ချယ်ဆီးပစ်မှတ်ကို ဈေးပေါပေါနဲ့ ရောင်းထုတ်ရဖွယ် ရှိလာတဲ့ အေစီမီလန်

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ဂိုးသမား ဒိုနာရူမာကို အေစီမီလန်ဟာ လတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ်အကြပ်အတည်းနဲ့ စာချုပ် အနေအထားအရ ဈေးချိုချိုနဲ့ ရောင်းထုတ်ရဖွယ် ရှိနေကြောင်း အီတလီသတင်းများမှာ ဖော်ပြလာပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဂိုးသမား ဒိုနာရူမာရဲ့ အေစီမီလန်နဲ့ လက်ရှိ စာချုပ်က တစ်နှစ်သာ ကျန်ရှိပါတယ်။ အေစီမီလန် ဘက်ကတော့ သက်တမ်း တိုးလိုပေမယ့် သဘောတူညီမှု မရသေးဘဲ အခက်တွေ့နေတာပါ။

ဒီလိုမျိုး အခက်အခဲမျိုုး လွန်ခဲ့တဲ့ လေးနှစ်ကလည်း ကြုံဖူးခဲ့ပြီး အေးဂျင့် ရွိုင်းအိုလာက သူ့ ကစားသမားတွေကို အသုံးချကာ ဈေးကစားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတကြိမ်မှာ ဒိုနာရူမာကို သက်တမ်းတိုး မရရင်တော့ မီလန်က ၎င်းကို ရောင်းချပြီး အခြား အစားထိုးဖို့ ရှာဖွေလိုနေပါတယ်။

ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတဲ့ အပြင် အပြောင်းအရွှေ့ ဈေးကွက်မှာလည်း ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိနေတာကြောင့် အေစီတို့ အခက်တွေ့နေပါတယ်။

ဒိုနာရူမာကို ချုပ်ကိုင်ဖို့ အေစီမီလန်မှာ အခွင့်အလမ်း နည်းနေတာက အမှန်ပါ။ ဒါကြောင့် ၎င်းကို ပြောင်းရွှေ့ကြေး ယူရို ၂၅-၃၀ သန်း ဝန်းကျင်လောက်နဲ့ လက်လွှတ်ရဖွယ် ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အီတလီသားဟာ အေစီမီလန်အတွက် ပွဲ ၁၉၀ ကစားထားပြီး လက်ရွေးစင် အသင်းမှာ ၁၆ ပွဲ ပါဝင်ထားရပြီး ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဂိုးသမားသစ် ရှာဖွေနေတဲ့ ချယ်ဆီး အတွက် အေစီ ဂိုးသမား ဒိုနာရူမာဟာ လက်စွမ်း အပြင် အသက်အရွယ် အရ၊ ပြောင်းရွှေ့ကြေး အရပါ အကြိုက်တွေ့မယ့် အနေအထားကောင်း ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ဂိုးသမား ဒိုနာရူမာကို ေအစီမီလန္ဟာ လတ္တေလာ ၾကံဳေတြ႔ေနရတဲ့ ကိုဗစ္အၾကပ္အတည္းနဲ႕ စာခ်ဳပ္ အေနအထားအရ ေစ်းခ်ိဳခ်ိဳနဲ႕ ေရာင္းထုတ္ရဖြယ္ ရွိေနေၾကာင္း အီတလီသတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

အသက္ ၂၁ နွစ္သာ ရွိေသးတဲ့ ဂိုးသမား ဒိုနာရူမာရဲ႕ ေအစီမီလန္နဲ႕ လက္ရွိ စာခ်ဳပ္က တစ္နွစ္သာ က်န္ရွိပါတယ္။ ေအစီမီလန္ဘက္ကေတာ့ သက္တမ္း တိုးလိုေပမယ့္ သေဘာတူညီမႈ မရေသးဘဲ အခက္ေတြ႔ေနတာပါ။

ဒီလိုမ်ိဳး အခက္အခဲမ်ိဳုး လြန္ခဲ့တဲ့ ေလးနွစ္ကလည္း ၾကံဳဖူးခဲ့ျပီး ေအးဂ်င့္ ရြိဳင္းအိုလာက သူ႔ ကစားသမားေတြကို အသံုးခ်ကာ ေစ်းကစားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီတၾကိမ္မွာ ဒိုနာရူမာကို သက္တမ္းတိုး မရရင္ေတာ့ မီလန္က ၄င္းကို ေရာင္းခ်ျပီး အျခား အစားထိုးဖို႔ ရွာေဖြလိုေနပါတယ္။

ဒါေပမယ့္ ကိုရိုနာ ဗိုင္းရပ္စ္ ပ်ံ႕ပြားမႈေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားရတဲ့ အျပင္ အေျပာင္းအေရႊ႕ ေစ်းကြက္မွာလည္း ဆိုး၀ါးတဲ့ သက္ေရာက္မႈေတြ ရွိေနတာေၾကာင့္ ေအစီတို႔ အခက္ေတြ႔ေနပါတယ္။

ဒိုနာရူမာကို ခ်ဳပ္ကုိင္ဖို႔ ေအစီမီလန္မွာ အခြင့္အလမ္း နည္းေနတာက အမွန္ပါ။ ဒါေၾကာင့္ ၄င္းကို ေျပာင္းေရႊ႕ေၾကး ယူရို ၂၅-၃၀ သန္း ၀န္းက်င္ေလာက္နဲ႕ လက္လႊတ္ရဖြယ္ ရွိတယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။

အီတလီသားဟာ ေအစီမီလန္အတြက္ ပြဲ ၁၉၀ ကစားထားျပီး လက္ေရြးစင္ အသင္းမွာ ၁၆ ပြဲ ပါ၀င္ထားရျပီး ျဖစ္ပါတယ္။ ေစ်းကြက္ထဲမွာ ဂိုးသမားသစ္ ရွာေဖြေနတဲ့ ခ်ယ္ဆီး အတြက္ ေအစီ ဂိုးသမား ဒိုနာရူမာဟာ လက္စြမ္း အျပင္ အသက္အရြယ္ အရ၊ ေျပာင္းေရႊ႕ေၾကး အရပါ အၾကိဳက္ေတြ႔မယ့္ အေနအထားေကာင္း ရွိေနပါတယ္။