
မတ်လ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်၊ အမ်းမရိတ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲကတော့ အာဆင်နယ်က ချယ်ဆီးကို ၁-ဝ နဲ့ ကပ် အနိုင်ရခဲ့ပါတယ်။
ချယ်ဆီး ကစားသမားတွေကတော့ အာဆင်နယ် အသင်းဟာ ဘာမှ ပိုမသာဘူး၊ ပို မကောင်းဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ကြပါတယ်။
အန်ဇို မာရက်စ်ကာ က “ဒီရာသီ နှစ်ကျော့စလုံးမှာ ကျွန်တော်တို့အသင်းနဲ့ အာဆင်နယ်က ဘယ်လောက်မှ မကွာပါဘူး။ အာဆင်နယ်က ချယ်ဆီးထက် ဘယ်နေရာမှ ပိုမသာဘူးလို့ ကျွန်တော် မြင်တယ်။
ဒါတောင်မှ ကျွန်တော်တို့အသင်းက ဒဏ်ရာပြဿနာတွေနဲ့ ကြုံနေရလို့ ရှိတဲ့လူနဲ့ ရှေ့ဆက်နေရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အာဆင်နယ်လိုအသင်းနဲ့တောင်မှ ယှဉ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့တယ်။
အဆုံး အထိ တိုက်ပွဲဝင်နိုင်ခဲ့ပြီး သူတို့ကို အသည်းအသန် ဖြစ်သွားစေတဲ့ အခိုက်အတန့်တွေကိုတောင် ဖန်တီးနိုင်ခဲ့ပါတယ်။” လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ကွင်းလယ် ကစားသမား မွိုက်ဆေး ကိုင်စီဒို ကလည်း “အာဆင်နယ်က ကစားသမားတွေဟာ အတူတူတွဲကစားလာခဲ့တာ ၇ နှစ်လောက် ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အခုမှ ၂ နှစ်လောက်ပဲ ရှိပါသေးတယ်။
“ဒီလိုအသင်းမျိုးကတောင်မှပဲ ချယ်ဆီးကို အသည်းအသန် ကစားခဲ့ရတယ်။ ချယ်ဆီးက အာဆင်နယ်ထက် ပိုကောင်းခဲ့တယ် ဆိုတာ မြင်သာစေခဲ့ပြီး ကောင်းတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။