ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ချီးကျူးရတဲ့ ချယ်ဆီးလူငယ်ကြယ်ပွင့် နှစ်ဦး

ဘလွန်းဒီအော့ ၆ ကြိမ် အနိုင်ရ ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်သူ မက်ဆီက အနာဂတ်အတွက် ရည်ရွယ်ပြီး လူငယ်ကစားသမား ၁၅ ဦးကို ထုတ်ဖော် ချီးကျူးထားရာမှာ ချယ်ဆီးအသင်းသား ၂ ဦး ပါဝင်ခဲ့ပါတယ်။

မက်ဆီကိုယ်တိုင်က ထုတ်ဖော် ချီးကျူးခံတဲ့ ကစားသမားတွေဟာ အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတာ လက်ခံနိုင်ဖွယ် အချက်ပါ။ အာဂျင်တီးနား အသင်းခေါင်းဆောင်က ချယ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကွင်းလယ်လူ မောင့်နဲ့ တောင်ပံသမား ပူလီဆစ်တို့ကို ချီးကျူးစကားတွေ ဆိုခဲ့တာဖြစ်တယ်။

မနှစ်ကရာသီမှာ ဒါဘီအသင်းနဲ့ ပိုမိုထင်ပေါ်လာပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ သူ့ရဲ့ အစွမ်းအစကို ထုတ်ပြနေတဲ့ မောင့်ဟာ အတွေ့အကြုံနဲ့ ရင့်ကျက်မှုမှာတော့ လိုအပ်သေးသူပါ။ ထိုနည်းတူ ပူလီဆစ်ကလည်း နယ်မြေသစ်မှာ အသားကျဖို့ ရုန်းကန်နေရပြီး အစွမ်းအစတွေ အကုန်လုံးတော့ ပြသထာားနိုင်ခြင်း မရှိပါဘူး။

မက်ဆီက ” ပူလီဆစ်ဟာ ကောင်းမွန်တဲ့ ဟန်ချက်ညီမှုနဲ့ အရှိန်တို့ကို ပိုင်ဆိုင်ထားတယ် ” လို့ ချီးကျူးခဲ့ကာ မောင့်နဲ့ ပက်သက်လို့တော့ ” အင်္ဂလန်သား ကွင်းလယ်လူဟာ အနာဂတ်မှာ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်လာနိုင်တဲ့ အလားအလာ ပိုင်ဆိုင်ထားပါတယ် ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

ချယ်ဆီးက အပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားသွားမယ့် ဆန်ချိုနဲ့ ပက်သက်လို့ မက်ဆီက သုံးသပ်ရာမှာ ” သူ့ရဲ့ ခံစစ်သမားတွေကို ကျော်ဖြတ်ဖို့ ဘောလုံးနဲ့ လှည့်ဖျားနိုင်စွမ်းက အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

ဘလြန္းဒီေအာ့ ၆ ၾကိမ္ အႏုိင္ရ ကမၻာအေကာင္းဆံုး ကစားသမားျဖစ္သူ မက္ဆီက အနာဂတ္အတြက္ ရည္ရြယ္ျပီး လူငယ္ကစားသမား ၁၅ ဦးကို ထုတ္ေဖာ္ ခ်ီးက်ဴးထားရာမွာ ခ်ယ္ဆီးအသင္းသား ၂ ဦး ပါဝင္ခဲ့ပါတယ္။

မက္ဆီကိုယ္တိုင္က ထုတ္ေဖာ္ ခ်ီးက်ဴးခံတဲ့ ကစားသမားေတြဟာ အလားအလာေကာင္းေတြ အမ်ားၾကီး ပိုင္ဆုိင္ထားတယ္ဆိုတာ လက္ခံႏုိင္ဖြယ္ အခ်က္ပါ။ အာဂ်င္တီးနား အသင္းေခါင္းေဆာင္က ခ်ယ္ဆီးအကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကြင္းလယ္လူ ေမာင့္နဲ႔ ေတာင္ပံသမား ပူလီဆစ္တို႔ကို ခ်ီးက်ဴးစကားေတြ ဆိုခဲ့တာျဖစ္တယ္။

မႏွစ္ကရာသီမွာ ဒါဘီအသင္းနဲ႔ ပိုမိုထင္ေပၚလာျပီး ဒီရာသီ ပရီးမီးယားလိဂ္မွာေတာ့ သူ႔ရဲ႕ အစြမ္းအစကို ထုတ္ျပေနတဲ့ ေမာင့္ဟာ အေတြ႔အၾကံဳနဲ႔ ရင့္က်က္မႈမွာေတာ့ လိုအပ္ေသးသူပါ။ ထိုနည္းတူ ပူလီဆစ္ကလည္း နယ္ေျမသစ္မွာ အသားက်ဖို႔ ရုန္းကန္ေနရျပီး အစြမ္းအစေတြ အကုန္လံုးေတာ့ ျပသထာားႏုိင္ျခင္း မရွိပါဘူး။

မက္ဆီက ” ပူလီဆစ္ဟာ ေကာင္းမြန္တဲ့ ဟန္ခ်က္ညီမႈနဲ႔ အရွိန္တို႔ကို ပိုင္ဆုိင္ထားတယ္ ” လို႔ ခ်ီးက်ဴးခဲ့ကာ ေမာင့္နဲ႔ ပက္သက္လို႔ေတာ့ ” အဂၤလန္သား ကြင္းလယ္လူဟာ အနာဂတ္မွာ ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦး ျဖစ္လာႏုိင္တဲ့ အလားအလာ ပိုင္ဆုိင္ထားပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးက အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္နဲ႔အျပိဳင္ ေခၚယူဖို႔ ၾကိဳးစားသြားမယ့္ ဆန္ခ်ိဳနဲ႔ ပက္သက္လို႔ မက္ဆီက သံုးသပ္ရာမွာ ” သူ႔ရဲ႕ ခံစစ္သမားေတြကို ေက်ာ္ျဖတ္ဖို႔ ေဘာလံုးနဲ႔ လွည့္ဖ်ားႏုိင္စြမ္းက အေတာ္ေလး အထင္ၾကီးဖို႔ ေကာင္းပါတယ္ ” လို႔ ျဖစ္ပါတယ္။