
ချယ်ဆီး ပွဲထွက် ဂိုးသမား အဖြစ် ဆန်းချက်ဇ် ကို နည်းပြ မာရက်စ်ကာ ရွေးချယ်တာ နားမလည်နိုင်ဘူးလို့ ဂန်းနားဟောင်းကြီး အီယန်ရိုက်က ဝေဖန်လိုက်ပါတယ်။
” ဘယ်လို စိတ်ကူးနဲ့များ ဆန်းချက်လို ဂိုးသမား ကို ပထမဦးစားပေးအနေနဲ့ မာရက်စ်ကာ ဘာကြည့်ပြီး ရွေးချယ်ခဲ့တာလဲဆိုတာ ကျနော် နားမလည်ပါဘူး။ လက်ရှိ ပရီးမီးယားလိဂ်မှာ ဆန်းချက်ဟာ အမှားပေါင်းများစွာနဲ့ ဂိုးသမားတစ်ယောက်ပါ။ သူ့ကြောင့် ချယ်ဆီး ရမှတ်တွေဆုံးရှုံး နစ်နာခဲ့ရတဲ့ ပွဲတွေလည်း မနည်းပါဘူး။ ” လို့ ရိုက်က ဆိုခဲ့တာပါ။
ယူနိုက်တက် တိုက်စစ်သမား ဆန်ချို ကို နွေမှာ ချယ်ဆီးက အပြီးသတ် မခေါ်ယူချင်တာကြောင့် နည်းလမ်း ရှာနေပါတယ်။
လက်ရှိ မီလန်မှာ အခြေအနေမကောင်း ဖြစ်နေတဲ့ ချယ်ဆီးတိုက်စစ် ကစားသမား ဖီးလစ်ကို အက်စ်တွန်ဗီလာအသင်းက ခေါ်ယူလိုနေပါတယ်။
ချယ်ဆီးအသင်းဟာ ရီးရဲလ်အသင်းတိုက်စစ်အတွဲအဖက် ဖြစ်တဲ့ ရိုဒရီဂို နဲ့ အန်းဒရစ်တို့ ၂ ဦး စလုံးကို ၎င်းတို့ရဲ့ တန်ကြေး ၂ ဆ ဖြစ်တဲ့ ပေါင် ၁၅၁.၅ သန်းအထိ အသုံးပြု ခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။
ဒါပေမယ့် ရီးရဲလ်အသင်းကတော့ အဆိုပါ ကစားသမား ၂ ယောက်စလုံးကို အသင်းမှာ ဆက်ထိန်းဖို့သာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
လေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုကတော့ ချယ်ဆီးနဲ့ လမ်းခွဲဖို့ ရှိနေတဲ့ တောင်ပံ ကစားသမား မူဒရစ်ကို အရခေါ်ယူဖို့ အသင်းထံ တောင်းဆိုထားပါတယ်။