ဆန်ချိုအတွက် ပလန်သစ်၊ ရောင်းခံရဖွယ် ရှိတဲ့ အန်ကွန်ကူ၊ မာဒူကီနဲ့ အိုင်ဆက် ပစ်မှတ် ကိစ္စ အပါအဝင် ချယ်ဆီး ထူးခြား သတင်းတိုများ

နယူးကာဆယ် အသင်းတိုက်စစ်မှူး အိုင်ဆက်ကို ခေါ်ယူဖို့အတွက် ချယ်ဆီး၊ ဘာစီလိုနာ၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အပြိုင် ဖြစ်နေကြပါတယ်။

ချယ်ဆီးအသင်းဟာ ဆန်ချိုကို စာချုပ်ပါအတိုင်း ပေါင် ၂၅ သန်းနဲ့ ဝယ်ယူကာ လာမယ့်နွေ ချက်ချင်း ပြန်လည် ရောင်းချဖို့ စီစဉ်နေကြောင်း သတင်း ရရှိပါတယ်။ ဆန်ချို ကို မဝယ်ရင်လည်း ချယ်ဆီးက ပေါင် ၅ သန်း နစ်နာကြေး ပေးရဦးမှာပါ။

ဆန်ချို ဘက်ကတော့ ချယ်ဆီးမှာရော မန်ချက်စတာ ယူနိုက်တက်မှာပါ မကစားလိုတော့ဘဲ အသင်းဟောင်း ဒေါ့မွန်ထံ ပြန်ဖို့ ကြိုးစားနေပါတယ်။

ချယ်ဆီး အသင်းဟာ တောင်ပံကစားသမား မန်ဒူကီရဲ့ အနေအထားတွေကို စိတ်ပျက်နေပြီး လာမယ့်နွေ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းဟာ တောင်ပံတိုက်စစ် ကစားသမား အန်ကွန်ကူ နဲ့ လာမယ့်နွေ လမ်းခွဲဖို့ ဆုံးဖြတ်ထားကြောင်း သတင်းရရှိပါတယ်။

ချယ်ဆီး၊ အာဆင်နယ်၊လီဗာပူးလ် စတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေဟာ အေဂျက်နောက်ခံလူ ဟက်တိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဟတ်တိုကတော့ ပြီးခဲ့တဲ့ နွေကတည်းက ရီးရဲလ်အသင်းနဲ့ သတင်းထွက်ခဲ့ဖူးပါတယ်။

မန်ယူအသင်းဟာ ချယ်ဆီး တောင်ပံကစားသမား မူဒရစ်ကို မျက်စိကျနေပြီး ပေါင် ၃၃ သန်းကနေ ပေါင် ၄၂ သန်းကြားနဲ့ ခေါ်ယူခွင့်ရနိုင်ပါတယ်။