ကော်တင်ညိုနဲ့ ယူရို သန်း ၄၀ ကစားသမားအတွက် အခြေအနေကောင်းနေဆဲ ချယ်ဆီး

ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့အတွက် ကစားသမားတွေ အများကြီးနဲ့ သတင်းထွက်နေပေမယ့် အလေးအနက် စိတ်ဝင်စားနေတဲ့ ကစားသမားတွေကတော့ သိသာမှုတွေ ရှိလာနေပါပြီ။

ချယ်ဆီးဘက်က အာရုံကျနေတဲ့ ကစားသမားနှစ်ဦးက လီဗာပူးကစားသမားဟောင်းနဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ညို၊ ပေါ်တိုအသင်း ဘယ်အစွန်လူ တဲလက်စ်တို့ပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကို ချယ်ဆီးရဲ့ စိတ်ဝင်စားမှုက အတော်လေး အားကောင်းပြီး စိတ်ဝင်စားစရာ ထူးခြားမှုတစ်ခုလည်း ရှိနေပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းပေးတစ်ဦးဖြစ်သူ Nicolo Schira က ဆိုရင် ချယ်ဆီးက ကော်တင်ညို၊ တဲလက်စ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားသလို ကစားသမားတွေရဲ့ အေးဂျန့်တွေနဲ့ ဆက်နွယ်မှုကောင်းတွေ ရှိနေတယ်လို့ ဖော်ပြခဲ့တယ်။

တဲလက်စ်ဟာ သူ့ရဲကအေးဂျင့်ကို ဒီအပတ်မှာပဲ Pini Zahavi ကို ပြောင်းလဲ တာဝန်ပေးခဲ့ပြီဖြစ်တယ်။ ဒါဟာ ပေါ်တိုကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတဲ့ ယူရို သန်း ၄၀ တန်ကြေးရှိ ကစားသမားရဲ့ ရည်မှန်းချက်ကို မြင်သာအောင် ပြလိုက်တာဖြစ်ပြီး ချယ်ဆီးရဲ့ ဘယ်အစွန်အတွက် ဦးစားပေး ဖြစ်လာနိုင်ပါတယ်။

ကော်တင်ညိုရဲ့ အေးဂျင့်ဖြစ်သူ Kia Joorabchian ကလည်း ချယ်ဆီးနဲ့ ရင်းနှီးသူဖြစ်ပြီး သူဟာ ဝီလီယမ်ကိုလည်း ကိုယ်စားပြုသူတစ်ဦး ဖြစ်ပါတယ်။ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ထံ အငှားထွက်ကစားခဲ့ပြီး ရုန်းကန်နေရတဲ့ ကော်တင်ညိုဟာ သူ့ရဲ့အောင်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လာလိုပြီး ကစားသမားကို ပုံမှန်ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ပေးမယ့်ကလပ်တွေထဲ ချယ်ဆီးက ထိပ်တန်းနေရာက ပါဝင်နေတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔အတြက္ ကစားသမားေတြ အမ်ားၾကီးနဲ႔ သတင္းထြက္ေနေပမယ့္ အေလးအနက္ စိတ္ဝင္စားေနတဲ့ ကစားသမားေတြကေတာ့ သိသာမႈေတြ ရွိလာေနပါျပီ။

ခ်ယ္ဆီးဘက္က အာရံုက်ေနတဲ့ ကစားသမားႏွစ္ဦးက လီဗာပူးကစားသမားေဟာင္းနဲ႔ ကြင္းလယ္ဖန္တီးရွင္ ေကာ္တင္ညိဳ၊ ေပၚတိုအသင္း ဘယ္အစြန္လူ တဲလက္စ္တို႔ပဲ ျဖစ္ၾကပါတယ္။ သူတို႔ႏွစ္ဦးကို ခ်ယ္ဆီးရဲ႕ စိတ္ဝင္စားမႈက အေတာ္ေလး အားေကာင္းျပီး စိတ္ဝင္စားစရာ ထူးျခားမႈတစ္ခုလည္း ရွိေနပါတယ္။

အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေပးတစ္ဦးျဖစ္သူ Nicolo Schira က ဆိုရင္ ခ်ယ္ဆီးက ေကာ္တင္ညိဳ၊ တဲလက္စ္တို႔ကို ေခၚယူဖို႔ စိတ္ဝင္စားသလို ကစားသမားေတြရဲ႕ ေအးဂ်န္႔ေတြနဲ႔ ဆက္ႏြယ္မႈေကာင္းေတြ ရွိေနတယ္လို႔ ေဖာ္ျပခဲ့တယ္။

တဲလက္စ္ဟာ သူ႔ရဲကေအးဂ်င့္ကို ဒီအပတ္မွာပဲ Pini Zahavi ကို ေျပာင္းလဲ တာဝန္ေပးခဲ့ျပီျဖစ္တယ္။ ဒါဟာ ေပၚတိုကေန ထြက္ခြာဖို႔ ရည္ရြယ္ထားတဲ့ ယူရို သန္း ၄၀ တန္ေၾကးရွိ ကစားသမားရဲ႕ ရည္မွန္းခ်က္ကို ျမင္သာေအာင္ ျပလိုက္တာျဖစ္ျပီး ခ်ယ္ဆီးရဲ႕ ဘယ္အစြန္အတြက္ ဦးစားေပး ျဖစ္လာႏုိင္ပါတယ္။

ေကာ္တင္ညိဳရဲ႕ ေအးဂ်င့္ျဖစ္သူ Kia Joorabchian ကလည္း ခ်ယ္ဆီးနဲ႔ ရင္းႏွီးသူျဖစ္ျပီး သူဟာ ဝီလီယမ္ကိုလည္း ကိုယ္စားျပဳသူတစ္ဦး ျဖစ္ပါတယ္။ ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္ထံ အငွားထြက္ကစားခဲ့ျပီး ရုန္းကန္ေနရတဲ့ ေကာ္တင္ညိဳဟာ သူ႔ရဲ႕ေအာင္ေျမျဖစ္တဲ့ အဂၤလန္ကို ျပန္လာလိုျပီး ကစားသမားကို ပံုမွန္ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ေျပာင္းေရႊ႔ေၾကး ေပးမယ့္ကလပ္ေတြထဲ ခ်ယ္ဆီးက ထိပ္တန္းေနရာက ပါဝင္ေနတာျဖစ္ပါတယ္။