
ဒါရီယို အက်ဆူဂိုဟာ ဒီအပတ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့မယ့်ကိစ္စကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ပေါ်တူဂီ ယူ-၂၁ အသင်းလူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းဟာ စပို့တင်း လစ္စဘွန်းကနေ အက်ဆူဂိုနဲ့ ကွမ်ဒါတို့ ၂ ဦးကို ပေါင် ၆၂.၄ သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တာဖြစ်ပြီး အက်ဆူဂိုက လက်ရှိမှာ လာလီဂါကလပ် လတ်စ်ပါးလ်မတ်စ်မှာ အငှားနဲ့ ထွက်ကစားနေတာဖြစ်ပါတယ်။
အက်ဆူဂိုဟာ ပေါ်တူဂီ ယူ-၂၁ အသင်းအတွက် ၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သောကြာနေ့ညက ရိုမေးနီးယားနဲ့ပွဲမှာ ဒုတိယပိုင်း လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တနင်္လာနေ့ည အင်္ဂလန် ယူ-၂၁ နဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲမတိုင်ခင် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က အက်ဆူဂိုကို လူစာရင်းကနေ ချန်လှပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ ပေါ်တူဂီ ယူ-၂၁ အသင်းနည်းပြ ရူအီ ဂျော့ဂျ်က အက်ဆူဂိုဟာ လာမယ့် ဇွန်လ ယူအက်စ်အေမှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချဲလ်ဆီးအတွက် ပါဝင်ကစားပေးရနိုင်တာကြောင့် တချိန်တည်းမှာ ကစားမယ့် ယူရို ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ခေါ်ယူနိုင်ဖွယ် မရှိတာကြာင့်လို့ သိရပါတယ်။