ကိုရိုနာ တိုက်ဖျက်မှုအတွက် ဆေးရုံလှူဒါန်းလိုက်တဲ့ ချယ်ဆီးဂန္တဝင်ကြီး ဒရော့ဘာ
ချယ်ဆီးဂန္တဝင်ကြီး ဒရော့ဘာဟာ အိုင်ဗရီကိုစစ့် မြို့တော် အာဘင်ဂျမ်မှာ ကိုရိုနာ တိုက်ဖျက်မှုတွေအတွက် သူ့ရဲ့ ဆေးရုံကို အသုံးပြုဖို့ ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အိုင်ဗရီကိုစ့်မှာ ပိုတွေးသူ ၅၃၃ ဦးထိရှိပြီး ၄ ဦး သေးဆုံးခဲ့ပြီဖြစ်ကာ outbreak ဖြစ်လာနေပြီဖြစ်ကြောင်း စာရင်းသွင်းခံထားရပြီဖြစ်ပါတယ်။ ဒရော့ဘာက သူပိုင် Laurent Pokou ကို ကိုရိုနာ တိုက်ဖျက်မှု အရေးပေါ် အခြေအနေအတွက် အသုံးပြုခွင့်ပေးတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အသုံးပြုခွင့် မရသေးပါဘူး။
မြို့တော်ကောင်စီ အကြီးအကဲက အခုလို ခွင့်ပေးတာအတွက် ဒရော့ဘာကို ကျေးဇူးတင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒရော့ဘာရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ သူဌေးဟောင်းဖြစ်သူ ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ် လုပ်ဆောင်ခဲ့သလိုပဲ လူတွေရဲ့ အသက်အန္တရာယ်ကို ကြိုးစားပေးနေတဲ့ ကျန်းမာရေး ဝန်းထမ်းတွေအတွက် တစ်ဘက်တစ်လှမ်းမှ ကူညီပေးမှု ဖြစ်ပါတယ်။
လန်ဒန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ကာကွယ်မှုကို ပူးပေါင်း ပါဝင်တဲ့ အနေနဲ့ ချယ်ဆီးအသင်းဟာ ကလပ်အသင်းပိုင် Millennium Hotel ဟိုတယ်ကို National Health Service (NHS) ကို အသုံးပြုခွင့်ပေးခဲ့ပြီဖြစ်တယ်။ အသုံးပြုခွင့်ပေးမယ့် ကာလက နှစ်လဖြစ်ပြီး လိုအပ်လာရင် ထပ်မံပြီးလည်း စီစဉ်ပေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
များစွာသော ကျန်းမာရေးဝန်ထမ်းတွေဟာ ခရီးဝေးတွေကနေ အသွားအပြန် လုပ်နေရခြင်းကြောင့် အိမ်ပြန်နိုင်ခြင်း မရှိသလို ဒီကူညီမှုအရ ၎င်းတို့ရဲ့ ခရီးချိန် ကြာရှည်မှုကို အထောက်အကူဖြစ်စေဖို့ မျှော်လင့်ရတာဖြစ်တယ်။ ခက်ခဲတဲ့ ကာလတွေအတွင်း ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ကယ်တင်မှုတွေကို အကူအညီဖြစ်ဖို့ ရည်ရွယ်ပါတယ်။
ချယ်ဆီးအသင်းဟာ ကလပ်ရဲ့ ဘောလုံးသမား မဟုတ်တဲ့ ဝန်ထမ်းတွေကို လုပ်ခ အပြည့်ပေးဖို့ကိုလည်း လုပ်ဆောင်ထားတဲ့ အသင်းဖြစ်ပါတယ်။
ZAWGYI