အစားထိုးမှုအတွက် လိဂ်အကောင်းဆုံး ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လှုပ်ရှားနေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ကလပ်ရဲ့ ဘယ်ခြမ်းပြဿနာကို ဖြေရှင်းဖို့ လက်စတာဘယ်အစွန်လူ ဘမ်ချီဝဲလ်ကို ခေါ်ယူရေး ကိစ္စအား စတင် ကြံရွယ်နေပြီဖြစ်ကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ချယ်ဆီးဟာ ဘယ်အစွန်အတွက် ကစားသမားတွေ အများအပြားကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဦးစားပေးအဖြစ် ဘမ်ချီဝဲလ်ကို သက်မှတ်ထားတာပါ။ အင်္ဂလန်အစွန်လူအတွက် ပေါင် ၆၅ သန်းလောက်ထိ ကုန်ကျမှာဖြစ်လို့ တဲလက်စ် အပြင် အခြားသော ဈေးသက်သာမယ့် ပစ်မှတ်တွေကို စောင့်ကြည့်မှုတွေ ရှိနေတာဖြစ်တယ်။

နွေမှာတော့ အစွန်လူ အီမာဆန်ကို စီးရီးအေကလပ်တွေထံ ပြန်ရောင်းချတော့မှာဖြစ်ကာ အသက် ၂၅ နှစ်အရွယ် ကစားသမားကို ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့က ခေါ်ယူလိုနေတာဖြစ်တယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲပဲ ကစားထားရတဲ့ အီတလီသား ခံစစ်သမားဟာ အာဆင်နယ်နဲ့ သရေကျတဲ့ပွဲမှာ ဆိုးရွားတဲ့ ခံစစ်ပိုင်းစွမ်းရည် ရှိခဲ့တာကြောင့် မန်နေဂျာလမ်းပတ်က အလွန်ဆိုကိုပဲ ပြောင်းလဲ နေရာပေးခဲ့ပါတယ်။

အလွန်ဆို ကိုယ်တိုင်ကလည်း စီးရီးအေကလပ် အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတာပါ။ သူတို့နှစ်ဦးလုံးကို ရောင်းထုတ်နိုင်မယ်ဆိုရင် ပြောင်းရွှေ့ကြေး ပမာဏ တစ်ခုထိ ရမှာဖြစ်ခြင်းကြောင့် ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ ဘမ်ချီဝဲလ်ကိုပဲ ကမ်းလှမ်းမှုလုပ်ဖို့ ချယ်ဆီးဘက်က ဆန္ဒရှိကြောင့် ဒီမနက်သတင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဘမ်ချီဝဲလ်ဟာ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးပြီး လိဂ်ရဲ့ အကောင်းဆုံး ဘယ်အစွန်လူတွေထဲ ပါဝင်နေသူဖြစ်တယယ်။ သူ့ကို ခေါ်ယူဖို့ မန်စီးတီးကလည်း စိတ်ဝင်စားနေခြင်းဖြစ်ကာ ဈေးကွက်ထဲ အပြိုင် ကမ်းလှမ်းမှုတွေ ရှိမလာဘူးဆိုရင် ပေါင် သန်း ၅၀ လောက်နဲ့ လက်စတာအစွန်လူကို ခေါ်ယူနိုင်မယ်လို့ သိရတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ကလပ္ရဲ႕ ဘယ္ျခမ္းျပႆနာကို ေျဖရွင္းဖို႔ လက္စတာဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ကို ေခၚယူေရး ကိစၥအား စတင္ ၾကံရြယ္ေနျပီျဖစ္ေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ခ်ယ္ဆီးဟာ ဘယ္အစြန္အတြက္ ကစားသမားေတြ အမ်ားအျပားကို ေစာင့္ၾကည့္ခဲ့တာျဖစ္ျပီး ဦးစားေပးအျဖစ္ ဘမ္ခ်ီဝဲလ္ကို သက္မွတ္ထားတာပါ။ အဂၤလန္အစြန္လူအတြက္ ေပါင္ ၆၅ သန္းေလာက္ထိ ကုန္က်မွာျဖစ္လို႔ တဲလက္စ္ အျပင္ အျခားေသာ ေစ်းသက္သာမယ့္ ပစ္မွတ္ေတြကို ေစာင့္ၾကည့္မႈေတြ ရွိေနတာျဖစ္တယ္။

ေႏြမွာေတာ့ အစြန္လူ အီမာဆန္ကို စီးရီးေအကလပ္ေတြထံ ျပန္ေရာင္းခ်ေတာ့မွာျဖစ္ကာ အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားကို ဂ်ဴဗင္တပ္နဲ႔ နာပိုလီအသင္းတို႔က ေခၚယူလိုေနတာျဖစ္တယ္။ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲ ၁၃ ပြဲပဲ ကစားထားရတဲ့ အီတလီသား ခံစစ္သမားဟာ အာဆင္နယ္နဲ႔ သေရက်တဲ့ပြဲမွာ ဆိုးရြားတဲ့ ခံစစ္ပိုင္းစြမ္းရည္ ရွိခဲ့တာေၾကာင့္ မန္ေနဂ်ာလမ္းပတ္က အလြန္ဆိုကိုပဲ ေျပာင္းလဲ ေနရာေပးခဲ့ပါတယ္။

အလြန္ဆို ကိုယ္တိုင္ကလည္း စီးရီးေအကလပ္ အင္တာမီလန္အသင္းထံ ေျပာင္းေရႊ႔ဖို႔ ခ်ိတ္ဆက္ေနတာပါ။ သူတို႔ႏွစ္ဦးလံုးကို ေရာင္းထုတ္ႏုိင္မယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ပမာဏ တစ္ခုထိ ရမွာျဖစ္ျခင္းေၾကာင့္ ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ ဘမ္ခ်ီဝဲလ္ကိုပဲ ကမ္းလွမ္းမႈလုပ္ဖို႔ ခ်ယ္ဆီးဘက္က ဆႏၵရွိေၾကာင့္ ဒီမနက္သတင္းမွာ ပါဝင္လာခဲ့ပါတယ္။

ဘမ္ခ်ီဝဲလ္ဟာ အသက္ ၂၃ ႏွစ္အရြယ္ပဲ ရွိေသးျပီး လိဂ္ရဲ႕ အေကာင္းဆံုး ဘယ္အစြန္လူေတြထဲ ပါဝင္ေနသူျဖစ္တယယ္။ သူ႔ကို ေခၚယူဖို႔ မန္စီးတီးကလည္း စိတ္ဝင္စားေနျခင္းျဖစ္ကာ ေစ်းကြက္ထဲ အျပိဳင္ ကမ္းလွမ္းမႈေတြ ရွိမလာဘူးဆိုရင္ ေပါင္ သန္း ၅၀ ေလာက္နဲ႔ လက္စတာအစြန္လူကို ေခၚယူႏုိင္မယ္လို႔ သိရတာျဖစ္ပါတယ္။