ပရီးမီးယားလိဂ်မှာ ၂ နှစ်ဆက်တိုက် အေးဂျင့်ခ အသုံး အများဆုံး ကလပ်အသင်း ဖြစ်နေတဲ့ ချဲလ်ဆီး

အနောက်လန်ဒန်ကလပ် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ကလပ်များတွင် အေးဂျင့်ခ အသုံးပြုမှုအများဆုံးကလပ် အဖြစ် ၂ နှစ် ဆက်တိုက် ရပ်တည်လာပါတယ်။

အက်ဖ်အေက ထုတ်ပြန်လာတဲ့ မှတ်တမ်းအရ ချဲလ်ဆီးဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကာလအတွင်းတွင် ချဲလ်ဆီးဟာ ကစားသမားခေါ်ယူအားဖြည့်နိုင်ရေးအတွက် အေးဂျင့်များအား ပေါင်သန်း ၆၀ ကျော်ပေးခဲ့ရပါတယ်။

တဖက်တွင် ပရီးမီးယားလိဂ်ကလပ်များဟာ ယင်းကာလအတွင်းတွင် အေးဂျင့်စရိတ် ပေါင် ၄၀၉.၁ သန်းသုံးခဲ့ပြီး ယခင်တစ်နှစ်(ပေါင် ၄၀၉.၅ သန်း)ထက် အနည်းငယ်လျှော့သုံးလာပါတယ်။

မန်စီးတီးမှာ အေးဂျင့်စရိတ် ပေါင် ၅၂ သန်းဖြင့် ဒုတိယအများဆုံး အသုံးပြုခဲ့ပြီး ယူနိုက်တက်က ပေါင် ၃၃ သန်းဖြင့် တတိယအများဆုံးသုံးခဲ့ပါတယ်။

ဒါ့အပြင် အက်စတန်ဗီလာ၊ နယူးကာဆယ်၊ အာဆင်နယ်တို့မှာလည်း အေးဂျင့်ခအများဆုံးအသုံးပြုတဲ့ အသင်းများတွင်ပါဝင်ပါတယ်။

ချန်ပီယံရှစ်ကလပ်များတွင် တန်းတက်ရေး ကြိုးပမ်းနေတဲ့ လိဒ်က ပေါင် ၁၈.၈ သန်းအထိ အသုံးပြုပြီး အေးဂျင့်ခအများဆုံးအသုံးပြုတဲ့ ချန်ပီယံရှစ်ကလပ်အဖြစ် ရပ်တည်နေပါတယ်။