လက်ကျန် ၉ ပွဲ မရုန်းရင် ဘာဖြစ်မလဲ ပြောရင်း အသင်းဖော်တွေအား တွန်းအားပေးလိုက်တဲ့ ချယ်ဆီး ဂိုးသမား ဆန်းချက်ဇ်

ချယ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကတော့ ရာသီကုန်ထိ ကစားရမယ့် ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲမှာ အားကုန်ထုတ်ကြဖို့ အသင်းဖော်တွေအား တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ လိဂ်ပွဲမှာ အာဆင်နယ်ကို ၁-ဝ နဲ့ ရှုံးခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၄ မှာ ဆက်လက် ရပ်တည်နေပါတယ်။ တစ်မှတ်အကွာမှာ မန်စီးတီးလည်း ရှိနေသလို အခြားအသင်းတွေကလည်း လိုက်လံ ဖိအားပေးတဲ့ အနေအထားမှာ ရှိနေတာပါ။

အာဆင်နယ်နဲ့ ပွဲက စွမ်းဆောင်ရည်ကို ချယ်ဆီး ဂိုးသမား ဆန်းချက်ဇ် က ချီးကျူးလိုက်ပေမယ့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်အောင် ကြိုးစားကြဖို့ အသင်းဖော်တွေအား တွန်းအားပေးလာတာပါ။

” ကျွန်တော်တို့ ဒီပွဲ ရှုံးသွားတယ်၊ အရှုံးကို ရင်ဝယ်ပိုက်ပြီး အိမ်ပြန်ရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်အောင် ဆက်ကြိုးစားပြီး လက်ကျန်ပွဲတွေမှာ အမှတ်တွေ ရနိုင်သလောက် များများ ယူဖို့ လုပ်ရမှာပါ။

တယ်လို့ အဆင့် ၄ အတွင်းသာ မဝင်ဘူး ဆိုရင် ကျွန်တော် ကိုယ်တိုင်ရော အသင်းကသူတွေ အားလုံး သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ ” လို့ ဂိုးသမား ဆန်းချက်ဇ်က တိုက်တွန်း သတိပေးစကား ဆိုခဲ့တာ ဖြစ်ပါတယ်။