
ညက အမ်းမရိတ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲ မှာတော့ ချယ်ဆီးအသင်းဟာ အိမ်ရှင် အာဆင်နယ် အသင်းအား ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဆင်နယ်က ပထမပိုင်းမှာ သွင်းခဲ့တဲ့ မာရီနိုရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ပဲ သူတို့ကွင်းမှာ ချယ်ဆီးကို ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ အဓိကတိုက်စစ်ကစားသမား ပါလ်မာ မပါဝင်ဘဲ ပွဲထွက်ခဲ့တာကြောင့် ၂၀၂၄ ဧပြီလတုန်းက အာဆင်နယ်ကို ၅-၀ ဂိုးပြတ်ရှုံးပြီးနောက်ပိုင်း ပထမဆုံးဖြစ်ခဲ့ပါတယ်။
ချယ်ဆီးရဲ့ခံစစ်နဲ့ကွင်းလယ်က ဒီလောက်ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပေမဲ့ ပါလ်မာ မပါတဲ့ တိုက်စစ်ပိုင်းကတော့ တော်တော်လေး အားနည်းခဲ့ပြီး ပထမပိုင်းမိနစ် ၃၀ အထိ အာဆင်နယ်အသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် တစ်ကြိမ်မှ မရှိတဲ့အထိဖြစ်ခဲ့ရပါတယ်။
ချယ်ဆီးအသင်းဟာ ပထမပိုင်းမှာ ကူကူရယ်လာရဲ့ မြေမကျကန်ချက်တစ်ကြိမ်လောက်ပဲ အာဆင်နယ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အာဆင်နယ်ကစားအားကျသွားတာတောင် ချယ်ဆီးတို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့ပါဘူး။
အဲဒါကြောင့်ပဲ ၁-၀ ဂိုးရလဒ်နဲ့ပွဲပြီးခဲ့ပြီး ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲနိုင်၊ ၅ ပွဲရှုံးခဲ့လို့ စုစုပေါင်း ၂ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။