ကီပါနေရာ အစားထိုးဖို့ ဘိုင်ယန်မှာ အဆင်မပြေဖြစ်နေတဲ့ နူအာကို ချယ်ဆီး ချိန်ရွယ်

ချယ်ဆီးဟာ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ရာမှာ လက်စွမ်း မတည်ငြိမ်ဖြစ်နေတဲ့ ကီပါ နေရာအစားထိုးဖို့ ဘိုင်ယန်မြူနစ် ဂိုးသမား နူအာကို ချိန်ရွယ်လာတယ်လို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ဂိုးသမား တစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခြင်း ခံထားရတဲ့ ကီပါဟာ နောက်ပိုင်းပွဲတွေမှာ အသက် ၃၈ နှစ်အရွယ် ကာဗယ်လိုအာကို ပွဲထွက်ခွင့် လွဲပေးခဲ့ရတာပါ။ သူ့ရဲ့ ဆက်တိုက် ကျဆင်းခဲ့တဲ့ လက်စွမ်းကြောင့် မန်နေဂျာလမ်းပတ်က သည်းခံစိတ် ကုန်ဆုံးပြီး အရန်စာရင်းမှာ ထားခဲ့တာဖြစ်တယ်။

ဂျာမနီအခြေစိုက် သတင်းဌာနတွေက ဖော်ပြလာမှုအရ နွေအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူနစ်ရဲ့ ထပ်မံရှင်းထုတ်မယ့် ကစားသမားများ စာရင်းမှာတော့ ဝါရင့်ဂိုးသမားကြီး နူအာ ပါဝင်လာပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုလိုပေမယ့် ဘိုင်ယန်ဘက်က သက်တမ်းရှည်ပေးဖို့ကို စိတ်မဝင်စားတာကြောင့် နွေမှာ ထွက်ခွာဖို့ နည်းစပ်လာတာပါ။

အသက် ၃၄ နှစ်အရွယ် ဂျာမနီဂိုးသမားကြီး နူအာဟာ ရှော်ကေးနဲ့ ကစားသမားဘဝကို စတင်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ နူအာဟာ ဂျာမနီလက်ရွေးစင်မှာ နံပါတ်တစ် ဂိုးသမားနေရာကို ဆက်ယူထားဖို့ ဘာစီလိုနာမှ တာစတီဂန်နဲ့ အပြိုင်လုနေရတာဖြစ်တယ်။

ချယ်ဆီးဘက်က ပုံမှန် ပွဲထွက်ခွင့်အတွက် အာမခံချက် ပေးမယ်ဆိုရင် နူအာကို နွေမှာ ခေါ်ယူနိုင်ဖွယ်ရှိပြီး ကမ္ဘာဖလား ချန်ပီယံဟောင်းဟာ လာမယ့် ၂၀၂၁ ခုနှစ် ယူရိုမှာလည်း ဂျာမနီအသင်းကို ကိုယ်စားပြုလိုနေဆဲဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ အသင္းရဲ႕ ဂိုးေပါက္ကို ကာကြယ္ရာမွာ လက္စြမ္း မတည္ျငိမ္ျဖစ္ေနတဲ့ ကီပါ ေနရာအစားထိုးဖို႔ ဘုိင္ယန္ျမဴနစ္ ဂိုးသမား ႏူအာကို ခ်ိန္ရြယ္လာတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

ဂိုးသမား တစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူျခင္း ခံထားရတဲ့ ကီပါဟာ ေနာက္ပိုင္းပြဲေတြမွာ အသက္ ၃၈ ႏွစ္အရြယ္ ကာဗယ္လိုအာကို ပြဲထြက္ခြင့္ လြဲေပးခဲ့ရတာပါ။ သူ႔ရဲ႕ ဆက္တိုက္ က်ဆင္းခဲ့တဲ့ လက္စြမ္းေၾကာင့္ မန္ေနဂ်ာလမ္းပတ္က သည္းခံစိတ္ ကုန္ဆံုးျပီး အရန္စာရင္းမွာ ထားခဲ့တာျဖစ္တယ္။

ဂ်ာမနီအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာမႈအရ ေႏြအေျပာင္းအေရႊ႔မွာ ဘိုင္ယန္ျမဴနစ္ရဲ႕ ထပ္မံရွင္းထုတ္မယ့္ ကစားသမားမ်ား စာရင္းမွာေတာ့ ဝါရင့္ဂိုးသမားၾကီး ႏူအာ ပါဝင္လာပါတယ္။ သူဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုလိုေပမယ့္ ဘိုင္ယန္ဘက္က သက္တမ္းရွည္ေပးဖို႔ကို စိတ္မဝင္စားတာေၾကာင့္ ေႏြမွာ ထြက္ခြာဖို႔ နည္းစပ္လာတာပါ။

အသက္ ၃၄ ႏွစ္အရြယ္ ဂ်ာမနီဂိုးသမားၾကီး ႏူအာဟာ ေရွာ္ေကးနဲ႔ ကစားသမားဘဝကို စတင္လာခဲ့ျပီး ၂၀၁၁ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႔ခဲ့တာျဖစ္ပါတယ္။ ႏူအာဟာ ဂ်ာမနီလက္ေရြးစင္မွာ နံပါတ္တစ္ ဂိုးသမားေနရာကို ဆက္ယူထားဖို႔ ဘာစီလိုနာမွ တာစတီဂန္နဲ႔ အျပိဳင္လုေနရတာျဖစ္တယ္။

ခ်ယ္ဆီးဘက္က ပံုမွန္ ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ ေပးမယ္ဆိုရင္ ႏူအာကို ေႏြမွာ ေခၚယူႏုိင္ဖြယ္ရွိျပီး ကမၻာဖလား ခ်န္ပီယံေဟာင္းဟာ လာမယ့္ ၂၀၂၁ ခုႏွစ္ ယူရိုမွာလည္း ဂ်ာမနီအသင္းကို ကိုယ္စားျပဳလိုေနဆဲျဖစ္ပါတယ္။