
အခုပွဲမတိုင်ခင် ၄၅ မိနစ် ကြိုစောပြီးကစားတဲ့ အက်စတွန်ဗီလာနဲ့စပါးတို့ပွဲမှာ အက်စတွန်ဗီလာက ၂-၀ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ချယ်ဆီးတို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရအောင် အသည်းအသန် ရုန်းကန်ခဲ့ပေမဲ့ ခြေစွမ်းက ဒီလောက်ကြီး အားရစရာ မရှိခဲ့ပါဘူး။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့တာက ချယ်ဆီးအတွက် ကံကောင်းသလိုဖြစ်စေပြီး မဟုတ်ရင် အမှတ်ဆုံးရှုံးသွားနိုင်တဲ့အနေအထားပါပဲ။
အမော်ရင်ကတော့ လာမဲ့တစ်ပတ်ကျရင် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားဖို့ရှိပေမဲ့ အခုပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ ဒီယာလို၊ ကတ်စ်မဲရိုးတို့လို အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။
ချယ်ဆီးကစားသမားတွေဟာ စိုးရိမ်စိတ်များတဲ့ပုံပေါက်နေသလို ပွဲကို Control လုပ်ဖို့ အာရုံစိုက်နေတာကြောင့် အစောပိုင်းမိနစ်တွေမှာ ယူနိုက်တက်ကတောင် ဖိအားပေးနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ မက်ဂွိုင်းယား သွင်းတဲ့ဂိုးသာ လူမကျွံဘူးဆိုရင် ချယ်ဆီး ဖိအားပိုများသွားနိုင်ပါတယ်။ မာဒူအီကီ၊ ပတ်ဒရိုနက်တိုတို့ရဲ့ တောင်ပံတိုက်စစ်တွေက အားရစရာ မရှိဘဲ ၅၄ ဂိုးအထိ ပေးခဲ့ရတဲ့ ယူနိုက်တက်ခံစစ်ကိုတောင် ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။
အသင်းခေါင်းဆောင်ရိစ်ဂျိမ်းစ်ကတော့ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပယ်နယ်တီဧရိယာထိပ်ကနေ သူ့ရဲ့အပိုင်ကန်ချက်က တိုင်ထိသွားလို့ နစ်နာခဲ့ရပါတယ်။
၇၁ မိနစ်မှာတော့ ရိစ်ဂျိမ်းစ် တစ်ချက်လှည့်ပြီးတော့ ကန်တင်ပေးလိုက်တာကို ကူကူရယ်လာက အလိုက်သင့်ပြေးဝင် ခေါင်းတိုက်ခဲ့တာကြောင့် ချယ်ဆီးအဖိုးတန်ဂိုးရခဲ့ပြီး ကူကူရယ်လာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၇ ဂိုးအထိ သွင်းယူခဲ့လို့ ပရီးမီးယားလိဂ်နောက်ခံလူတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အခုပွဲ အနိုင်ရခဲ့တဲ့အတွက် ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာနဲ့ ၆၆ မှတ်ချင်း တူညီပေမဲ့ ဂိုးကွာခြားချက်အရ အဆင့် ၄ နေရာကို တက်ရောက်နိုင်ခဲ့ပြီး ရာသီပိတ်အ