ချယ်ဆီးက စာရင်းပါနေပေမယ့် ဆန်ချိုကို ခေါ်ယူရေး ရေပန်းစားမှုမှာ ယူနိုက်တက်ကို မမှီနိုင်သေး

ချယ်ဆီးဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ အနေအထားတစ်ရပ်မှာ ရှိနေဆဲဖြစ်ပေမယ့် အရေးသာနေတဲ့ အခြေအနေ မဟုတ်ပဲ ယူနိုက်တက်ရဲ့ ရေပန်းစားမှုကို မမှီနိုင်သေးဘူးလို့ သတင်းထောက် Dean Jones က ထုတ်ပြောလာပါတယ်။

အပြောင်းအရွှေ့ကိစ္စတွေကို အသားပေး ဖော်ပြလေ့ရှိတဲ့ Bleacher Report ရဲ့ Dean Jones က ဆန်ချိုဟာ သူ့ရဲ့ အနာဂတ်အတွက် ချယ်ဆီးကိုလည်း ထည့်တွက်ထားပေမယ့် ယူနိုက်တက်ကတော့ ပိုမို အရေးသာနေဆဲလို့ ဆိုပါတယ်။

” ဒီအခြေအနေမှာ မနက်ဖြန်မှာပဲ တစ်သင်းကို ရွှေးရမယ်ဆိုရင် ဆန်ချိုက ယူနိုက်တက်ကိုပဲ ရွှေးချယ်ပါလိမ့်မယ်။ သူတို့ကပဲ ဆန်ချိုအတွက် အကောင်းဆုံး ပြောင်းရွှေ့ကြေး ပေးနိုင်တာပါ။ သူတို့က အစဉ်အလာအရလည်း နာမည်ကြီးတဲ့ ကျောနံပါတ် ၇ ဂျာစီကို ပေးပြီး ဆန်ချိုကို ပိုစတာကောင်လေးအဖြစ်လည်း အသွင်ပြောင်းပေးနိုင်စွမ်း ရှိနေပါတယ်။

အရေးကြီးဆုးကတော့ ယူနိုက်တက်နဲ့ ချယ်ဆီးလို သူ့ကို ကမ်းလှမ်းမယ့် အသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့် ရမလားဆိုတာပါပဲ။ အခုနေဆိုရင်တော့ သူက ယူနိုက်တက်ကိုပဲ ရွှေးမှာပါ။ ဆန်ချိုက ချယ်ဆီးကို ရွှေးချယ်ခဲ့ပြီဆိုရင် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ပျက်ခြင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ် ” လို့ Dean Jones က ဆိုခဲ့တာဖြစ်တယ်။

The Athletic သတင်းထောက် David Ornstein က ဆိုထားသေးပြီး ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြိုင်ဖြစ်နေတာဖြစ်ပြီး ဘယ်အသင်းကမှ အသာစီးရနေတဲ့ အနေအထား မဟုတ်ဘူးလို့ ဖော်ထုတ်ထားတယ်။ ဒေါ့မွန်ဘက်က ဆန်ချိုကို ရောင်းထုတ်ရာမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ရမယ်လို့ မျှော်လင့်ထားပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေဒါ့မြန္စတား ဆန္ခ်ိဳကို ေခၚယူဖို႔ အေနအထားတစ္ရပ္မွာ ရွိေနဆဲျဖစ္ေပမယ့္ အေရးသာေနတဲ့ အေျခအေန မဟုတ္ပဲ ယူႏုိက္တက္ရဲ႕ ေရပန္းစားမႈကို မမွီႏုိင္ေသးဘူးလို႔ သတင္းေထာက္ Dean Jones က ထုတ္ေျပာလာပါတယ္။

အေျပာင္းအေရႊ႔ကိစၥေတြကို အသားေပး ေဖာ္ျပေလ့ရွိတဲ့ Bleacher Report ရဲ႕ Dean Jones က ဆန္ခ်ိဳဟာ သူ႔ရဲ႕ အနာဂတ္အတြက္ ခ်ယ္ဆီးကိုလည္း ထည့္တြက္ထားေပမယ့္ ယူႏုိက္တက္ကေတာ့ ပိုမို အေရးသာေနဆဲလို႔ ဆိုပါတယ္။

” ဒီအေျခအေနမွာ မနက္ျဖန္မွာပဲ တစ္သင္းကို ေရႊးရမယ္ဆိုရင္ ဆန္ခ်ိဳက ယူႏုိက္တက္ကိုပဲ ေရႊးခ်ယ္ပါလိမ့္မယ္။ သူတို႔ကပဲ ဆန္ခ်ိဳအတြက္ အေကာင္းဆံုး ေျပာင္းေရႊ႔ေၾကး ေပးႏုိင္တာပါ။ သူတို႔က အစဥ္အလာအရလည္း နာမည္ၾကီးတဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ေပးျပီး ဆန္ခ်ိဳကို ပိုစတာေကာင္ေလးအျဖစ္လည္း အသြင္ေျပာင္းေပးႏုိင္စြမ္း ရွိေနပါတယ္။

အေရးၾကီးဆုးကေတာ့ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးလို သူ႔ကို ကမ္းလွမ္းမယ့္ အသင္းေတြက ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမလားဆိုတာပါပဲ။ အခုေနဆိုရင္ေတာ့ သူက ယူႏုိက္တက္ကိုပဲ ေရႊးမွာပါ။ ဆန္ခ်ိဳက ခ်ယ္ဆီးကို ေရႊးခ်ယ္ခဲ့ျပီဆိုရင္ ယူႏုိက္တက္နဲ႔ အေျပာင္းအေရႊ႔ ပ်က္ျခင္းေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္ ” လို႔ Dean Jones က ဆိုခဲ့တာျဖစ္တယ္။

The Athletic သတင္းေထာက္ David Ornstein က ဆိုထားေသးျပီး ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အျပိဳင္ျဖစ္ေနတာျဖစ္ျပီး ဘယ္အသင္းကမွ အသာစီးရေနတဲ့ အေနအထား မဟုတ္ဘူးလို႔ ေဖာ္ထုတ္ထားတယ္။ ေဒါ့မြန္ဘက္က ဆန္ခ်ိဳကို ေရာင္းထုတ္ရာမွာ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။