ယူနိုက်တက်မှာ ကစားခဲ့ရတာအတွက် ရှက်ရွံ့မနေကြောင်း မိုက်ကယ်အိုဝင် ပြောဆို

မိုက္ကယ္အို၀င္က သူ႔ေခတ္္အခါမွာ ကမၻာ့အေကာင္းဆံုး တိုက္စစ္သမားေတြထဲ စာရင္း၀င္ခဲ့သူ တစ္ေယာက္လို႔ ဆိုရမွာပါ။ အသက္ ၁၇ နွစ္သားအ ရြယ္မွာတင္ ေတာက္ပလာတဲ့ အို၀င္ဟာ အဂၤလန္မွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။

လီဗာပူး စီနီယာအသင္းၾကီး လူစာရင္းထဲ အသက္ ၁၇ နွစ္မွာတင္ စတင္ပါ၀င္လာခဲ့တဲ့ အို၀င္ဟာ ၂၀၀၁ မွာေတာ့ ဘလြန္းဒီေအာဆုကိုပါ ရရွိခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ၂၀၁ ပြဲ ကစားကာ ၁၁၈ ဂိုး သြင္းခဲ့တဲ့ အို၀င္က ၂၀၀၄ မွာေတာ့ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

အို၀င္က ဘာေနျဗဴးမွာေတာ့ ပရိသတ္ေတြရဲ႕ နွလံုးအိမ္ကို ဆုပ္ကိုင္နုိင္ျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း စပိန္မွာ တစ္ရာသီသာ ၾကာခဲ့ျပီး နယူးကာဆယ္ ယူနိုက္တက္ထံ ျပန္ေရာက္ခဲ့ပါတယ္။ အို၀င္ရဲ႕ ေျခစြမ္းေကာင္းေတြက ဒဏ္ရာမ်ားေၾကာင့္ ေန၀င္ေစာခဲ့ပါတယ္။

နယူးကာဆယ္မွာ ၄နွစ္မွ် ၾကာျပီးေနာက္ အို၀င္က ၂၀၀၉ မွာ အသင္းေဟာင္း လီဗာပူးရဲ႕ ခါးသီးျပိဳင္ဘက္ မန္ခ်က္ကစတာ ယူနိုက္တက္သို႔ ေျပာင္းေရႊ႕သြားခဲ့ကာ ၂၀၁၂ မွာ စတုတ္စီးတီးထံ ေရာက္ခဲ့ျပီး တစ္ရာသီ ကစားခဲ့ျပီးေနာက္ ကစားသမားဘ၀ အဆံုးသတ္ခဲ့ပါတယ္။

လက္ရွိ အသက္ ၄၀ ရွိျပီ ျဖစ္တဲ့ အို၀င္က သူ႔ ကစားသမားဘ၀ ဒဏ္ရာေတြနဲ႕ ရုန္းကန္ခဲ့ရေၾကာင္း ဖြင့္ဟခဲ့ျပီး ယူနိုက္တက္ကို သြားခဲ့တဲ့ ဆံုးျဖတ္ခ်က္အေပၚ ေနာင္တရ ရွက္ရြံ႕တာမ်ိဳး မျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ မန္ခ်က္စတာယူနိုက္တက္ကို သြားခဲ့တာက အဲဒီအခ်ိန္ က်ေနာ့္အတြက္ အေကာင္းဆံုး ေရြးခ်ယ္စရာ အျဖစ္ ရွိခဲ့တာေၾကာင့္ပါ။ က်ေနာ္ လုပ္ခဲ့တာ အတြက္ လူေတြက ရွက္စရာလို႔ လက္ညွိဳုးထိုးေနၾကလည္း က်ေနာ္ မရွက္ပါဘူး။ က်ေနာ္လည္း စတုတ္၊ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နယူးကာဆယ္တို႔ အတြက္ ကစားရမယ္လို႔ အိပ္မက္ေတာင္ မက္ခဲ့ဖူးတာမွ မဟုတ္ပဲ။ က်ေနာ့္ ကစားသမား ဘ၀ အေျခအေနက ဒီလို အေနအထားဆီ ေရာက္ေစခဲ့တာပါ။ ” လို႔ အို၀င္က ဆိုပါတယ္။

” အသက္ ၂၀ ေလာက္ထိ က်ေနာ္က အဲဒီအရြယ္တန္းမွာ ကမၻာ့အေကာင္းဆံုးလို႔ ဆိုရမလားပဲ။ အဲဒီေနာက္ အခ်ိန္ အတိုင္းအတာ တစ္ခုၾကာေတာ့ ဒဏ္ရာေတြက က်ေန္ာ့ တိုးတက္မႈကို ေနွာင့္ေနွးေစခဲ့တယ္။ အသက္ ၂၃ မွာတင္ တိုးတက္မႈက ရပ္တန္႔သြားခဲ့ရတယ္ ဆိုရမလားပဲ။ တံေကာက္ေၾကာ ဆိုးဆိုး၀ါး၀ါး ထိခိုက္ခဲ့ေတာ့ က်ေနာ္ ဘယ္လိုမွ ဆက္ မရုန္းနုိင္ေတာ့ဘူး။ ” လို႔ အို၀င္က ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

Unicode

မိုက်ကယ်အိုဝင်က သူ့ခေတ်အခါမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားတွေထဲ စာရင်းဝင်ခဲ့သူ တစ်ယောက်လို့ ဆိုရမှာပါ။ အသက် ၁၇ နှစ်သားအ ရွယ်မှာတင် တောက်ပလာတဲ့ အိုဝင်ဟာ အင်္ဂလန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

လီဗာပူး စီနီယာအသင်းကြီး လူစာရင်းထဲ အသက် ၁၇ နှစ်မှာတင် စတင်ပါဝင်လာခဲ့တဲ့ အိုဝင်ဟာ ၂၀၀၁ မှာတော့ ဘလွန်းဒီအောဆုကိုပါ ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ၂၀၁ ပွဲ ကစားကာ ၁၁၈ ဂိုး သွင်းခဲ့တဲ့ အိုဝင်က ၂၀၀၄ မှာတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အိုဝင်က ဘာနေဗြူးမှာတော့ ပရိသတ်တွေရဲ့ နှလုံးအိမ်ကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း စပိန်မှာ တစ်ရာသီသာ ကြာခဲ့ပြီး နယူးကာဆယ် ယူနိုက်တက်ထံ ပြန်ရောက်ခဲ့ပါတယ်။ အိုဝင်ရဲ့ ခြေစွမ်းကောင်းတွေက ဒဏ်ရာများကြောင့် နေဝင်စောခဲ့ပါတယ်။

နယူးကာဆယ်မှာ ၄နှစ်မျှ ကြာပြီးနောက် အိုဝင်က ၂၀၀၉ မှာ အသင်းဟောင်း လီဗာပူးရဲ့ ခါးသီးပြိုင်ဘက် မန်ချက်ကစတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခဲ့ကာ ၂၀၁၂ မှာ စတုတ်စီးတီးထံ ရောက်ခဲ့ပြီး တစ်ရာသီ ကစားခဲ့ပြီးနောက် ကစားသမားဘ၀ အဆုံးသတ်ခဲ့ပါတယ်။

လက်ရှိ အသက် ၄၀ ရှိပြီ ဖြစ်တဲ့ အိုဝင်က သူ့ ကစားသမားဘ၀ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပြီး ယူနိုက်တက်ကို သွားခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရ ရှက်ရွံ့တာမျိုး မဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ကျနော် မန်ချက်စတာယူနိုက်တက်ကို သွားခဲ့တာက အဲဒီအချိန် ကျနော့်အတွက် အကောင်းဆုံး ရွေးချယ်စရာ အဖြစ် ရှိခဲ့တာကြောင့်ပါ။ ကျနော် လုပ်ခဲ့တာ အတွက် လူတွေက ရှက်စရာလို့ လက်ညှိုုးထိုးနေကြလည်း ကျနော် မရှက်ပါဘူး။ ကျနော်လည်း စတုတ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အတွက် ကစားရမယ်လို့ အိပ်မက်တောင် မက်ခဲ့ဖူးတာမှ မဟုတ်ပဲ။ ကျနော့် ကစားသမား ဘ၀ အခြေအနေက ဒီလို အနေအထားဆီ ရောက်စေခဲ့တာပါ။ ” လို့ အိုဝင်က ဆိုပါတယ်။

” အသက် ၂၀ လောက်ထိ ကျနော်က အဲဒီအရွယ်တန်းမှာ ကမ္ဘာ့အကောင်းဆုံးလို့ ဆိုရမလားပဲ။ အဲဒီနောက် အချိန် အတိုင်းအတာ တစ်ခုကြာတော့ ဒဏ်ရာတွေက ကျနေ်ာ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ အသက် ၂၃ မှာတင် တိုးတက်မှုက ရပ်တန့်သွားခဲ့ရတယ် ဆိုရမလားပဲ။ တံကောက်ကြော ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တော့ ကျနော် ဘယ်လိုမှ ဆက် မရုန်းနိုင်တော့ဘူး။ ” လို့ အိုဝင်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။