မန်နေဂျာလမ်းပတ်ကို လီဗာပူးနည်းလမ်းအတိုင်း ဦးဆောင်ခွင့်ပေးဖို့ ချယ်ဆီးကို တိုက်တွန်းမှု

ချယ်ဆီးကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်း Glenn Hoddle က လမ်းပတ်ကို လီဗာပူးက ကလော့ပ်ကို ဆက်ဆံတဲ့ နည်းအတိုင်း ကောင်းမွန်စွာ ဆက်ဆံဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။

မန်နေဂျာလမ်းပတ်ဟာ စတမ်းဖိုဒ်ဘရစ်ကို ရောက်စမှာ ပရိသတ်တွေထံက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရပေမယ့် နောက်ပိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်လွန်းတာပါ။ Hoddle က ကလော့ပ်ရဲ့ လမ်းညွှန်မှုကို လီဗာပူးပရိသတ်တွေ လိုက်ပါဆောင်ရွက်မှုနဲ့ ဂျာမာန်သားအတွက် ကလပ်ရဲ့ ပံ့ပိုးပေးမှုတွေကို အတုယူဖို့ ချယ်ဆီးကို တိုက်တွန်းလိုက်တာဖြစ်တယ်။

” လီဗာပူးက ကလော့ပ်ကို ဆက်ဆံသလိုပဲ ချယ်ဆီးကလည်း လမ်းပတ်ကို ဆက်ဆံရပါမယ်။ လမ်းပတ်ကို အချိန်ပေးရမယ်၊ သူလိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူခွင့် ပေးရပါမယ်။ လမ်းပတ်က ရှင်းလင်းတဲ့ လမ်းကြောင်းနဲ့ ရှင်းလင်းတဲ့ ပြောဆို ဆက်သွယ်မှုတွေ လိုပါတယ်။ အတိတ်မှာတုန်းက အဲ့မျိုးတွေ မရှိခဲ့ဘူးလို့ ထင်ပါတယ်။

ကျနော်က ချယ်ဆီးပရိသတ်ဆိုရင် ချယ်ဆီးအတွက် မှန်ကန်တဲ့ ဦးဆောင်သူတစ်ဦး ရှိနေပြီလို့ ထင်ပါတယ်။ အခြေအနေတွေ အောက်မှာပဲ လမ်းပတ်က အလုပ်ကို အကောင်းဆုံး လုပ်နေပြီး အနာဂတ်က အရမ်းကို တောက်ပနေပါတယ်။ ” လို့ ‘The Boss – Chelsea managers from Ted Drake to Frank Lampard’ စာအုပ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ လီဗာပူးကို ရောက်ခဲ့တဲ့ ကလော့ပ်ဟာ သူ့ရဲ့ ကစားဟန်ကို ရဖို့ လေးနှစ်ခွဲ အချိန်ယူခဲ့ရသလို အဓိက ကစားသမား ကော်တင်ညိုကို ရောင်းထုတ်လို့ရတဲ့ ပြောင်းရွှေ့ကြေးကိုလည်း အလုံးစုံ အသုံးပြုခွင့် ရခဲ့တာဖြစ်တယ်။ လမ်းပတ်ဟာ ဈေးကွက် ပိတ်ခံထားရတာကြောင့် ကစားသမား ခေါ်ယူခွင့် မရဖြစ်ခဲ့ပေမယ့် ဒီနွေမှာ ဟာဇက်ကို ရောင်းချထားတဲ့ ငွေကြေးနဲ့အတူ အသုံးစရိတ် သန်း ၁၅၀ လောက်ကို သုံးခွင့်ရဖို့ မျှော်လင့်ခံထားရပါတယ်။

ZAWGYI

ခ်ယ္ဆီးကစားသမားေဟာင္းနဲ႔ မန္ေနဂ်ာေဟာင္း Glenn Hoddle က လမ္းပတ္ကို လီဗာပူးက ကေလာ့ပ္ကို ဆက္ဆံတဲ့ နည္းအတိုင္း ေကာင္းမြန္စြာ ဆက္ဆံဖို႔ အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ စတမ္းဖိုဒ္ဘရစ္ကို ေရာက္စမွာ ပရိသတ္ေတြထံက ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရေပမယ့္ ေနာက္ပိုင္းမွာ ေဝဖန္မႈေတြ ျမင့္တက္လြန္းတာပါ။ Hoddle က ကေလာ့ပ္ရဲ႕ လမ္းညႊန္မႈကို လီဗာပူးပရိသတ္ေတြ လိုက္ပါေဆာင္ရြက္မႈနဲ႔ ဂ်ာမာန္သားအတြက္ ကလပ္ရဲ႕ ပံ့ပိုးေပးမႈေတြကို အတုယူဖို႔ ခ်ယ္ဆီးကို တိုက္တြန္းလိုက္တာျဖစ္တယ္။

” လီဗာပူးက ကေလာ့ပ္ကို ဆက္ဆံသလိုပဲ ခ်ယ္ဆီးကလည္း လမ္းပတ္ကို ဆက္ဆံရပါမယ္။ လမ္းပတ္ကို အခ်ိန္ေပးရမယ္၊ သူလိုခ်င္တဲ့ ကစားသမားေတြကို ေခၚယူခြင့္ ေပးရပါမယ္။ လမ္းပတ္က ရွင္းလင္းတဲ့ လမ္းေၾကာင္းနဲ႔ ရွင္းလင္းတဲ့ ေျပာဆို ဆက္သြယ္မႈေတြ လိုပါတယ္။ အတိတ္မွာတုန္းက အဲ့မ်ိဳးေတြ မရွိခဲ့ဘူးလို႔ ထင္ပါတယ္။

က်ေနာ္က ခ်ယ္ဆီးပရိသတ္ဆိုရင္ ခ်ယ္ဆီးအတြက္ မွန္ကန္တဲ့ ဦးေဆာင္သူတစ္ဦး ရွိေနျပီလို႔ ထင္ပါတယ္။ အေျခအေနေတြ ေအာက္မွာပဲ လမ္းပတ္က အလုပ္ကို အေကာင္းဆံုး လုပ္ေနျပီး အနာဂတ္က အရမ္းကို ေတာက္ပေနပါတယ္။ ” လို႔ ‘The Boss – Chelsea managers from Ted Drake to Frank Lampard’ စာအုပ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

၂၀၁၅ ခုနွစ္မွာ လီဗာပူးကို ေရာက္ခဲ့တဲ့ ကေလာ့ပ္ဟာ သူ႔ရဲ႕ ကစားဟန္ကို ရဖို႔ ေလးႏွစ္ခြဲ အခ်ိန္ယူခဲ့ရသလို အဓိက ကစားသမား ေကာ္တင္ညိဳကို ေရာင္းထုတ္လို႔ရတဲ့ ေျပာင္းေရႊ႔ေၾကးကိုလည္း အလံုးစံု အသံုးျပဳခြင့္ ရခဲ့တာျဖစ္တယ္။ လမ္းပတ္ဟာ ေစ်းကြက္ ပိတ္ခံထားရတာေၾကာင့္ ကစားသမား ေခၚယူခြင့္ မရျဖစ္ခဲ့ေပမယ့္ ဒီေႏြမွာ ဟာဇက္ကို ေရာင္းခ်ထားတဲ့ ေငြေၾကးနဲ႔အတူ အသံုးစရိတ္ သန္း ၁၅၀ ေလာက္ကို သံုးခြင့္ရဖို႔ ေမွ်ာ္လင့္ခံထားရပါတယ္။