လိုင်လီခံစစ်မှူးကို ခေါ်ဖို့ ချယ်ဆီး၊ အာဆင်နယ်တို့ထက် ဦးအောင် ကြိုးစားနေတဲ့ မာဆေးဆိုဒ်အသင်း

လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ ချိတ်ဆက်နေတဲ့ လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မာဂဲအက်စ်ကို အဲဗာတန်က လက်ဦးမှုယူ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

ဘရာဇီးသားကို အဲဗာတန် နည်းပြ အန်ဆယ်လော့တီက အရခေါ်ယူဖို့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး နောက်ရာသီမှာ အဲဗာတန်ရဲ့ ဗဟိုခံစစ်ကို အင်အားဖြည့်နိုင်ဖို့ အကောင်းဆုံး ကစားသမား အဖြစ် ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးကြောင့် ဘောလုံးပွဲများ ရပ်နားထားရပေမယ့် အဲဗာတန် အသင်း တာဝန်ရှိသူတွေဟာ အသက် ၂၂ နှစ် အရွယ် ဘရာဇီးသားကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက် ညှိနှိုင်းနေပြီး တိုးတက်မှုတွေလည်း ရှိနေတယ် သတင်း ထွက်ပေါ်လာပါတယ်။ ဂါဘရီရယ် အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၃၀ ဝန်းကျင် ရှိနိုင်ပါတယ်။

လိုင်လီ ခံစစ်မှူးလေးဟာ ဒီရာသီ ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းနဲ့ လည်း ချန်ပီယံလိဂ်မှာ ရင်ဆိုင် ကစားခဲ့ဖူးပြီး ဖြစ်ပါတယ်။ အသက်အရွယ် အရ ငယ်ရွယ်သေးတဲ့ အပြင် ခြေစွမ်းကောင်းနဲ့ အလားအလာကောင်းတွေ ရှိနေတဲ့ ဘရာဇီးသား ခံစစ်မှူးကို ချယ်ဆီးရော အာဆင်နယ်ပါ မျက်စိကျနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

အီတလီသား အဲဗာတန်နည်းပြ အန်ဆယ်လော့တီကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထက် အရင် ဦးအောင် လှုပ်ရှားနေပြီး ဂါဘရီရယ်ရဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။

Zawgyi – လန္ဒန္ကလပ္ေတြ ျဖစ္တဲ့ ခ်ယ္္ဆီးနဲ႕ အာဆင္နယ္ အသင္းတို႔ ခ်ိတ္ဆက္ေနတဲ့ လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ မာဂဲအက္စ္ကို အဲဗာတန္က လက္ဦးမႈယူ ေခၚယူနုိုင္ဖို႔ ၾကိဳးစားေနျပီ ျဖစ္ပါတယ္။

ဘရာဇီးသားကို အဲဗာတန္ နည္းျပ အန္ဆယ္ေလာ့တီက အရေခၚယူဖို႔ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားျပီး ေနာက္ရာသီမွာ အဲဗာတန္ရဲ႕ ဗဟိုခံစစ္ကို အင္အားျဖည့္နုိင္ဖို႔ အေကာင္းဆံုး ကစားသမား အျဖစ္ ယံုၾကည္ေနပါတယ္။

ပရီးမီးယားလိဂ္ဟာ ကိုရိုနာဗိုင္းရပ္စ္ အေရးေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားရေပမယ့္ အဲဗာတန္ အသင္း တာ၀န္ရွိသူေတြဟာ အသက္ ၂၂ နွစ္ အရြယ္ ဘရာဇီးသားကို ေခၚယူနုိင္ဖို႔ ခ်ိတ္ဆက္ ညွိႏိႈင္းေနျပီး တိုးတက္မႈေတြလည္း ရွိေနတယ္ သတင္း ထြက္ေပၚလာပါတယ္။ ဂါဘရီရယ္ အတြက္ ေျပာင္းေရႊ႕ေၾကးက ေပါင္ သန္း ၃၀ ၀န္းက်င္ ရွိနိုင္ပါတယ္။

လိုင္လီ ခံစစ္မွဴးေလးဟာ ဒီရာသီ ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းနဲ႕ လည္း ခ်န္ပီယံလိဂ္မွာ ရင္ဆုိင္ ကစားခဲ့ဖူးျပီး ျဖစ္ပါတယ္။ အသက္အရြယ္ အရ ငယ္ရြယ္ေသးတဲ့ အျပင္ ေျခစြမ္းေကာင္းနဲ႕ အလားအလာေကာင္းေတြ ရွိေနတဲ့ ဘရာဇီးသား ခံစစ္မွဴးကို ခ်ယ္ဆီးေရာ အာဆင္နယ္ပါ မ်က္စိက်ေနျပီး ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။

အီတလီသား အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီကေတာ့ ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသင္းေတြထက္ အရင္ ဦးေအာင္ လႈပ္ရွားေနျပီး ဂါဘရီရယ္ရဲ႕ အေျပာင္းအေရႊ႕ အတြက္ ညွိနိႈင္းေနျပီ ျဖစ္ပါတယ္။