စတန်းဖို့ဘရစ်ချ်က လူ ၄သောင်းသာ ဆံ့တာကြောင့် ကွင်းသစ်ဆောက်ချင်တဲ့ ဘိုလီနဲ့ ပိုင်ရှင်များ စိတ်ဝမ်းကွဲမှု

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီက ချဲလ်ဆီးအတွက် ကွင်းသစ်ဆောက်ပေးချင်နေပေမယ့် ကွင်းသစ်ဆောက်မယ့်ကိစ္စက လက်ရှိ ပိုင်ရှင်အုပ်စုတွေကြား စိတ်ဝမ်းကွဲစရာ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ စတမ်းဖို့ဘရစ်ချ်ကွင်းဟာ လူပေါင်း ၄ သောင်းသာ ဝင်ဆံ့တဲ့ ပရီးမီးယားလိဂ်ရဲ့ နဝမမြောက် အကြီးမားဆုံးကွင်းအဖြစ်သာ ရပ်တည်နေပြီး မကြာမီ အဲဗာတန်က ကွင်းသစ်ပြီးရင် ကျော်တက်ဦးမှာဖြစ်ပါတယ်။

ဖောရက်စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့လိုအသင်းတွေကလည်း သူတို့ရဲ့ ကွင်းကို တိုးချဲ့ဖို့ လုပ်ဆောင်နေသလို မန်ယူနိုက်တက်ကလည်း မကြာသေးမီက ပေါင် ၂ ဘီလီယံကုန်ကျမယ့် လူ ၁ သိန်းအထိ ဝင်ဆံ့မယ့်ကွင်းသစ်စီမံကိန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

တော့ဒ် ဘိုလီက လန်ဒန်မြို့လယ်က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ဖို့က ရှုပ်ထွေးတယ်လို့ ပြောဆိုခဲ့ပြီး အဲဒီအစား တခါတည်း ကွင်းသစ်ဆောက်ဖို့ ကြိုးပမ်းနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Clearlake Capital က ချဲလ်ဆီးရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်တဲ့ အဓိကပိုင်ရှင်တွေဖြစ်ပြီး တော့ဒ် ဘိုလီ၊ မာ့ခ် ဝေါ်တာနဲ့ ဟန်းစ်ဂျော့ ဗိစ်တို့က တဖွဲ့ဖြစ်ပါတယ်။

မကြာသေးမီက ပိုင်ရှင်တွေကြား ဆက်ဆံရေးဟာ ယိုယွင်းလာခဲ့ပေမယ့်လည်း တော့ဒ် ဘိုလီက စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့အနာဂတ်ထက်စာရင် တခြားကျန်တဲ့ဟာတွေအားလုံးမှာသာ သဘောထားချင်းတိုက်ဆိုင်ကြလို့ စိတ်ပျက်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအရင်ပိုင်ရှင်လက်ထက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက ဘတ်တာဆီး ပါဝါစတေရှင်ကို အငြင်းပွားဖွယ်ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးပြီး ဂါးဒီးယန်းရဲ့သတင်းအရ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့မိုင်အနည်းငယ်အကွာက Earl’s Court မှာ ကွင်းသစ်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။