
မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းကတော့ ရာသီတိုင်း မိမိတို့အသင်း ပရီးမီးယားလိဂ်ဖလားရဖို့ မဖြစ်နိုင်ကြောင်း ဝေဖန်သူတွေကို တုန့်ပြန်သွားခဲ့ပါတယ်။
ဇယားထိပ်မှ လီဗာပူးလ်နဲ့ ၂၁ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်းရဲ့ အဓိက ပစ်မှတ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရှိနေပြီး ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်တွေမှာတော့ မန်စီးတီး ရလဒ်ကောင်းတွေ ပြန်လည် ရယူထားနိုင်ခဲ့ပါတယ်။
ဟာလန်းက “ ပရီးမီးယားလိဂ်ဖလားတွေ ဆက်တိုက်ယူပြီး နောက်ရာသီ ချန်ပီယံပြေးလမ်းပေါ် မရှိတက်တာမျိုး ခင်ဗျားတို့လည်း တွေ့ဖူးကြမှာပါ၊ ကျွန်တော်တို့အသင်းက ရာသီတိုင်း ဖလားမရနိုင်ပါဘူး။
အခု အရေးအကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်ပါပဲ၊ ဒါပေမယ့် အဲ့ဒီဝင်ခွင့်ကို အက်ဖ်အေဖလားရယူပြီးတော့လည်း ရယူနိုင်ပါသေးတယ်၊ သိပ်တော့ ကိစ္စမရှိပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြစ်မှုပေါင်း ၁၁၅ ချက်နဲ့ စွဲချက် တင်ခံထားရတဲ့ အသင်း ဖြစ်တာကြောင့် ပြင်ပရိုက်ခတ်မှုတွေလည်း များစွာ ခံယူနေရပါတယ်။