ချယ်ဆီးက အယ်လီဆန်ကို မခေါ်နိုင်ခဲ့တာ ကော်တွိုက်စ်ကြောင့်ဖြစ်ကြောင်း The Athletic ဖွင့်ချ

၂၀၁၈ ခုနှစ်မှာ ရိုးမားဂိုးသမား အယ်လီဆန်ကို ခေါ်ယူဖို့ ချယ်ဆီးနဲ့ လီဗာပူးတို့ အပြိုင်ကြိုးစားခဲ့ပေမယ့် မာဆေးဆိုဒ်ကလပ်က အသာစီးရသွားခဲ့တာဖြစ်ပါတယ်။

The Athletic သတင်းဌာနက ဖော်ပြရာမှာ အယ်လီဆန်ကို ခေါ်ယူနိုင်ဖို့ အစောဆုံး စတင်ခဲ့တဲ့ အသင်းက ချယ်ဆီးဖြစ်တယ်။ ချယ်ဆီးဟာ ဂိုးသမားပြဿနာကြောင့် ဦးစားပေးအဖြစ် အယ်လီဆန်ကို ရွှေးချယ်ခဲ့ပြီး ခေါ်ယူလိုခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စတွေဟာ ကော်တွိုက်စ်ကြောင့် နှောင်းနှေးခဲ့တာပဲဖြစ်ပါတယ်။

ချယ်ဆီးဒါရိုက်တာ မာရီနာက ကော်တွိုက်စ်ကို ဆက်ထိန်းထားဖို့ပဲ အစွမ်းကုန် ကြိုးစားခဲ့ကာ အစားထိုးဖို့ အဓိက ပစ်မှတ်ဖြစ်တဲ့ အယ်လီဆန်ဘက်ကို လှုပ်ရှားဖို့ မလုပ်ခဲ့ပါဘူး။ ထိုအချိန်မှာ ဂိုးသမားပြဿနာ ကြုံနေရတဲ့ လီဗာပူးက အယ်လီဆန်ကို အရခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ခဲ့ကာ ကမ္ဘာစံချိန်တင်ကြေးထိ ပေးခဲ့တာဖြစ်တယ်။

ဂိုးသမားအပြောင်းအရွှေ့ လွယ်လွယ်ကူကူ အဆင်မပြေတာက ချယ်ဆီးအတွက် အထိနာစေခဲ့ပါတယ်။ ကော်တွိုက်စ်က ရီးရဲလ်မက်ဒရစ်ကိုပဲ ကူးပြောင်းဖို့ ဆန္ဒထက်သန်နေတာကြောင့် သူ့ကို လက်လွတ်ပြီး နောက်ထပ် ဂိုးသမားအဖြစ် ကီပါကို ကမ်းလှမ်းခဲ့ရတာပါ။ ဈေးကွက်ကလည်း နောက်ကျနေပြီဖြစ်လို့ ဘီဘာအိုက ဈေးတင်ခဲ့ရာမှာ ပြောင်းရွှေ့ကြေး ၇၁.၆ သန်းထိ ရောက်ခဲ့တာပဲဖြစ်ပါတယ်။

လီဗာပူးမှာ အယ်လီဆန် အသားကျမြန်ခဲ့ပေမယ့် ချယ်ဆီးမှာတော့ မန်နေဂျာအပြောင်းအလဲတွေနဲ့အတူ ကီပါက ရုန်းကန်နေခဲ့ရတယ်။ မန်နေဂျာလမ်းပတ်ဟာ ကီပါကို ကာဘယ်လာရိုရဲ့ နောက်မှာ ထားခြင်းနဲ့အတူ ပွဲထွက်ခွင့်အတွက် ဖိအားတွေ ပေးခဲ့ရာမှ ကီပါရဲ့ လက်စွမ်းက ပြန်လည် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ZAWGYI

၂၀၁၈ ခုႏွစ္မွာ ရိုးမားဂိုးသမား အယ္လီဆန္ကို ေခၚယူဖို႔ ခ်ယ္ဆီးနဲ႔ လီဗာပူးတို႔ အျပိဳင္ၾကိဳးစားခဲ့ေပမယ့္ မာေဆးဆိုဒ္ကလပ္က အသာစီးရသြားခဲ့တာျဖစ္ပါတယ္။

The Athletic သတင္းဌာနက ေဖာ္ျပရာမွာ အယ္လီဆန္ကို ေခၚယူႏုိင္ဖို႔ အေစာဆံုး စတင္ခဲ့တဲ့ အသင္းက ခ်ယ္ဆီးျဖစ္တယ္။ ခ်ယ္ဆီးဟာ ဂိုးသမားျပႆနာေၾကာင့္ ဦးစားေပးအျဖစ္ အယ္လီဆန္ကို ေရႊးခ်ယ္ခဲ့ျပီး ေခၚယူလိုခဲ့ေပမယ့္ အေျပာင္းအေရႊ႔ကိစၥေတြဟာ ေကာ္တိြဳက္စ္ေၾကာင့္ ေႏွာင္းေႏွးခဲ့တာပဲျဖစ္ပါတယ္။

ခ်ယ္ဆီးဒါရိုက္တာ မာရီနာက ေကာ္တိြဳက္စ္ကို ဆက္ထိန္းထားဖို႔ပဲ အစြမ္းကုန္ ၾကိဳးစားခဲ့ကာ အစားထိုးဖို႔ အဓိက ပစ္မွတ္ျဖစ္တဲ့ အယ္လီဆန္ဘက္ကို လႈပ္ရွားဖို႔ မလုပ္ခဲ့ပါဘူး။ ထိုအခ်ိန္မွာ ဂိုးသမားျပႆနာ ၾကံဳေနရတဲ့ လီဗာပူးက အယ္လီဆန္ကို အရေခၚယူဖို႔ စိတ္ပိုင္းျဖတ္ခဲ့ကာ ကမၻာစံခ်ိန္တင္ေၾကးထိ ေပးခဲ့တာျဖစ္တယ္။

ဂိုးသမားအေျပာင္းအေရႊ႔ လြယ္လြယ္ကူကူ အဆင္မေျပတာက ခ်ယ္ဆီးအတြက္ အထိနာေစခဲ့ပါတယ္။ ေကာ္တိြဳက္စ္က ရီးရဲလ္မက္ဒရစ္ကိုပဲ ကူးေျပာင္းဖို႔ ဆႏၵထက္သန္ေနတာေၾကာင့္ သူ႔ကို လက္လြတ္ျပီး ေနာက္ထပ္ ဂိုးသမားအျဖစ္ ကီပါကို ကမ္းလွမ္းခဲ့ရတာပါ။ ေစ်းကြက္ကလည္း ေနာက္က်ေနျပီျဖစ္လို႔ ဘီဘာအိုက ေစ်းတင္ခဲ့ရာမွာ ေျပာင္းေရႊ႔ေၾကး ၇၁.၆ သန္းထိ ေရာက္ခ့ဲတာပဲျဖစ္ပါတယ္။

လီဗာပူးမွာ အယ္လီဆန္ အသားက်ျမန္ခဲ့ေပမယ့္ ခ်ယ္ဆီးမွာေတာ့ မန္ေနဂ်ာအေျပာင္းအလဲေတြနဲ႔အတူ ကီပါက ရုန္းကန္ေနခဲ့ရတယ္။ မန္ေနဂ်ာလမ္းပတ္ဟာ ကီပါကို ကာဘယ္လာရိုရဲ႕ ေနာက္မွာ ထားျခင္းနဲ႔အတူ ပြဲထြက္ခြင့္အတြက္ ဖိအားေတြ ေပးခဲ့ရာမွ ကီပါရဲ႕ လက္စြမ္းက ျပန္လည္ တိုးတက္လာခဲ့တာျဖစ္ပါတယ္။