အစ်ဆွစ်ချ်ကို စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးက ဘယ်နှဂိုးသွင်းပြီး အနိုင်ယူမလဲ ကြိုပြောလိုက်တဲ့ ပေါမာဆန်

ဒီ တနင်္ဂနွေနေ့ ည မှာတော့ ချယ်ဆီးအသင်းဟာ အစ်ဆွစ်ချ်တောင်း အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ရင်ဆိုင်ဖို့ ရှိပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီး – အစ်ဆွစ်ချ် ပွဲစဉ် အတွက် အခုလို ကြိုတင် ခန့်မှန်းမှုတွေ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ အပတ်က ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ချယ်ဆီး အသင်းကိုတော့ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကိုးလ် ပါမာနဲ့ ဂျက်ဆန်ကို အနားပေးခဲ့တဲ့ အန်ဇို မာရက်ဇ်ကာ ကိုလည်း အံ့သြမိတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် ဆိုတာက ယူရိုပါ ကွန်းဖရင့်လိဂ်ထက် အရေးကြီးပါတယ်။ သူ ဘာလို့ အဲဒီလိုတွေ လုပ်ခဲ့လဲ မသိဘူး။ သူတို့ ငွေသုံးခဲ့တာတွေနဲ့ ချင့်ရင် ချယ်ဆီး top four မဝင်ရင် ပြသနာကြီး ဖြစ်နိုင်ပါတယ်။

အစ်ဆွစ်ချ်နဲ့ ဒီပွဲက ချယ်ဆီး ပြန်ရုန်းထဖို့ အခွင့်ကောင်းပါ။ ဒီပွဲကိုသာ နိုင်ရင် လက်ကျန် ၆ ပွဲနဲ့ အတူ သူတို့ ကြမ္မာ သူတို့ ဖန်တီးခွင့် ရှိပါသေးတယ်။ ဒီတပတ် ပွဲကိုတော့ သူတို့ ဘယ်လိုနေနေ နိုင်မယ် လို့ ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-ဝ အစ်ဆွစ်ချ်တောင်း ဖြစ်ပါတယ်။