ဂေလ်းမားရဲ့ ကစားပုံ မြင်တော့ သူဘယ်လို ခံစားခဲ့ရလဲအပေါ် ရွိင်ကိန်းရဲ့ ပြောဆိုမှု

ဒီရာသီ ပရီးမီးယားလိဂ်မှာ အလားအလာကောင်းတွေ ပြသလာတဲ့ ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ထိပ်တန်းအသင်းတွေက ကြယ်ပွင့်တွေ ပါဝင်လာခြင်းက အင်္ဂလန်ဘောလုံးလောကအတွက် အားတက်စရာတွေ ဖြစ်လာခဲ့တယ်။

ချယ်ဆီးအသင်းဟာလည်း ဒီဘက်နှစ်တွေမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ မောင့်၊ အေဘရာဟမ်၊ တိုမိုရီတို့ကို စင်တင်ပေးလာခဲ့တဲ့အပြင် ဂေလ်းမားလို ကစားသမားကိုလည်း ပွဲထုတ်လာခဲ့ပြီဖြစ်ပါတယ်။ ဂျော်ဂျင်ဟို မပါနိုင်တဲ့ ပွဲတွေမှာ စတင်ကာ နေရာရလာခဲ့တဲ့ ဂေလ်းမားဟာ ချယ်ဆီးရဲ့ အနာဂတ် ဖြစ်လာနိုင်သူလို့ ထင်ပေါ်နေကာ အကျော်အမော်ဟောင်းတွေကတောင် သူ့ကို အထင်ကြီးမှုတွေ ရှိလာနေခဲ့တာပါ။

မာဆေးဆိုဒ် နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်ပွဲတွေမှာ ဆက်တိုက် ပွဲထွက်ခွင့်ရခဲ့ပြီး ဝါရင့် ကစားသမား တစ်ဦးလို ကွင်းလယ်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ပြခဲ့တဲ့ ဂေလ်းမားကို သဘောတွေ့တဲ့အထဲမှာ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ရွိုင်ကိန်းလည်း ပါဝင်ခဲ့ပါတယ်။

ဂေလ်းမားရဲ့ ခြေစွမ်းကို စမြင်ခဲ့ရတဲ့ အနေအထားကို ရွိုင်းကိန်းက “ အိမ်မှာ ကော်ဖီတစ်ခွက်၊ ချောကလက်မုန့် နည်းနည်းနဲ့ ကျနော် ထိုင်နေတာ။ တီဗီကိုလည်း အသံကိုလည်း အဖွင့်ထားမိဘူး။ ပွဲစတော့ ထိုင်ခုံကနေတောင် မတ်တပ် ထရပ်လိုက်မိတယ်။ ဒီကလေးက ဘယ်သူကြီးလဲလို့ ကျနော် တွေးမိခဲ့တာပါပဲ။

သူက အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါပဲ။ အချိန် အကြာကြီး အကြာကြီးမှာမှ သူ့လို့ အကောင်းဆုံး စွမ်းဆောင်ရည် ပြနိုင်တဲ့ ကစားသမားမျိုးကို ကျနော် ပြန်မြင်ရတာပါ ” လို့ ချီးကျူးခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ ရွိုင်ကိန်းလို လူကတောင် ဂေလ်းမား ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး မမြင်ရတာ ကြာလှပါပြီလို့ မှတ်ချက် ပေးခဲ့ခြင်းက ဒီ ဆယ်ကျော်သက် စကော့သားလေးကို ကစားသမားဟောင်းကြီးတွေ ဘယ်လို အထင်ကြီးကြလဲဆိုတာ သိသာနိုင်တာဖြစ်ပါတယ်။

ZAWGYI





