အာဆင်နယ်ရဲ့ ခံစစ်က မယုံနိုင်စရာ ဆိုးဝါးလွန်းလှတယ်လို့ ရှီးယား မှတ်ချက်ပြု

အဂၤလန္တိုက္စစ္မွဴး အလန္ရွီးယားကေတာ့ မန္စီးတီးနဲ႕ ပြဲမွာ ျမင္ခဲ့ရတဲ့ အာဆင္နယ္အသင္းရဲ႕ ခံစစ္က မယုံနုိင္စရာကို ဆိုး၀ါးလြန္းလွတယ္လို႔ မွတ္ခ်က္ျပဳလိုက္ျပီး အာဆင္နယ္အသင္းဟာ ထိပ္သီးအသင္းပံုစံ ျပန္ရဖို႔ သံုးနွစ္ေလာက္ထိ အခ်ိန္ယူ တည္ေဆာက္ရဖြယ္ ရွိတယ္လို႔ သံုးသပ္ ေျပာဆိုလုိက္ပါတယ္။

ဂန္းနားေတြဟာ တနဂၤေႏြညက ပရီးမီးယားလိဂ္ ပြဲစဥ္မွာ မန္စီးတီးရဲ႕ သံုးဂိုးျပတ္ ေခ်မႈန္းျခင္းကို ခံလိုက္ျပီး အဆင့္ ၄ ေနရာနဲ႕ ၇ မွတ္ အကြာ အမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရွိေနပါတယ္။

ဒီရာသီ အာဆင္နယ္အသင္းရဲ႕ အဓိက ျပသနာထဲ ခံစစ္အေနအထားက ပါ၀င္ေနျပီး သူတို႔ရဲ႕ ေနာက္ဆံုး Clean sheet က ေအာက္တိုဘာလထဲမွာ ရခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ နစ္ကိုးလပ္စ္ ပီပီ အတြက္ ေစ်းၾကီးေပး ေခၚခဲ့တာထက္ ရာသီၾကိဳတုန္းက ခံစစ္ကို အဓိက ျပင္ဆင္ခဲ့သင့္တယ္လို႔ ရွီးယားက ေထာက္ျပခဲ့ပါတယ္။

” အာဆင္နယ္ရဲ႕ အၾကီးဆံုး ျပသနာက ကစားသမား စီမံခန္႔ခြဲမႈပဲ။ ခံစစ္ပိုင္းမွာ သူတို႔က မယံုနိုင္စရာကို ဆိုး၀ါးေနျပီ။ တိုက္စစ္ကို လိုက္ပါတာက အဆင္ေျပတယ္ ဘာျဖစ္လုိ႔လဲဆိုေတာ့ အူဘာမီးယန္း၊ လာကာဇက္တီတို႔လို တိုက္စစ္မွဴးေတြ ရွိတယ္။ ဒါေပမယ့္ ခံစစ္မဴွးေတြရဲ႕ အရည္အခ်င္းနဲ႕ ကြင္းလယ္ကေတာ့ ထိပ္သီးအသင္းေတြနဲ႕ မိုင္ေပါင္းမ်ားစြာ ျပတ္က်န္ေနခဲ့ျပီ။ ”

” ခံစစ္မွာ ျပသနာၾကီးေတြ ရွိေနတာကို သိေနခဲ့သည့္တိုင္ အာဆယ္နယ္က နစ္ကိုးလပ္စ္ ပီပီ အတြက္ ေပါင္ ၇၂ သန္း သံုးခဲ့တယ္။ ဒါေတြက လံုး၀ မျဖစ္သင့္တာေတြပါ။ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ ကိုစီရယ္နီက ထြက္သြားခဲ့တာ ဟုတ္ပါတယ္။ ဒါေပမယ့္ သူ မထြက္သြားခင္ ဟိုးတည္းက အသင္းခံစစ္မွာ ျပသနာရွိေနခဲ့တာပါ ” လို႔ ရွီးယားက ေထာက္ျပခဲ့ပါတယ္။

မန္စီးတီးနဲ႕ပြဲမွာ ဆိုး၀ါးတဲ့ အာဆင္နယ္ရဲ႕ ကစားပံုကို ၾကည့္ျပီး အလန္ရွီးယားက အာဆင္နယ္ဟာ ယခင္ ထိပ္သီးအသင္း အေနအထား ျပန္ရဖိုိ႔ အခ်ိန္ယူရမွာ ျဖစ္သလို ျပင္ဆင္ လုပ္ေဆာင္စရာေတြ အမ်ားၾကီး ရွိတယ္လို႔ ယံုၾကည္ေနပါတယ္။ အာဆင္နယ္က ေနာက္တစ္ပတ္ စေနမွာေတာ့ အဲဗာတန္နဲ႕ ရင္ဆိုင္ရမွာပါ။ အဲဗာတန္က ယာယီမန္ေနဂ်ာနဲ႕ အတူ ေပါက္ကြဲအား ေကာင္းေနျပီး ယူနိုက္တက္ကို ဒီတစ္ပတ္မွာ ၁ ဂိုးစီ သေရ ကန္ထားတဲ့ အသင္း ျဖစ္ပါတယ္။

Unicode

အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယားကတော့ မန်စီးတီးနဲ့ ပွဲမှာ မြင်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်က မယုံနိုင်စရာကို ဆိုးဝါးလွန်းလှတယ်လို့ မှတ်ချက်ပြုလိုက်ပြီး အာဆင်နယ်အသင်းဟာ ထိပ်သီးအသင်းပုံစံ ပြန်ရဖို့ သုံးနှစ်လောက်ထိ အချိန်ယူ တည်ဆောက်ရဖွယ် ရှိတယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးရဲ့ သုံးဂိုးပြတ် ချေမှုန်းခြင်းကို ခံလိုက်ပြီး အဆင့် ၄ နေရာနဲ့ ၇ မှတ် အကွာ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းရဲ့ အဓိက ပြသနာထဲ ခံစစ်အနေအထားက ပါဝင်နေပြီး သူတို့ရဲ့ နောက်ဆုံး Clean sheet က အောက်တိုဘာလထဲမှာ ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ နစ်ကိုးလပ်စ် ပီပီ အတွက် ဈေးကြီးပေး ခေါ်ခဲ့တာထက် ရာသီကြိုတုန်းက ခံစစ်ကို အဓိက ပြင်ဆင်ခဲ့သင့်တယ်လို့ ရှီးယားက ထောက်ပြခဲ့ပါတယ်။

” အာဆင်နယ်ရဲ့ အကြီးဆုံး ပြသနာက ကစားသမား စီမံခန့်ခွဲမှုပဲ။ ခံစစ်ပိုင်းမှာ သူတို့က မယုံနိုင်စရာကို ဆိုးဝါးနေပြီ။ တိုက်စစ်ကို လိုက်ပါတာက အဆင်ပြေတယ် ဘာဖြစ်လို့လဲဆိုတော့ အူဘာမီးယန်း၊ လာကာဇက်တီတို့လို တိုက်စစ်မှူးတွေ ရှိတယ်။ ဒါပေမယ့် ခံစစ်မူှးတွေရဲ့ အရည်အချင်းနဲ့ ကွင်းလယ်ကတော့ ထိပ်သီးအသင်းတွေနဲ့ မိုင်ပေါင်းများစွာ ပြတ်ကျန်နေခဲ့ပြီ။ ”

” ခံစစ်မှာ ပြသနာကြီးတွေ ရှိနေတာကို သိနေခဲ့သည့်တိုင် အာဆယ်နယ်က နစ်ကိုးလပ်စ် ပီပီ အတွက် ပေါင် ၇၂ သန်း သုံးခဲ့တယ်။ ဒါတွေက လုံး၀ မဖြစ်သင့်တာတွေပါ။ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ကိုစီရယ်နီက ထွက်သွားခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် သူ မထွက်သွားခင် ဟိုးတည်းက အသင်းခံစစ်မှာ ပြသနာရှိနေခဲ့တာပါ ” လို့ ရှီးယားက ထောက်ပြခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ ဆိုးဝါးတဲ့ အာဆင်နယ်ရဲ့ ကစားပုံကို ကြည့်ပြီး အလန်ရှီးယားက အာဆင်နယ်ဟာ ယခင် ထိပ်သီးအသင်း အနေအထား ပြန်ရဖို့ အချိန်ယူရမှာ ဖြစ်သလို ပြင်ဆင် လုပ်ဆောင်စရာတွေ အများကြီး ရှိတယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်က နောက်တစ်ပတ် စနေမှာတော့ အဲဗာတန်နဲ့ ရင်ဆိုင်ရမှာပါ။ အဲဗာတန်က ယာယီမန်နေဂျာနဲ့ အတူ ပေါက်ကွဲအား ကောင်းနေပြီး ယူနိုက်တက်ကို ဒီတစ်ပတ်မှာ ၁ ဂိုးစီ သရေ ကန်ထားတဲ့ အသင်း ဖြစ်ပါတယ်။