ယူရိုပါကွန်ဖရင့်လိဂ် ဖလားယူပြီး ချဲလ်ဆီး ပြန်လာပြီဆိုတာ သက်သေပြမယ် လို့ မာရက်စ်ကာ ပြောကြား

နည်းပြ အန်ဇိုမာရက်စ်ကာက ယူရိုပါကွန်ဖရင့်လိဂ်ဖလား ရယူပြီး ချဲလ်ဆီး ပြန်လာပြီဖြစ်ကြောင်း သက်သေပြသွားရမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဆွီဒင်မှာ Djurgarden ကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ ခြေတစ်လှမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

၎င်းတို့ဟာ ဗိုလ်လုပွဲမှာ ဘက်တစ် (သို့မဟုတ်) ဖီအိုရင်တီးနားနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

မာရက်စ်ကာက “ကျွန်တော့်အတွက် ဆုဖလားတစ်လုံး၊ ယူရိုပါကွန်ဖရင့်လိဂ်က ချဲလ်ဆီးပြန်လာဆိုတာ ကြေညာချက်ထုတ်ပြန်တာပါ။ ပထမဆုံး ဆုဖလားတစ်လုံး ရယူရမယ်။

ရီးရဲလ်မက်ဒရစ် သို့မဟုတ် အခြားအသင်းတွေ ကွန်ဖရင့်လိဂ် မကစားဘူးဆိုရင် သူတို့က ဒီလိုအဆင့်မျိုးမှာ မရှိလို့ပါ။ ကျွန်တော်တို့ ကွန်ဖရင့်လိဂ်ကစားတယ်ဆိုတာ ဒါက ကျွန်တော်တို့ ရှိနေရမဲ့ နေရာပါ။ ကျွန်တော်တို့ ဒီကနေ စတင်ရမယ်။

ဒီဆုဖလားက ချဲလ်ဆီးတို့ အတိတ်မှာ ရခဲ့ဖူးတဲ့ ဆုဖလားလည်း မဟုတ်ပါဘူး။ ချဲလ်ဆီးအနေနဲ့ ဥရောပဆုဖလားအားလုံး ရယူထားနိုင်တဲ့ ပထမဆုံးကလပ် ဖြစ်လာပါမယ်။ ဒီတော့ ကလပ်အတွက် ကောင်းတယ်။

အခုက စပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ နိုင်အောင် ကစားရမယ်။ နိုင်ပွဲတွေ ဆုဖလားတွေ ရယူပြီး အောင်စိတ်ကို စတင်ရမယ်။ အနာဂတ်မှာ ကွဲပြားတဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ အခုအချိန်မှာက ဒါက ချဲလ်ဆီးရဲ့နေရာမှန်ပါ”လို့ ပြောကြားသွားပါတယ်။

Tranfermarket ရဲ့ ဖော်ပြမှုအရ ချဲလ်ဆီးအသင်းရဲ့ တန်ဖိုးမှာ Djurgarden ထက် ၄၄ ဆပိုမိုမြင့်မားကြောင်း သိရပါတယ်။

Djurgarden မှာ ဆွီဒင်လိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ယနေ့ည လန်ဒန်ပွဲစဉ်သို့ ပရိသတ် ၆၀၀၀ ဝန်းကျင် လာရောက် အားပေးကြပါမယ်။