ချယ်ဆီးအသင်းဖော်သစ် ဖြစ်လာမယ့် ဇီယက်ကို မျှော်နေတဲ့ မေဆန်မောင့်

ချယ်ဆီးအသင်းက နောက်ဘောလုံးရာသီအတွက် ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရရှိထားပြီး ဖြစ်တဲ့ အေဂျက် ကွင်းလယ်တိုက်စစ်သမား ဇီယက်ကို မေဆန်မောင့်က ဟော်လန်အမှတ်ပေးလိဂ်မှာ အငှား သွားရောက် ကစားစဉ်က ဆုံဖူးခဲ့ပြီး ဖြစ်ပါတယ်။ မောင့်က ဇီယက်နဲ့ အတူ အမြန်ဆုံးပဲ တွဲ လေ့ကျင့် ကစားချင်နေပြီ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဖေဖော်ဝါရီလထဲမှာ ဇီယက်နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ လာရောက် ပူးပေါင်းဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်တွေ ရပ်နားကာ လိဂ်တွေ အဆုံးသတ်ဖို့ ရက်ရွှေ့ခံထားရတာကြောင့် ချယ်ဆီး အသင်းထံ လာရောက် ပူးပေါင်းဖို့မှာ နောက်ကျဖွယ် ရှိနေပါတယ်။

မေဆန်မောင့်ကတော့ Vitesse မှာ အငှား ထွက်ကစားစဉ်က ဇီယက်နဲ့ ရင်ဆိုင်ဖူးပြီး အခုလို အသင်းဖော် အဖြစ် ပြန်ဆုံတော့မှာ အတွက် စိတ်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ထိပ်တန်း ကစားသမားကောင်း တစ်ယောက် ခေါ်နိုင်ခဲ့တာ ဖြစ်တယ်လို့ မောင့်က ယုံကြည်နေပါတယ်။

” ဇီယက်နဲ့ အတူ တွဲကစားဖို့ ကျနော်လည်း မျှော်လင့်နေတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကျနော် ဟော်လန်မှာ အငှား ကစားဖြစ်ခဲ့တော့ သူ့အကြောင်း နည်းနည်း သိခဲ့တယ်။ သူ ဘယ်လောက် ကောင်းတဲ့ ကစားသမား ဖြစ်တယ်ဆိုတာပေါ့။

အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး နောက်ထပ် ရောက်လာမယ်ဆိုတာက လုံး၀ ပျော်စရာပါ။ သူနဲ့ အတူ အလုပ်တွဲလုပ်ဖို့၊ အတူလေ့ကျင့်ဖို့ရော အတူ တွဲကစားနိုင်ဖို့ပါ မျှော်လင့်ချက်တွေ အများကြီး ရှိထားပါတယ်။ ” လို့ မောင့်က ပြောဆိုခဲ့ပါတယ်။

အကြို သဘောတူညီမှု အရ ဇူလိုင် ၁ ရက်နေ့မှာ ဇီယက်က ချယ်ဆီး ကစားသမား ဖြစ်လာမှာ ဖြစ်ပေမယ့် အခုအချိန်ထိ ဟော်လန် အမှတ်ပေးလိဂ် ရော ပရီးမီးယားလိဂ်ပါ ဘောလုံးရာသီကို အပြီးမသတ်နိုင်သေးဘဲ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းက ေနာက္ေဘာလံုးရာသီအတြက္ ေခၚယူဖို႔ ၾကိဳတင္သေဘာတူညီမႈ ရရွိထားျပီး ျဖစ္တဲ့ ေအဂ်က္ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကို ေမဆန္ေမာင့္က ေဟာ္လန္အမွတ္ေပးလိဂ္မွာ အငွား သြားေရာက္ ကစားစဥ္က ဆံုဖူးခဲ့ျပီး ျဖစ္ပါတယ္။ ေမာင့္က ဇီယက္နဲ႕ အတူ အျမန္ဆံုးပဲ တြဲ ေလ့က်င့္ ကစားခ်င္ေနျပီ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေဖေဖာ္၀ါရီလထဲမွာ ဇီယက္နဲ႕ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ျပီး ဇူလိုင္ ၁ ရက္ေန႕မွာ လာေရာက္ ပူးေပါင္းဖို႔ စီစဥ္ထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲစဥ္ေတြ ရပ္နားကာ လိဂ္ေတြ အဆံုးသတ္ဖို႔ ရက္ေရႊ႕ခံထားရတာေၾကာင့္ ခ်ယ္ဆီး အသင္းထံ လာေရာက္ ပူးေပါင္းဖို႔မွာ ေနာက္က်ဖြယ္ ရွိေနပါတယ္။

ေမဆန္ေမာင့္ကေတာ့ Vitesse မွာ အငွား ထြက္ကစားစဥ္က ဇီယက္နဲ႕ ရင္ဆိုင္ဖူးျပီး အခုလို အသင္းေဖာ္ အျဖစ္ ျပန္ဆံုေတာ့မွာ အတြက္ စိတ္လႈပ္ရွားေနျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ထိပ္တန္း ကစားသမားေကာင္း တစ္ေယာက္ ေခၚနုိင္ခဲ့တာ ျဖစ္တယ္လို႔ ေမာင့္က ယံုၾကည္ေနပါတယ္။

” ဇီယက္နဲ႕ အတူ တြဲကစားဖို႔ က်ေနာ္လည္း ေမွ်ာ္လင့္ေနတယ္။ လြန္ခဲ့တဲ့ နွစ္နွစ္က က်ေနာ္ ေဟာ္လန္မွာ အငွား ကစားျဖစ္ခဲ့ေတာ့ သူ႔အေၾကာင္း နည္းနည္း သိခဲ့တယ္။ သူ ဘယ္ေလာက္ ေကာင္းတဲ့ ကစားသမား ျဖစ္တယ္ဆိုတာေပါ့။

အသင္းမွာ ကမၻာ့အဆင့္ ကစားသမား တစ္ဦး ေနာက္ထပ္ ေရာက္လာမယ္ဆိုတာက လံုး၀ ေပ်ာ္စရာပါ။ သူနဲ႕ အတူ အလုပ္တြဲလုပ္ဖုိ႔၊ အတူေလ့က်င့္ဖို႔ေရာ အတူ တြဲကစားနုိင္ဖို႔ပါ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားၾကီး ရွိထားပါတယ္။ ” လို႔ ေမာင့္က ေျပာဆိုခဲ့ပါတယ္။

အၾကိဳ သေဘာတူညီမႈ အရ ဇူလိုင္ ၁ ရက္ေန႔မွာ ဇီယက္က ခ်ယ္ဆီး ကစားသမား ျဖစ္လာမွာ ျဖစ္ေပမယ့္ အခုအခ်ိန္ထိ ေဟာ္လန္ အမွတ္ေပးလိဂ္ ေရာ ပရီးမီးယားလိဂ္ပါ ေဘာလံုးရာသီကို အျပီးမသတ္နုိင္ေသးဘဲ ရွိေနပါတယ္။