အင်္ဂလန်ကလပ်တွေ မာတီနက်စ်ကို လက်လျော့လိုက်ဖို့ အေးဂျင့်ဖြစ်သူ အရိပ်အမြွက် ပြော

အင်တာမီလန် တိုက်စစ်သမား မာတီနက်စ်ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒရှိနေပြီး စီးရီးအေကလပ်က ခွင့်ပြုပေးရဖွယ် ရှိကြောင်း ပြောဆိုလာပါတယ်။

မာတီနက်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး တောင်အမေရိက ကစားသမားကတော့ တစ်နိုင်ငံတည်းသာ တိုက်စစ်သမားဖြစ်သူ မက်ဆီရှိရာ ဘာစီလိုနာကို ပြောင်းဖို့ကိုပဲ အားသန်နေတာ ဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့် Sergio Zarate က မာတီနက်စ်နဲ့ ဘာစီလိုနာကြာင်း အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး ဖြေဆိုရာမှာ “ ပြောင်းဖြစ်ဖို့ အလားအလာ အရမ်းကို ကြီးမားပါတယ်။ သူက ကစားးသမားကောင်းဖြစ်ပြီး အင်တာမှာပဲ နေဖို့က သူ့ရဲ့ အမြင့်ဆုံးသော ရည်ရွယ်ချယ် မဟုတ်ပါဘူး။

သူ့ကို စီမံနေတဲ့သူတွေ ရှိပေမယ့် ကစားသမားကပဲ ဘယ်ကို ပြောင်းရွှေ့မယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဘာစီလိုနာမှာက မက်ဆီရှိတယ်၊ အကောင်းဆုံး ကစားသမားနဲ့ ဘေးချင်းယှဉ် ကစားဖို့ မာတီနက်စ်ကလည်း ဆန္ဒရှိတယ်လို့ ကျနော် ထင်ပါတယ်။ အင်တာက သူတို့ အလိုရှိတဲ့အတိုင်း တောင်းဆိုနိုင်ပေမယ့် ဈေးကွက်စည်မျဉ်းတွေလည်း ရှိပါတယ်။

ဥရောပ အင်အားကြီး အသင်းတွေက သူတို့ အလိုရှိတဲ့ ကစားသမားကို အလိုရှိချိန်တိုင်း အရာအားလုံး ကြိုးစားလေး ရှိပါတယ်။ အခုချိန်မှာ အရေးကြီးဆုံးက ဘယ်ဂျာစီကို ဝတ်မလဲ မဟုတ်သေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အင္တာမီလန္ တိုက္စစ္သမား မာတီနက္စ္ရဲ႕ ေအးဂ်င့္က သူ႔ရဲ႕ ကစားသမားဟာ ဘာစီလိုနာကို ေျပာင္းေရႊ႔ဖို႔ စိတ္ဆႏၵရွိေနျပီး စီးရီးေအကလပ္က ခြင့္ျပဳေပးရဖြယ္ ရွိေၾကာင္း ေျပာဆိုလာပါတယ္။

မာတီနက္စ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ ယူႏုိက္တက္တုိ႔ကလည္း စိတ္ဝင္စားေနတာျဖစ္ျပီး ေတာင္အေမရိက ကစားသမားကေတာ့ တစ္ႏုိင္ငံတည္းသာ တိုက္စစ္သမားျဖစ္သူ မက္ဆီရွိရာ ဘာစီလိုနာကို ေျပာင္းဖို႔ကိုပဲ အားသန္ေနတာ ျဖစ္ပါတယ္။

ကစားသမားရဲ႕ ေအးဂ်င့္ Sergio Zarate က မာတီနက္စ္နဲ႔ ဘာစီလိုနာၾကာင္း အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး ေျဖဆိုရာမွာ “ ေျပာင္းျဖစ္ဖို႔ အလားအလာ အရမ္းကို ၾကီးမားပါတယ္။ သူက ကစားးသမားေကာင္းျဖစ္ျပီး အင္တာမွာပဲ ေနဖို႔က သူ႔ရဲ႕ အျမင့္ဆံုးေသာ ရည္ရြယ္ခ်ယ္ မဟုတ္ပါဘူး။

သူ႔ကို စီမံေနတဲ့သူေတြ ရွိေပမယ့္ ကစားသမားကပဲ ဘယ္ကို ေျပာင္းေရႊ႔မယ္ဆိုတာကို ဆံုးျဖတ္ရမွာပါ။ ဘာစီလိုနာမွာက မက္ဆီရွိတယ္၊ အေကာင္းဆံုး ကစားသမားနဲ႔ ေဘးခ်င္းယွဥ္္ ကစားဖို႔ မာတီနက္စ္ကလည္း ဆႏၵရွိတယ္လို႔ က်ေနာ္ ထင္ပါတယ္။ အင္တာက သူတို႔ အလိုရွိတဲ့အတိုင္း ေတာင္းဆိုႏုိင္ေပမယ့္ ေစ်းကြက္စည္မ်ဥ္းေတြလည္း ရွိပါတယ္။

ဥေရာပ အင္အားၾကီး အသင္းေတြက သူတို႔ အလိုရွိတဲ့ ကစားသမားကို အလိုရွိခ်ိန္တိုင္း အရာအားလံုး ၾကိဳးစားေလး ရွိပါတယ္။ အခုခ်ိန္မွာ အေရးၾကီးဆံုးက ဘယ္ဂ်ာစီကို ဝတ္မလဲ မဟုတ္ေသးပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။