ကာတာကို ရောက်ရှိခြင်း ဂိုးမက်စ် ဖာမင်နို မာနေးတို့နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကလပ္အသင္း ခံစစ္သမား ဂိုးမက္စ္ ပြဲထြက္ခြင့္ေတြ မရတာက သူ႔ရဲ႕ ငယ္ရြယ္တဲ့ အသက္အရြယ္ေၾကာင့္ မဟုတ္ပဲ ရစ္သမ္မွန္မွန္ ကစားႏုိင္ဖို႔ လိုအပ္မႈေၾကာင့္လို႔ ရွင္းျပပါတယ္။ ဒါေပမယ့္ ဗန္ဒိုက္ဟာ ဂိုးမက္စ္နဲ႔ဆို အေတာ္ေလး အတြဲညီတယ္လို႔ ထုတ္ေဖာ္ေျပာဆိုတယ္။

ကလပ္မ်ားကမၻာဖလားကို ယွဥ္ျပိဳင္ဖို႔ လီဗာပူးဟာ ကာတာရဲ႕ ဒိုဟာျမိဳ႕ကို ေရာက္ရွိခဲ့ျပီျဖစ္ပါတယ္။ ျပိဳင္ပြဲဝင္ အသင္းမ်ားအနက္ ေနာက္ဆံုးေရာက္ရွိသြားတာျဖစ္ျပီး ဒိုဟာမွ လီဗာပူးပရိသတ္မ်ား အသင္းနားေနမယ့္ ဟိုတယ္ကို လာေရာက္ျပီး ၾကိဳဆိုခဲ့ၾကပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ရံွဴးထြက္အဆင့္ျဖစ္တဲ့ ၁၆ သင္းအဆင့္နဲ႔ ရံွဴးထြက္ဆိုင္ရာ အဆင့္ေတြအတြက္ မဲခြဲမႈကို ဒီကေန႔ညမွာ ျပဳလုပ္မွာျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏို ေျခစြမ္းက်ဆင္းေနေၾကာင္း ေထာက္ျပမႈေတြ အမ်ားအျပား ေပၚထြက္ေနပါတယ္။ မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျပီး ကိုပါအေမရိကဖလားကို လက္ေရြးစင္အသင္းနဲ႔ ပါဝင္ခဲ့ရကာ နားရက္အနည္းငယ္ပဲ ရယူခဲ့ျပီး ရာသီၾကိဳကို ျပန္ပူးေပါင္းခဲ့ရမႈေတြေၾကာင့္ ဘရာဇီးသား ပြဲပမ္းေနတာ ျဖစ္ႏုိင္တယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြလည္း ရွိပါတယ္။

လီဗာပူးကြင္းလယ္လူ လယ္လာနာဟာ ဒီရာသီကုန္ရင္ အသင္းနဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္သမား မာေနးဟာ လက္ေရြးစင္အသင္းေဖာ္ ဆာကို အဂၤလန္ေျမမွာ အသားက်ဖို႔အတြက္ ဝတ္ဖိုဒ့္အသင္းမွ အသင္းေခါင္းေဆာင္ ဒီေနးအား ေကာင္းေလးက ရွက္ရြံ႔တတ္သူျဖစ္လုိ႔ ဂရုစိုက္ေပးပါလို႔ မ်က္ႏွာခ်င္းဆိုင္ ေတာင္းဆိုခဲ့မႈေၾကာင့္ ရိုးသားလွတဲ့ ကစားသမားဆိုျပီး ခ်ီးက်ဴးခံေနရပါတယ္။

လီဗာပူးအသင္း ေဆးအဖြဲ႔မွ Andrew Massey ဟာ ဖီဖာရဲ႕ ေဆးဘက္ဆိုင္ရာဒါရိုက္တာ ရာထူးကို တာဝန္ယူဖို႔ ၂၀၂၀ ခုႏွစ္ မတ္လ ၁ ရက္ေန႔မွာ အသင္းကေန ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။

UNICODE

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကလပ်အသင်း ခံစစ်သမား ဂိုးမက်စ် ပွဲထွက်ခွင့်တွေ မရတာက သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် မဟုတ်ပဲ ရစ်သမ်မှန်မှန် ကစားနိုင်ဖို့ လိုအပ်မှုကြောင့်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ဟာ ဂိုးမက်စ်နဲ့ဆို အတော်လေး အတွဲညီတယ်လို့ ထုတ်ဖော်ပြောဆိုတယ်။

ကလပ်များကမ္ဘာဖလားကို ယှဉ်ပြိုင်ဖို့ လီဗာပူးဟာ ကာတာရဲ့ ဒိုဟာမြို့ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းများအနက် နောက်ဆုံးရောက်ရှိသွားတာဖြစ်ပြီး ဒိုဟာမှ လီဗာပူးပရိသတ်များ အသင်းနားနေမယ့် ဟိုတယ်ကို လာရောက်ပြီး ကြိုဆိုခဲ့ကြပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ရံှူးထွက်အဆင့်ဖြစ်တဲ့ ၁၆ သင်းအဆင့်နဲ့ ရံှူးထွက်ဆိုင်ရာ အဆင့်တွေအတွက် မဲခွဲမှုကို ဒီကနေ့ညမှာ ပြုလုပ်မှာဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမင်နို ခြေစွမ်းကျဆင်းနေကြောင်း ထောက်ပြမှုတွေ အများအပြား ပေါ်ထွက်နေပါတယ်။ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ကိုပါအမေရိကဖလားကို လက်ရွေးစင်အသင်းနဲ့ ပါဝင်ခဲ့ရကာ နားရက်အနည်းငယ်ပဲ ရယူခဲ့ပြီး ရာသီကြိုကို ပြန်ပူးပေါင်းခဲ့ရမှုတွေကြောင့် ဘရာဇီးသား ပွဲပမ်းနေတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

လီဗာပူးကွင်းလယ်လူ လယ်လာနာဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးဟာ လက်ရွေးစင်အသင်းဖော် ဆာကို အင်္ဂလန်မြေမှာ အသားကျဖို့အတွက် ဝတ်ဖိုဒ့်အသင်းမှ အသင်းခေါင်းဆောင် ဒီနေးအား ကောင်းလေးက ရှက်ရွံ့တတ်သူဖြစ်လို့ ဂရုစိုက်ပေးပါလို့ မျက်နှာချင်းဆိုင် တောင်းဆိုခဲ့မှုကြောင့် ရိုးသားလှတဲ့ ကစားသမားဆိုပြီး ချီးကျူးခံနေရပါတယ်။

လီဗာပူးအသင်း ဆေးအဖွဲ့မှ Andrew Massey ဟာ ဖီဖာရဲ့ ဆေးဘက်ဆိုင်ရာဒါရိုက်တာ ရာထူးကို တာဝန်ယူဖို့ ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့မှာ အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။