လီဗာပူးအသင်းမှာ ကျောနံပါတ် ၅ ကို ဝတ်ဆင်ကစားရခြင်း အကြောင်းရင်းကို ဂီနီ ဖွင့်ဟ

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က ပရီးမီးယားလိဂ်ကို ပြောင်းလာပြီးနောက်ပိုင်း ကျောနံပါတ် ၅ ကိုပဲ အဓိက ဝတ်ဆင်ကစားခဲ့ရခြင်းက ဇီဒန်းကြောင့်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကစားသမားဘဝကို ဖီယင်နုနဲ့ စတင်ခဲ့ပြီး ပီအက်ဗီမှာ တောက်ပလာခဲ့တဲ့ ဂီနီဟာ ၂၀၁၅ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ရောက်ရှိခဲ့ပါတယ်။ နယူးမှာ ကျောနံပါတ် ၅ ကို ဝတ်ဆင်ကစားခဲ့ပြီး ၂၀၁၆ ခုနှစ် လီဗာပူးကို ပြောင်းလာချိန်မှာလည်း ကျောနံပါတ် ၅ ကိုပဲ ဆက်လက် ဝတ်ဆင် ကစားခဲ့သူဖြစ်ပါတယ်။

ဂီနီက ပြောပြရာမှာ “ နံပါတ် ၅ က ကျနော်အတွက် အရမ်းကို ထူးခြားတဲ့ နံပါတ် ဖြစ်ပါတယ်။ ငယ်ငယ်တည်းက ကျနော်ရဲ့ ကံကောင်းစေတဲ့ နံပါတ်ဖြစ်သလို အကြိုက်ဆုံး ကစားသမားဖြစ်တဲ့ ဇီဒန်းကလည်း ကျောနံပါတ် ၅ ကို ဝတ်ဆင်ပြီး ကစားခဲ့သူဖြစ်ပါတယ်။

ကစားသမားဘဝကို ကျောနံပါတ် ၅ နဲ့ စတင်ခွင့်ရခဲ့တာအတွက် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်။ အဲ့နောက်ပိုင်း နယူးကာဆယ်မှာလည်း နံပါတ် ၅ ကို ဝတ်ဆင်ခဲ့ပြီး လီဗာပူးကို ရောက်လာချိန်မှာလည်း ကျနော်က နံပါတ် ၅ ကိုပဲ ဝတ်ဆင်ကစားခဲ့တယ်။ အဲ့အတွက်လည်း ပျော်မိပါတယ် ” လို့ ဖြစ်ပါတယ်။

ဂီနီဟာ ဒီရာသီမှာ လီဗာပူးအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားထားကာ ၅ ဂိုး သွင်းယူပေးထားသူဖြစ်တယ်။ လီဗာပူးဘက်ကတော့ ဂီနီကို သက်တမ်းသစ် ပေးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က ပရီးမီးယားလိဂ္ကို ေျပာင္းလာျပီးေနာက္ပိုင္း ေက်ာနံပါတ္ ၅ ကိုပဲ အဓိက ဝတ္ဆင္ကစားခဲ့ရျခင္းက ဇီဒန္းေၾကာင့္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ကစားသမားဘဝကို ဖီယင္ႏုနဲ႔ စတင္ခဲ့ျပီး ပီအက္ဗီမွာ ေတာက္ပလာခဲ့တဲ့ ဂီနီဟာ ၂၀၁၅ ခုႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ကို ေရာက္ရွိခဲ့ပါတယ္။ နယူးမွာ ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္ကစားခဲ့ျပီး ၂၀၁၆ ခုႏွစ္ လီဗာပူးကို ေျပာင္းလာခ်ိန္မွာလည္း ေက်ာနံပါတ္ ၅ ကိုပဲ ဆက္လက္ ဝတ္ဆင္ ကစားခဲ့သူျဖစ္ပါတယ္။

ဂီနီက ေျပာျပရာမွာ “ နံပါတ္ ၅ က က်ေနာ္အတြက္ အရမ္းကို ထူးျခားတဲ့ နံပါတ္ ျဖစ္ပါတယ္။ ငယ္ငယ္တည္းက က်ေနာ္ရဲ႕ ကံေကာင္းေစတဲ့ နံပါတ္ျဖစ္သလို အၾကိဳက္ဆံုး ကစားသမားျဖစ္တဲ့ ဇီဒန္းကလည္း ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္ျပီး ကစားခဲ့သူျဖစ္ပါတယ္။

ကစားသမားဘဝကို ေက်ာနံပါတ္ ၅ နဲ႔ စတင္ခြင့္ရခဲ့တာအတြက္ အရမ္းကို ေပ်ာ္ရႊင္ခဲ့ရတယ္။ အဲ့ေနာက္ပိုင္း နယူးကာဆယ္မွာလည္း နံပါတ္ ၅ ကို ဝတ္ဆင္ခဲ့ျပီး လီဗာပူးကို ေရာက္လာခ်ိန္မွာလည္း က်ေနာ္က နံပါတ္ ၅ ကိုပဲ ဝတ္ဆင္ကစားခဲ့တယ္။ အဲ့အတြက္လည္း ေပ်ာ္မိပါတယ္ ” လို႔ ျဖစ္ပါတယ္။

ဂီနီဟာ ဒီရာသီမွာ လီဗာပူးအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ျပီး ျပိဳင္ပြဲစံု ၃၈ ပြဲ ကစားထားကာ ၅ ဂိုး သြင္းယူေပးထားသူျဖစ္တယ္။ လီဗာပူးဘက္ကေတာ့ ဂီနီကို သက္တမ္းသစ္ ေပးႏုိင္ဖို႔ ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။