ကလပ် နှစ် ၁၂ဝ ပြည့် အထိမ်းအမှတ် အဖြစ် ချဲလ်ဆီး အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းကို ရွေးချယ်

၁၉၀၅ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့တဲ့ ချဲလ်ဆီးဟာ ယခုလတွင် ကလပ်သက်တမ်း ၁၂၀ နှစ်ပြည့်ပြီတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ကလပ်သက်တမ်း ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ဖြင့် ပရိသတ်မဲဆန္ဒဖြင့် ကလပ်သမိုင်းတွင် အကောင်းဆုံးအသင်းအား ရွေးချယ်လာပါတယ်။

အေဒင်ဟာဇက်၊ ဒီဒီယာဒရော့ဘာနှင့် ဖရန့်လမ်းပတ်တို့ဟာ ချဲလ်ဆီး သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်း ခံလာရပါတယ်။

တစ်ကမ္ဘာလုံးမှ ချဲလ်ဆီးပရိသတ်များက ၄-၃-၃ ကစားကွက်ဖြင့် Chelsea’s ‘Team of 120’ ကို မဲပေး ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းတွင် ပီတာချက်၊ ဆီဇာအက်ဇ်ပီလီကူတာ၊ ဂျွန်တယ်ရီ၊ တီယာဂိုဆေးလ်ဗား၊ အက်ရှ်လေကိုးလ်၊ ဖရန့်လမ်းပတ်၊ ကလူဒီမက်ခီလီလီ၊ အန်ဂိုလိုကန်တီ၊ ဒရော့ဘာ၊ အေဒင်ဟာဇက်၊ ဂျီယန်ဖရန်ကိုဇိုလာတို့ ရွေးချယ်ခြင်းခံ ရပါတယ်။