝမ်းက လက်ရှိ ရာသီကို လုံး၀ ဖျက်သိမ်းလိုက်ရတဲ့ အပြင် မိုနာကိုကလည်း အငှား စာချုပ် ပြီးဆုံးချိန်မှာ ဘာကာယိုကို ကို အပြီး ဝယ်ယူလိုခြင်း မရှိပါဘူး။

အင်္ဂါနေ့မှာပဲ ၂၀၁၉-၂၀ ဘောလုံးရာသီ လီဂူးဝမ်း ပြိုင်ပွဲကို ပယ်ဖျက်လိုက်ပြီလို့ ကြေငြာချက် ထွက်ခဲ့တာ ဖြစ်ပြီး ပြင်သစ်သားဟာ စတန်းဖို့ဘရစ်ချ်ထံ ပြန်သွားဖို့ပဲ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

ဘာကာယိုကို ကို ၎င်းရဲ့ ကလပ်ဟောင်း မိုနာကိုထံ အငှားစေလွှတ်စဉ်က ချယ်ဆီးအသင်းဟာ ယူရို ၄၂.၅ သန်းနဲ့ အပြီး ဝယ်ယူခွင့် ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် မိုနာကိုကတော့ ချယ်ဆီး တောင်းဆိုတဲ့ တန်ကြေးနား နီးနီးစပ်စပ်တောင် မပေးနိုင်ေြာင်း အကြောင်းပြန်ခဲ့ပြီး ဝယ်ယူဖို့ ငြင်းဆန်ခဲ့တာပါ။

သေချာညှိနှိုင်း ဆွေးနွေးရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်သေးတယ်လို့ မိုနာကိုဘက်က မျှော်လင့်ချက် ရှိခဲ့ပေမယ့် အခုလို ဘောလုံးရာသီ ဖျက်သိမ်းလိုက်တာကြောင့် ရုပ်သံလွှင့်ခွင့်တွေ စပွန်ဆာကြေးတွေနဲ့ များစွာသော ဝင်ငွေတွေ ထိခိုက်လာတာကြောင့် ကစားသမား ဝယ်ယူတာမျိုး အတွက် မစဉ်းစားနိုင်ဘဲ ရှိလာပါတယ်။

ပြင်သစ်မှာက ဘယ်အသင်းက ဥရောပ ဝင်ခွင့်ရမယ်နဲ့ တန်းဆင်းမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ၂၈ ပွဲ ကစားပြီးချိန် အဆင့် ၉ နေရာမှာ ရှိနေတဲ့ မိုနာကိုက နှစ်ရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ဖို့ များနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးကွင်းလယ်မှာ တောက်ပလာတဲ့ ဘီလီ ဂေးလ်မား၊ ဒဏ်ရာက ပြန်ကောင်းလာတဲ့ လော့ဖ်တပ်ချိစ်တို့ ရှိတဲ့ အပြင် ကန်တေ၊ မောင့်၊ ရော့စ်ဘာကလေ၊ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ပါ ရှိနေတာကြောင့် ဘာကာယိုကို အတွက် နေရာ ရှိနိုင်တော့မှာ မဟုတ်ဘူး ဆိုရမှာပါ။ ဖီဖာရဲ့ စည်းမျဉ်းတွေ အရတော့ ဘာကာယိုကို စောစော ချယ်ဆီးကို ပြန်လာရင်တောင် လက်ရှိဘောလုံးရာသီ အတွက် လက်ကျန်ပွဲများ ချယ်ဆီးနဲ့ အတူ ပါဝင်ကစားခွင့်လည်း မရှိပါဘူး။

ချယ်ဆီးအသင်းဟာ ဘာကာယိုကို အတွက် ၎င်းကို ခေါ်ယူစဉ် ၂၀၁၇ က ပေးခဲ့ရတဲ့ တန်ကြေး ပေါင် သန်း ၄၀ ဝန်းကျင် ပြန်ရလိုနေပြီး အပြောင်းအရွှေ့ ဖွင့်တာနဲ့ ပြင်သစ်သားကို ရောင်းချရန် ကြိုးစားသွားဖွယ် ရှိပါတယ်။

Zawgyi – ျပင္သစ္ကလပ္ မိုနာကိုမွာ အငွား သြားေရာက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ဘာကာယိုကိုဟာ မိခင္ကလပ္ အသင္းထံ မၾကာခင္ပဲ ျပန္လာဖို႔ ရွိေနပါတယ္။ ျပင္သစ္လီဂူး၀မ္းက လက္ရွိ ရာသီကို လံုး၀ ဖ်က္သိမ္းလိုက္ရတဲ့ အျပင္ မိုနာကိုကလည္း အငွား စာခ်ဳပ္ ျပီးဆံုးခ်ိန္မွာ ဘာကာယိုကို ကို အျပီး ၀ယ္ယူလိုျခင္း မရွိပါဘူး။

အဂၤါေန႔မွာပဲ ၂၀၁၉-၂၀ ေဘာလံုးရာသီ လီဂူး၀မ္း ျပိဳင္ပြဲကို ပယ္ဖ်က္လိုက္ျပီလို႔ ေၾကျငာခ်က္ ထြက္ခဲ့တာ ျဖစ္ျပီး ျပင္သစ္သားဟာ စတန္းဖို႔ဘရစ္ခ်္ထံ ျပန္သြားဖို႔ပဲ ျပင္ဆင္ရေတာ့မွာ ျဖစ္ပါတယ္။

ဘာကာယိုကို ကို ၄င္းရဲ႕ ကလပ္ေဟာင္း မိုနာကိုထံ အငွားေစလႊတ္စဥ္က ခ်ယ္ဆီးအသင္းဟာ ယူရို ၄၂.၅ သန္းနဲ႕ အျပီး ၀ယ္ယူခြင့္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒါေပမယ့္ မိုနာကိုကေတာ့ ခ်ယ္ဆီး ေတာင္းဆိုတဲ့ တန္ေၾကးနား နီးနီးစပ္စပ္ေတာင္ မေပးနိုင္ေၾာင္း အေၾကာင္းျပန္ခဲ့ျပီး ၀ယ္ယူဖို႔ ျငင္းဆန္ခဲ့တာပါ။

ေသခ်ာညွိနိႈင္း ေဆြးေႏြးရင္ အေျပာင္းအေရႊ႕ ျဖစ္လာနိုင္ေသးတယ္လို႔ မိုနာကိုဘက္က ေမွ်ာ္လင့္ခ်က္ ရွိခဲ့ေပမယ့္ အခုလို ေဘာလံုးရာသီ ဖ်က္သိမ္းလိုက္တာေၾကာင့္ ရုပ္သံလႊင့္ခြင့္ေတြ စပြန္ဆာေၾကးေတြနဲ႕ မ်ားစြာေသာ ၀င္ေငြေတြ ထိခိုက္လာတာေၾကာင့္ ကစားသမား ၀ယ္ယူတာမ်ိဳး အတြက္ မစဥ္းစားနုိင္ဘဲ ရွိလာပါတယ္။

ျပင္သစ္မွာက ဘယ္အသင္းက ဥေရာပ ၀င္ခြင့္ရမယ္နဲ႕ တန္းဆင္းမယ္ဆိုတာ မဆံုးျဖတ္ရေသးပါဘူး။ ဒါေပမယ့္ ၂၈ ပြဲ ကစားျပီးခ်ိန္ အဆင့္ ၉ ေနရာမွာ ရွိေနတဲ့ မိုနာကိုက နွစ္ရာသီဆက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ လြဲေခ်ာ္ဖို႔ မ်ားေနျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးကြင္းလယ္မွာ ေတာက္ပလာတဲ့ ဘီလီ ေဂးလ္မား၊ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ ေလာ့ဖ္တပ္ခ်ိစ္တို႔ ရွိတဲ့ အျပင္ ကန္ေတ၊ ေမာင့္၊ ေရာ့စ္ဘာကေလ၊ ေဂ်ာ္ဂ်င္ဟိုနဲ႕ ကုိဗာဆစ္တို႔ပါ ရွိေနတာေၾကာင့္ ဘာကာယိုကို အတြက္ ေနရာ ရွိနိုင္ေတာ့မွာ မဟုတ္ဘူး ဆိုရမွာပါ။ ဖီဖာရဲ႕ စည္းမ်ဥ္းေတြ အရေတာ့ ဘာကာယိုကို ေစာေစာ ခ်ယ္ဆီးကို ျပန္လာရင္ေတာင္ လက္ရွိေဘာလံုးရာသီ အတြက္ လက္က်န္ပြဲမ်ား ခ်ယ္ဆီးနဲ႕ အတူ ပါ၀င္ကစားခြင့္လည္း မရွိပါဘူး။

ခ်ယ္ဆီးအသင္းဟာ ဘာကာယိုကို အတြက္ ၄င္းကို ေခၚယူစဥ္ ၂၀၁၇ က ေပးခဲ့ရတဲ့ တန္ေၾကး ေပါင္ သန္း ၄၀ ၀န္းက်င္ ျပန္ရလိုေနျပီး အေျပာင္းအေရႊ႕ ဖြင့္တာနဲ႕ ျပင္သစ္သားကို ေရာင္းခ်ရန္ ၾကိဳးစားသြားဖြယ္ ရွိပါတယ္။