မထင်မှတ်ဘဲ အရောင်းစာရင်း တင်ခံရတော့မယ့် ချယ်ဆီး ကွင်းလယ်ကစားသမား

ချယ်ဆီးအသင်းဟာ ပရိသတ် အချစ်တော် ကွင်းလယ်ကစားသမား ဖြစ်တဲ့ အန်ဂိုလို ကန်တေကို ရောင်းချရန် ပြင်ဆင်နေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ခံစစ်သမားတွေထဲ ပါဝင်သူ အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကန်တေကို ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်သီးအသင်းတွေက စောင့်ကြည့်နေကြပါတယ်။ ကန်တေရဲ့ ခြေစွမ်းက ကောင်းမွန်ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပြီး ပုံမှန် ပါဝင်ခွင့်ရဖို့ အချိန်ပြန်ယူနေရပါတယ်။

ကန်တေကို အသက်အရွယ်အရ အသင်းမှာ ရေရှည် ကစားနိုင်စေဖို့ မသေချာတဲ့ အပြင် ချယ်ဆီးနည်းပြ လမ်းပတ်ကလည်း လူငယ်တွေကိုသာ ပို နေရာပေးလိုတာကြောင့် ပြောင်းရွှေ့ကြေးကောင်း ရရှိနိုင်ချိန်မှာ ရောင်းချရန် စီစဉ်လာခဲ့ကြတာပါ။ ကန်တေနဲ့ ချယ်ဆီးအသင်းတို့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူ အချို့ကတော့ ချယ်ဆီးအသင်းဟာ ကန်တေ တန်ကြေးကို ယူရို သန်း ၉၀ လောက် တောင်းဆိုနိုင်တယ် ခန့်မှန်းထားပြီး အသက်အရွယ်ကောင်း ရောက်နေပြီ ဖြစ်တဲ့ ကန်တေကို ထိုပမာဏ ပေးလိုကြပါ့မလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ပြင်သစ်သား ကန်တေဟာ ချယ်ဆီး ကွင်းလယ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး လေးနှစ် အတွင်း ချယ်ဆီးအတွက် ၁၆၄ ပွဲထိ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီမှာတော့ ချယ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၁၈ပွဲအထိ ကစားထားခဲ့ပြီး ၃ဂိုး သွင်းယူပေးထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပရိသတ္ အခ်စ္ေတာ္ ကြင္းလယ္ကစားသမား ျဖစ္တဲ့ အန္ဂိုလို ကန္ေတကို ေရာင္းခ်ရန္ ျပင္ဆင္ေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္ခံစစ္သမားေတြထဲ ပါ၀င္သူ အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ကန္ေတကို ေခၚယူဖို႔ ရီးရဲလ္ မက္ဒရစ္နဲ႕ ပီအက္စ္ဂ်ီတို႔လို ထိပ္သီးအသင္းေတြက ေစာင့္ၾကည့္ေနၾကပါတယ္။ ကန္ေတရဲ႕ ေျခစြမ္းက ေကာင္းမြန္ေပမယ့္ ေနာက္ပိုင္းမွာ ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနရျပီး ပံုမွန္ ပါ၀င္ခြင့္ရဖို႔ အခ်ိန္ျပန္ယူေနရပါတယ္။

ကန္ေတကို အသက္အရြယ္အရ အသင္းမွာ ေရရွည္ ကစားနုိင္ေစဖို႔ မေသခ်ာတဲ့ အျပင္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကလည္း လူငယ္ေတြကိုသာ ပို ေနရာေပးလိုတာေၾကာင့္ ေျပာင္းေရႊ႕ေၾကးေကာင္း ရရွိနိုင္ခ်ိန္မွာ ေရာင္းခ်ရန္ စီစဥ္လာခဲ့ၾကတာပါ။ ကန္ေတနဲ႕ ခ်ယ္ဆီးအသင္းတို႔ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ မွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

ကၽြမး္က်င္သူ အခ်ိဳ႕ကေတာ့ ခ်ယ္ဆီးအသင္းဟာ ကန္ေတ တန္ေၾကးကို ယူရို သန္း ၉၀ ေလာက္ ေတာင္းဆိုနုိင္တယ္ ခန္႔မွန္းထားျပီး အသက္အရြယ္ေကာင္း ေရာက္ေနျပီ ျဖစ္တဲ့ ကန္ေတကို ထိုပမာဏ ေပးလိုၾကပါ့မလားကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

အသက္ ၂၉ နွစ္ အရြယ္ ျပင္သစ္သား ကန္ေတဟာ ခ်ယ္ဆီး ကြင္းလယ္ရဲ႕ အဓိက ကစားသမား တစ္ဦး ျဖစ္ျပီး ေလးနွစ္ အတြင္း ခ်ယ္ဆီးအတြက္ ၁၆၄ ပြဲထိ ပါဝင္ကစားေပးထားသူ ျဖစ္ပါတယ္။ လက္ရွိေဘာလုံးရာသီမွာေတာ့ ခ်ယ္ဆီးအတြက္ ပရီးမီးယားလိဂ္ပြဲ ၁၈ပြဲအထိ ကစားထားခဲ့ၿပီး ၃ဂိုး သြင္းယူေပးထားပါတယ္။