ချယ်ဆီးပရိသတ် ဆန်ချိုကို ခေါ်ယူခွင့် အနေအထားအပေါ် The Athletic သတင်းထောက် ထုတ်ဖော်

ချယ်ဆီးဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ အနေအထားတစ်ရပ်မှာ ရှိနေဆဲဖြစ်ပေမယ့် အရေးသာနေတဲ့ အခြေအနေ မဟုတ်သလို လက်လွတ်လိုက်ရတဲ့ အခြေအနေလည်း မဟုတ်ဘူးလို့ The Athletic က ဖော်ပြလာခဲ့ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြိုင်ဖြစ်နေတာဖြစ်ပြီး ဘယ်အသင်းကမှ အသာစီးရနေတဲ့ အနေအထား မဟုတ်ဘူးလို့ သတင်းထောက် David Ornstein က ထုတ်ဖော်လိုက်တာပါ။ ဒေါ့မွန်ဘက်က ဆန်ချိုကို ရောင်းထုတ်ရာမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ရမယ်လို့ မျှော်လင့်နေပြီး ယူရို ၁၂၀ သန်းကြားထိ ဈေးပေါက်မယ်လို့ သတင်းတွေ ထွက်ပေါ်ထားတာဖြစ်တယ်။

Ornstein ကပဲ ” ဆန်ချိုက ချယ်ဆီးကို အားပေးပြီး ကြီးပြင်းလာရသူဖြစ်ကာ သူ့ရဲ့ ဦးစားပေးထဲမှာ ချယ်ဆီးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအချက်က ဆန်ချိုဟာ ချယ်ဆီးကို ပြောင်းဖို့ အသာစီး ရစေမှာ မဟုတ်ပါဘူး။ တူညီတဲ့ ချန်ပီယံလိဂ် ကစားခွင့် တောင်းဆိုမှုမျိုးကို ချယ်ဆီးလိုပဲ ယူနိုက်တက်ကလည်း လုပ်ဆောင်ရပါလိမ့်မယ်။

ဆန်ချိုနဲ့ ဒေါ့မွန်တို့က ထိပ်တိုက် ဆွေးနွေးမှုတွေ လုပ်ရမှာဖြစ်ပြီး အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ဘာတွေ လုပ်ဆောင်ကြမလဲဆိုတဲ့ တိုးတက်မှုကို ညိနှိုင်းကြရမှာဖြစ်တယ်။ ချယ်ဆီးနဲ့ သူ့ကြား အပြောင်းအရွှေ့ ကိစ္စတွေကို ပယ်ချတာမျိုး ကျနော် မလုပ်ပါဘူး။ ဒါပေမယ့် အသာစီးရနေတာလည်း မဟုတ်ဘူး။ အခြေအနေတွေက အဲ့လိုဖြစ်ပြီး ဒီအချိန်မှာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ဘယ်အသင်းကမှ အရေးသာမနေပါဘူး ” လို့ဆိုခဲ့ပါတယ်။

ချယ်ဆီးပရိသတ်တွေကတော့ ဆန်ချိုဟာ ဟာဇက်နေရာကို ဖြည့်နိုင်တဲ့ ခြေစွမ်းကို ဆက်တိုက် ပြသနေပြီး သူ့အတွက် သန်း ၁၀၀ သုံးရမယ်ဆိုရင်တောင် နွေမှာ အရခေါ်ယူသင့်နေပါပြီလို့ မှတ်ချက်ပေးထားတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေဒါ့မြန္စတား ဆန္ခ်ိဳကို ေခၚယူဖို႔ အေနအထားတစ္ရပ္မွာ ရွိေနဆဲျဖစ္ေပမယ့္ အေရးသာေနတဲ့ အေျခအေန မဟုတ္သလို လက္လြတ္လုိက္ရတဲ့ အေျခအေနလည္း မဟုတ္ဘူးလို႔ The Athletic က ေဖာ္ျပလာခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အျပိဳင္ျဖစ္ေနတာျဖစ္ျပီး ဘယ္အသင္းကမွ အသာစီးရေနတဲ့ အေနအထား မဟုတ္ဘူးလို႔ သတင္းေထာက္ David Ornstein က ထုတ္ေဖာ္လိုက္တာပါ။ ေဒါ့မြန္ဘက္က ဆန္ခ်ိဳကို ေရာင္းထုတ္ရာမွာ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ရမယ္လို႔ ေမွ်ာ္လင့္ေနျပီး ယူရို ၁၂၀ သန္းၾကားထိ ေစ်းေပါက္မယ္လို႔ သတင္းေတြ ထြက္ေပၚထားတာျဖစ္တယ္။

Ornstein ကပဲ ” ဆန္ခ်ိဳက ခ်ယ္ဆီးကို အားေပးျပီး ၾကီးျပင္းလာရသူျဖစ္ကာ သူ႔ရဲ႕ ဦးစားေပးထဲမွာ ခ်ယ္ဆီးလည္း ပါဝင္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္က ဆန္ခ်ိဳဟာ ခ်ယ္ဆီးကို ေျပာင္းဖို႔ အသာစီး ရေစမွာ မဟုတ္ပါဘူး။ တူညီတဲ့ ခ်န္ပီယံလိဂ္ ကစားခြင့္ ေတာင္းဆိုမႈမ်ိဳးကို ခ်ယ္ဆီးလိုပဲ ယူနုိက္တက္ကလည္း လုပ္ေဆာင္ရပါလိမ့္မယ္။

ဆန္ခ်ိဳနဲ႔ ေဒါ့မြန္တို႔က ထိပ္တိုက္ ေဆြးေႏြးမႈေတြ လုပ္ရမွာျဖစ္ျပီး အေျပာင္းအေရႊ႔မွာ ထြက္ခြာဖို႔ ဘာေတြ လုပ္ေဆာင္ၾကမလဲဆိုတဲ့ တိုးတက္မႈကို ညိႏိႈင္းၾကရမွာျဖစ္တယ္။ ခ်ယ္ဆီးနဲ႔ သူ႔ၾကား အေျပာင္းအေရႊ႔ ကိစၥေတြကို ပယ္ခ်တာမ်ိဳး က်ေနာ္ မလုပ္ပါဘူး။ ဒါေပမယ့္ အသာစီးရေနတာလည္း မဟုတ္ဘူး။ အေျခအေနေတြက အဲ့လိုျဖစ္ျပီး ဒီအခ်ိန္မွာ ဆန္ခ်ိဳကို ေခၚယူႏုိင္ဖို႔ ဘယ္အသင္းကမွ အေရးသာမေနပါဘူး ” လို႔ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးပရိသတ္ေတြကေတာ့ ဆန္ခ်ိဳဟာ ဟာဇက္ေနရာကို ျဖည့္ႏုိင္တဲ့ ေျခစြမ္းကို ဆက္တုိက္ ျပသေနျပီး သူ႔အတြက္ သန္း ၁၀၀ သံုးရမယ္ဆိုရင္ေတာင္ ေႏြမွာ အရေခၚယူသင့္ေနပါျပီလို႔ မွတ္ခ်က္ေပးထားတာျဖစ္ပါတယ္။