အိုင်ကာဒီကို အမှန်တကယ် စိတ်ဝင်စားရင် ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိလာမယ့် ချယ်ဆီး

ချယ်ဆီးဟာ အပြောင်းအရွှေ့မှာ တိုက်စစ်သမား ရှာဖွေနေတာဖြစ်ပြီး ဦးစားပေး ပစ်မှတ်အဖြစ် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို ရွေးချယ်ထားတယ်လို့ သတင်းထွက်နေတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ချယ်ဆီးဟာ ပီအက်ဂျီတိုက်စစ်သမား ကာဗာနီကို ချိတ်ဆက်မှု ရှိခဲ့သလို လိုက်ဇစ် တိုက်စစ်သမား ဝါနာအတွက် ကြိုးပမ်းမှုတွေလည်း ရှိထားတယ်။ ဒါ့အပြင် ချယ်ဆီးရဲ့ ပစ်မှတ်တွေထဲမှာ စီးရီးအေကလပ် အင်တာမီလန်ကနေ ပြင်သစ်ကလပ် ပီအက်ဂျီကို အငှားလာကစားနေတဲ့ အိုင်ကာဒီလည်း ပါဝင်နေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းမှာတော့ အင်တာမီလန် လက်ထောက် ဥက္ကဌဖြစ်သူ ဇာနက်တီက အာဂျင်တီးနား တိုက်စစ်သမားကို လာမယ့်ရာသီ စီးရီးအေကို ပြန်ခေါ်ဖို့ မသေချာဘူးလို့ ထုတ်ပြောလိုက်တာဖြစ်တယ်။ ပီအက်ဂျီကိုယ်တိုင်ကလည်း အခြားသော ပစ်မှတ်တွေ ရှိနေတာကြောင့် အိုင်ကာဒီကို အပြီးသတ် ခေါ်ယူဖို့ မသေချာသေးတာဖြစ်ပါတယ်။

ဇာနက်တီက ” အိုင်ကာဒီအကြောင်း မသိသေးပါဘူး။ အသင်းထံ ပြန်လာမယ်တော့ မထင်ဘူး။ ဒါပေမယ့် အခုချိန်က ဈေးကွက်အကြောင်းတွေ ပြောနေလို့ မရသေးပါဘူး။ အရေးကြီးဆုံးက ကျန်းမာရေးဖြစ်ပြီး အဲ့တာပြီးမှပဲ ဈေးကွက်အကြောင်းနဲ့ ကစားသမားတွေအကြောင်း ပြောလို့ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အိုင်ကာဒီရဲ့ ဇနီးဖြစ်သူကတော့ ပြင်သစ်ကလပ် အိုင်ကာဒီကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ပဲ နွေမှာ မိခင်ကလပ်ကို ပြန်ပို့မယ်လို့ ပြောဆိုထားတယ်။ လီဂူးဝမ်းမှာ ၂၆ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူထားတဲ့ အာဂျင်တီးနား တိုက်စစ်သမားကို ချယ်ဆီးက အမှန်တကယ် စိတ်ဝင်စားမယ်ဆိုရင် ဒီနွေမှာ အခွင့်အရေး ရလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔မွာ တိုက္စစ္သမား ရွာေဖြေနတာျဖစ္ျပီး ဦးစားေပး ပစ္မွတ္အျဖစ္ လိုင္ယြန္တိုက္စစ္မွဴး ဒမ္ဘီလီကို ေရြးခ်ယ္ထားတယ္လို႔ သတင္းထြက္ေနတာပါ။

ဒါေပမယ့္ ျပီးခဲ့တဲ့ ဇန္နဝါရီမွာ ခ်ယ္ဆီးဟာ ပီအက္ဂ်ီတိုက္စစ္သမား ကာဗာနီကို ခ်ိတ္ဆက္မႈ ရွိခဲ့သလို လိုက္ဇစ္ တိုက္စစ္သမား ဝါနာအတြက္ ၾကိဳးပမ္းမႈေတြလည္း ရွိထားတယ္။ ဒါ့အျပင္ ခ်ယ္ဆီးရဲ႕ ပစ္မွတ္ေတြထဲမွာ စီးရီးေအကလပ္ အင္တာမီလန္ကေန ျပင္သစ္ကလပ္ ပီအက္ဂ်ီကို အငွားလာကစားေနတဲ့ အုိင္ကာဒီလည္း ပါဝင္ေနပါတယ္။

ထြက္ေပၚလာတဲ့ သတင္းမွာေတာ့ အင္တာမီလန္ လက္ေထာက္ ဥကၠဌျဖစ္သူ ဇာနက္တီက အာဂ်င္တီးနား တိုက္စစ္သမားကို လာမယ့္ရာသီ စီးရီးေအကို ျပန္ေခၚဖို႔ မေသခ်ာဘူးလို႔ ထုတ္ေျပာလိုက္တာျဖစ္တယ္။ ပီအက္ဂ်ီကိုယ္တိုင္ကလည္း အျခားေသာ ပစ္မွတ္ေတြ ရွိေနတာေၾကာင့္ အိုင္ကာဒီကို အျပီးသတ္ ေခၚယူဖို႔ မေသခ်ာေသးတာျဖစ္ပါတယ္။

ဇာနက္တီက ” အိုင္ကာဒီအေၾကာင္း မသိေသးပါဘူး။ အသင္းထံ ျပန္လာမယ္ေတာ့ မထင္ဘူး။ ဒါေပမယ့္ အခုခ်ိန္က ေစ်းကြက္အေၾကာင္းေတြ ေျပာေနလို႔ မရေသးပါဘူး။ အေရးၾကီးဆံုးက က်န္းမာေရးျဖစ္ျပီး အဲ့တာျပီးမွပဲ ေစ်းကြက္အေၾကာင္းနဲ႔ ကစားသမားေတြအေၾကာင္း ေျပာလို႔ရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အိုင္ကာဒီရဲ႕ ဇနီးျဖစ္သူကေတာ့ ျပင္သစ္ကလပ္ အိုင္ကာဒီကို အျပီးသတ္ ေခၚယူမွာ မဟုတ္ပဲ ေႏြမွာ မိခင္ကလပ္ကို ျပန္ပို႔မယ္လုိ႔ ေျပာဆိုထားတယ္။ လီဂူးဝမ္းမွာ ၂၆ ပြဲကစားျပီး ၁၇ ဂိုး သြင္းယူထားတဲ့ အာဂ်င္တီးနား တိုက္စစ္သမားကို ခ်ယ္ဆီးက အမွန္တကယ္ စိတ္ဝင္စားမယ္ဆိုရင္ ဒီေႏြမွာ အခြင့္အေရး ရလာဖြယ္ ရွိေနတာ ျဖစ္ပါတယ္။