ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် နာပိုလီ တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ကလပ်များ အပြိုင် ချိတ်ဆက်

ပရီးမီးယားလိဂ်မှ လန်ဒန်အခြေစိုက် နှစ်သင်းဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ နာပိုလီ တိုက်စစ်မှူး ဒရိုင်းစ်မာတင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တည်းက ဒရိုင်းစ်မာတင်ကို နှစ်သင်းလုံးက ချိတ်ဆက်ခဲ့ဖူးပြီး လောလောဆယ်မှာ နာပိုလီနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိနိုင်တော့မယ့် မာတင်ကို ဆက်လက် စောင့်ကြည့်နေကြပါတယ်။ အသက် ၃၂ နှစ် အရွယ် ဘယ်လ်ဂျီယံသားကို ယူနိုက်တက်ကလည်း ဆက်သွယ်ခဲ့ပါတယ်။

ဒါပေမယ့် လတ်တလောမှာ ဆက်လက် ခေါ်ယူလိုဆဲ ဖြစ်နေတာက ချယ်ဆီးနဲ့ အာဆင်နယ်သာ ဖြစ်ပြီး ခက်သွက်သွက် လှုပ်ရှားရင် နောက် ဘောလုံးရာသီ မတိုင်ခင် ခပ်စောစော သဘောတူညီမှု ရရှိနိုင်မှာပါ။ မာတင်ကို အင်တာမီလန်အသင်းကလည်း ချိတ်ဆက်နေပါတယ်။

အထောင် တိုက်စစ်ရော တောင်ပံတိုက်စစ်ရော ကစားနိုင်တဲ့ မာတင်ကို တိုက်စစ်သမား အများအပြား လက်လွှတ်ရဖွယ် ရှိတဲ့ ချယ်ဆီးကလည်း လိုအပ်နေသလို အာဆင်နယ်ကလည်း အူဘာမီးယန်း အနေအထား မသေချာတာကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ဝါရင့်တိုက်စစ်မှူးမျိုး အကြိုက်တွေ့နေပါတယ်။

ဒရိုင်းစ် မာတင်က နာပိုလီအတွက် လက်ရှိ ဘောလုံးရာသီမှာ ၂၉ ပွဲ ကစားပြီး ၁၂ ဂိုး ကိုယ်တိုင်သွင်းကာ ၆ ဂိုး ဖန်တီးထားပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက်လည်း ၎င်းက ပွဲ ၉၀ ပါဝင်ကစား ထားပြီး ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ လန္ဒန္အေျခစိုက္ နွစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္အသင္းတို႔ဟာ နာပိုလီ တိုက္စစ္မွဴး ဒရိုင္းစ္မာတင္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕တည္းက ဒရိုင္းစ္မာတင္ကို နွစ္သင္းလံုးက ခ်ိတ္ဆက္ခဲ့ဖူးျပီး ေလာေလာဆယ္မွာ နာပိုလီနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္လို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရရွိနိုင္ေတာ့မယ့္ မာတင္ကို ဆက္လက္ ေစာင့္ၾကည့္ေနၾကပါတယ္။ အသက္ ၃၂ နွစ္ အရြယ္ ဘယ္လ္ဂ်ီယံသားကို ယူနိုက္တက္ကလည္း ဆက္သြယ္ခဲ့ပါတယ္။

ဒါေပမယ့္ လတ္တေလာမွာ ဆက္လက္ ေခၚယူလိုဆဲ ျဖစ္ေနတာက ခ်ယ္ဆီးနဲ႕ အာဆင္နယ္သာ ျဖစ္ျပီး ခက္သြက္သြက္ လႈပ္ရွားရင္ ေနာက္ ေဘာလံုးရာသီ မတိုင္ခင္ ခပ္ေစာေစာ သေဘာတူညီမႈ ရရွိနုိင္မွာပါ။ မာတင္ကို အင္တာမီလန္အသင္းကလည္း ခ်ိတ္ဆက္ေနပါတယ္။

အေထာင္ တိုက္စစ္ေရာ ေတာင္ပံတိုက္စစ္ေရာ ကစားနုိင္တဲ့ မာတင္ကို တိုက္စစ္သမား အမ်ားအျပား လက္လႊတ္ရဖြယ္ ရွိတဲ့ ခ်ယ္ဆီးကလည္း လိုအပ္ေနသလို အာဆင္နယ္ကလည္း အူဘာမီးယန္း အေနအထား မေသခ်ာတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနိုင္မယ့္ ၀ါရင့္တိုက္စစ္မွဴးမ်ိဳး အၾကိဳက္ေတြ႔ေနပါတယ္။

ဒရိုင္းစ္ မာတင္က နာပိုလီအတြက္ လက္ရွိ ေဘာလံုးရာသီမွာ ၂၉ ပြဲ ကစားျပီး ၁၂ ဂိုး ကိုယ္တိုင္သြင္းကာ ၆ ဂိုး ဖန္တီးထားပါတယ္။ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ အသင္းအတြက္လည္း ၄င္းက ပြဲ ၉၀ ပါ၀င္ကစား ထားျပီး ျဖစ္ပါတယ္။