
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက တိုက်စစ်သမားကိုးလ်ပါလ်မာမှာ ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ အယ်ဘေးနီးယား၊ လတ်ဗီးယားတို့နှင့် ကစားရမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်လာမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ကိုးလ်ပါလ်မာဟာ လေ့ကျင့်ခန်း အစီအစဉ်တွင် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့တုန်းက အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကိုးလ်ပါလ်မာ ဒဏ်ရာရရှိသွားကြောင်း သိရပြီးနောက် နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားမော်ဂန်ဂစ်ဘ်ဝှိုက်အား ခေါ်ယူခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ ကိုးလ်ပါလ်မာဟာ ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပွဲ လွဲချော်လာတာ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြမာရက်စ်ကာက “အရိုးသားဆုံးပြောရရင် သူ (အင်္ဂလန်အတွက်) ကစားနိုင်မှာ မဟုတ်ဘူး။ မနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရသွားတာ။ ကြွက်သားဒဏ်ရာ။ တနင်္လာနေ့ နံနက်မှ ဆေးစစ်ဖို့ စီစဉ်ထားတယ်”လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ ယခုရာသီတွင် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ရဂိုး ၅၃ ဂိုးတွင် ဂိုး ၂၀ မှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၁၄ ဂိုးသွင်းပြီး ၆ ကြိမ် ဖန်တီးထားပါတယ်။ ဒါပေမဲ့ သူဟာ ပရီးမီးယားလိဂ် ၇ ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။