ရက်ဖို့ဒ်နဲ့ တွဲ ကစားချင်တယ် ဝန်ခံလာတဲ့ ချယ်ဆီး တိုက်စစ်မှူး အေဗရာဟမ်

ချယ်ဆီး တိုက်စစ်မှူး တမ်မီ အေဗရာဟမ်က ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်နဲ့ အတူ အင်္ဂလန် လက်ရွေးစင်အသင်းမှာ အတူ တွဲကစားဖို့ စိတ်အားထက်သန်နေပြီး ဒီလို ဖြစ်နိုင်ဖို့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ကိန်းကို ကျော်ဖြတ်ရမယ် လို့ ဝန်ခံ ပြောဆိုလာပါတယ်။

အေဗရာဟမ်က လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ဒီရာသီ အစွမ်းပြခွင့် ရလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ အက်စတွန်ဗီလာမှာ အငှား ကစားပြီး စွမ်းဆောင်ရည်ကောင်းများ ပြလာနိုင်ခဲ့တာကြောင့် ဒီရာသီ ချယ်ဆီး စီနီယာအသင်း တိုက်စစ်မှာ ပွဲကစားခွင့်များ ရလာခဲ့ပါတယ်။

အေဗရာဟမ်က လတ်တလော ဖာဒီနန်၊ ဆီဆက်နွန်တို့နဲ့ ပြောဆိုခဲ့တဲ့ စကားဝိုင်းမှာ အေဗရာဟမ်က ရက်ဖို့ဒ်နဲ့ တွဲကစားဖို့ဆိုရင် ကိန်းကို ကျော်နိုင်မှ ဖြစ်တယ်လို့ ဆိုခဲ့ပြီး ကိန်းရဲ့ ခြေစွမ်းကို အတူ လေ့ကျင့်စဉ်က မြင်တွေ့ခဲ့ရတာကြောင့် အထင်ကြီးမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ အင်္ဂလန်တိုက်စစ်မှာ အေဗရာဟမ်နဲ့ တွဲဖက် ကစားရင် ပြီးပြည့်စုံတဲ့ အတွဲအဖက် ဖြစ်မယ်လို့ ဖာဒီနန်က အကြံပြုခဲ့တဲ့ အပေါ် အေဗရာဟမ်က – ” ကျနော်လည်း သိပ် သဘောကျတာပေါ့။ ရက်ဖို့ဒ်နဲ့ အတူ တွဲကစားချင်တယ်။ ဒါပေမယ့် ကိန်းဆိုလည်း ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးပါ။ ထရိန်နင်မှာ သူ့ ခြေစွမ်းကို မြင်ရတာက လုံး၀ ဝိုး ခနဲ ဖြစ်သွားခဲ့ရတယ်။ ” လို့ ၎င်းက ဆိုပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး အေဗရာဟမ်ဟာ ပြီးခဲ့တဲ့နှစ်က အင်္ဂလန် လက်ရွေးစင် အသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရပြီး နိုင်ငံအသင်းအတွက် ပထမဆုံး ဂိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာက ဝင်ဘာလေမှာ ကန်တဲ့ မွန်တီနီဂရိုးနဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္က ယူနုိက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္နဲ႕ အတူ အဂၤလန္ လက္ေရြးစင္အသင္းမွာ အတူ တြဲကစားဖို႔ စိတ္အားထက္သန္ေနျပီး ဒီလို ျဖစ္နုိင္ဖို႔ ကမၻာ့အေကာင္းဆံုး တိုက္စစ္မွဴး ကိန္းကို ေက်ာ္ျဖတ္ရမယ္ လို႔ ၀န္ခံ ေျပာဆိုလာပါတယ္။

ေအဗရာဟမ္က လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ဒီရာသီ အစြမ္းျပခြင့္ ရလာခဲ့သူ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီ အက္စတြန္ဗီလာမွာ အငွား ကစားျပီး စြမ္းေဆာင္ရည္ေကာင္းမ်ား ျပလာနုိင္ခဲ့တာေၾကာင့္ ဒီရာသီ ခ်ယ္ဆီး စီနီယာအသင္း တိုက္စစ္မွာ ပြဲကစားခြင့္မ်ား ရလာခဲ့ပါတယ္။

ေအဗရာဟမ္က လတ္တေလာ ဖာဒီနန္၊ ဆီဆက္ႏြန္တို႔နဲ႕ ေျပာဆိုခဲ့တဲ့ စကား၀ိုင္းမွာ ေအဗရာဟမ္က ရက္ဖို႔ဒ္နဲ႕ တြဲကစားဖို႔ဆိုရင္ ကိန္းကို ေက်ာ္နုိင္မွ ျဖစ္တယ္လို႔ ဆိုခဲ့ျပီး ကိန္းရဲ႕ ေျခစြမ္းကို အတူ ေလ့က်င့္စဥ္က ျမင္ေတြ႔ခဲ့ရတာေၾကာင့္ အထင္ၾကီးမိိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ရက္ဖို႔ဒ္ဟာ အဂၤလန္တိုက္စစ္မွာ ေအဗရာဟမ္နဲ႕ တြဲဖက္ ကစားရင္ ျပီးျပည့္စံုတဲ့ အတြဲအဖက္ ျဖစ္မယ္လုိ႔ ဖာဒီနန္က အၾကံျပဳခဲ့တဲ့ အေပၚ ေအဗရာဟမ္က – ” က်ေနာ္လည္း သိပ္ သေဘာက်တာေပါ့။ ရက္ဖို႔ဒ္နဲ႕ အတူ တြဲကစားခ်င္တယ္။ ဒါေပမယ့္ ကိန္းဆိုလည္း ကမၻာ့ အေကာင္းဆံုး တိုက္စစ္မွဴးပါ။ ထရိန္နင္မွာ သူ႔ ေျခစြမ္းကို ျမင္ရတာက လံုး၀ ၀ိုး ခနဲ ျဖစ္သြားခဲ့ရတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ တိုက္စစ္မွဴး ေအဗရာဟမ္ဟာ ျပီးခဲ့တဲ့နွစ္က အဂၤလန္ လက္ေရြးစင္ အသင္းအတြက္ပါ ေရြးခ်ယ္ခံခဲ့ရျပီး နိုင္ငံအသင္းအတြက္ ပထမဆံုး ဂိုးကို ျပီးခဲ့တဲ့ နို၀င္ဘာက ၀င္ဘာေလမွာ ကန္တဲ့ မြန္တီနီဂရိုးနဲ႕ ပြဲမွာ သြင္းယူနုိင္ခဲ့ပါတယ္။