ဘာစီလိုနာနဲ့ ချယ်ဆီးကြား ကော်တင်ညို အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှုရဖို့ နီးစပ်

ချယ်ဆီးဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုကို ပရီးမီးယားလိဂ်ထံ ကာလရှည် စာချုပ်ဖြင့် ပြန်လည်ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်တဲ့အနေအထားကို ရောက်ရှိနေကြောင်း စပိန်သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

လီဗာပူးကစားသမားဟောင်းလည်း ဖြစ်တဲ့ ကော်တင်ညိုက လက်ရှိ ဘိုင်ယန်မှာ အငှားထွက် ကစားနေပြီး အငှားစာချုပ်ကလည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ကော်တင်ညိုကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ကြောင်း အသိပေးထားပြီး ဖြစ်တာကြောင့် ဘာစီလိုနာ အနေနဲ့ အသင်းမှာလည်း ခြေစွမ်းမပြနိုင်တဲ့ ကော်တင်ညိုကို ရောင်းချလိုနေပါတယ်။

ဘာစီလိုနာဟာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး မြင့်မားစွာ သုံးရမှာဖြစ်လို့ ကော်တင်ညိုကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာလိုနေတာပါ။ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ဟာ လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရခြင်းကြောင်း အငှားထွက်ကစားနေရသူလည်း ဖြစ်ပါတယ်။

ဘာစီလိုနာက ကော်တင်ညိုကို ၂၀၁၈ မှာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ နဲ့ လီဗာပူးထံမှ ခေါ်ယူခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ ပေါင် ၃၂ သန်း ပေးချေစရာများလည်း ပါဝင်ထားပါတယ်။ အင်္ဂလန် ပြင်ပမှာ အခြေမကျ ဖြစ်နေတဲ့ ကော်တင်ညိုကို ချယ်ဆီးအသင်း တာဝန်ရှိသူတွေက အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ချိတ်ဆက် ပြောဆိုထားခဲ့ကြောင်း သတင်းတွေလည်း ထွက်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ် ချယ်ဆီးနဲ့ ဘာစီလိုနာကြား သဘောတူညီမှုရဖို့ နီးစပ်လာခြင်းက အငှာခေါ်ယူမှု မဟုတ်ပဲ ကာလရှည် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ သိလာရတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ဟိုကို ပရီးမီးယားလိဂ္ထံ ကာလရွည္ စာခ်ဳပ္ျဖင့္ ျပန္လည္ေခၚယူႏိုင္ဖို႔ အေတာ္ေလး နီးစပ္တဲ့အေနအထားကို ေရာက္ရွိေနေၾကာင္း စပိန္သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

လီဗာပူးကစားသမားေဟာင္းလည္း ျဖစ္တဲ့ ေကာ္တင္ညိဳက လက္ရွိ ဘိုင္ယန္မွာ အငွားထြက္ ကစားေနျပီး အငွားစာခ်ဳပ္ကလည္း ျပီးဆံုးေတာ့မွာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကလည္း ေကာ္တင္ညိဳကို အျပီးသတ္ ေခၚယူမွာ မဟုတ္ေၾကာင္း အသိေပးထားျပီး ျဖစ္တာေၾကာင့္ ဘာစီလိုနာ အေနနဲ႕ အသင္းမွာလည္း ေျခစြမ္းမျပနိုင္တဲ့ ေကာ္တင္ညိဳကို ေရာင္းခ်လိုေနပါတယ္။

ဘာစီလိုနာဟာ အင္တာမီလန္ တိုက္စစ္မွဴး မာတီနက္စ္ကို ေခၚယူဖို႔ ေျပာင္းေရႊ႔ေၾကး ျမင့္မားစြာ သံုးရမွာျဖစ္လို႔ ေကာ္တင္ညိဳကို ေရာင္းထုတ္ျပီး အသံုးစရိတ္ ရွာလိုေနတာပါ။ဘရာဇီး ကြင္းလယ္ဖန္တီးရွင္ဟာ လီဗာပူးကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရျခင္းေၾကာင္း အငွားထြက္ကစားေနရသူလည္း ျဖစ္ပါတယ္။

ဘာစီလိုနာက ေကာ္တင္ညိဳကို ၂၀၁၈ မွာ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၁၀ နဲ႕ လီဗာပူးထံမွ ေခၚယူခဲ့တာ ျဖစ္ျပီး ေနာက္ဆက္တြဲ ေပါင္ ၃၂ သန္း ေပးေခ်စရာမ်ားလည္း ပါ၀င္ထားပါတယ္။ အဂၤလန္ ျပင္ပမွာ အေျခမက် ျဖစ္ေနတဲ့ ေကာ္တင္ညိဳကို ခ်ယ္ဆီးအသင္း တာ၀န္ရွိသူေတြက အငွားနဲ႕ ေခၚယူဖို႔ ဘာစီလိုနာအသင္းထံ ခ်ိတ္ဆက္ ေျပာဆိုထားခ့ဲေၾကာင္း သတင္းေတြလည္း ထြက္ထားခဲ့ပါတယ္။

ဒါေပမယ့္ ဒီတစ္ၾကိမ္ ခ်ယ္ဆီးနဲ႔ ဘာစီလိုနာၾကား သေဘာတူညီမႈရဖို႔ နီးစပ္လာျခင္းက အငွာေခၚယူမႈ မဟုတ္ပဲ ကာလရွည္ စာခ်ဳပ္ျဖင့္ အျပီးသတ္ ေခၚယူမႈ ျဖစ္လိမ့္မယ္လို႔ သိလာရတာျဖစ္ပါတယ္။