
ဒီရာသီမှာ ချဲလ်ဆီးကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် မစွမ်းဆောင်ပေးနိုင်ရင်တော့ မာရက်စ်ကာ ရဲ့ အနာဂတ် ဟာ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ မသေချာတော့ဘူးလို့ တချို့သတင်းတွေက ဖော်ပြလာခဲ့ကြတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်လည်းမရခဲ့သလို အသင်းမှာလည်း ကစားသမား ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် မာရက်စ်ကာ အသုံးချနိုင်ခြင်း မရှိဘူးလို့ အသင်းပိုင်ရှင်တွေဘက်က ယူဆခဲ့ရင်တော့ ထုတ်ပယ်ခံရဖို့ သေချာသလောက်ပါပဲ။
လက်ရှိ ချဲလ်ဆီးအသင်းမှာ အရည်အသွေး ရှိတဲ့ ကစားသမားတွေ ရှိနေပေမယ့် မာရက်စ်ကာ ရဲ့ နည်းဗျူဟာ တစ်ခုတည်းကိုသာ အားသန်တဲ့ အချက်ကလည်း ရလဒ်တွေ မတည်မငြိမ်ဖြစ်စေပါတယ်။
နည်းပြ မာရက်စ်ကာ ဟာ သူ့ရဲ့ နည်းဗျူဟာ နဲ့ မကိုက်ညီတဲ့ ကစားသမားတွေကို အသုံးပြုလေ့မရှိသလို သူ့နည်းဗျူဟာ နဲ့ ကိုက်ညီတဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ပြီး အသုံးပြုစေတာက လည်း အသင်းအတွင်း စည်းလုံးမှုကို ပြိုကွဲစပြုစေပါတယ်။
တချို့ ကစားသမားတွေဆို အသင်းနဲ့ ၇ နှစ် ၈ နှစ် စာချုပ်သက်တမ်း အရှည်ကြီး ချုပ်ဆိုပေမယ့် ဒီပုံစံအတိုင်းသာ ဆက်လုပ်နေရင် ဒီကစားသမားတွေလည်း အသင်းအပေါ် စိတ်ရှည်တော့မှာ မဟုတ်ပဲ အသင်းက ထွက်ချင်စိတ် ပေါ်လာပါလိမ့်မယ်။
၂၀၂၅ ခုနှစ်အတွင်း လက်ရှိ အသင်းရဲ့ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ပါးမား ၊ နက်တို ၊ ဆန်ချို ၊ ဂျက်ဆင် ၊ အန်ကွန်ကူ ၊ မာဒူကီ တို့ရဲ့ စုစုပေါင်းသွင်းဂိုးဟာ ၈ ဂိုးသာ ရထားတာပါ။
ဒါက အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ ပြဿနာ မဟုတ်တော့ပဲ မာရက်စ်ကာ ရဲ့ နည်းဗျူဟာ အားနည်းတဲ့ ပြဿနာ ဖြစ်သွားပါပြီလို့ ဗြီတိန်က ချဲလ်ဆီးပရိသတ်တွေဟာ ထောက်ပြသွားခဲ့ပါတယ်။