
ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ အာဆင်နယ်ကို အဝေးကွင်း အမ်းမရိတ်မှာ လန်ဒန်ဒါဘီပွဲ သွားရောက် ရင်ဆိုင်ကစားဖို့ ရှိနေပါတယ်။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အာဆင်နယ် – ချယ်ဆီးပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” ဒီပွဲကနေ ဂိုးတွေ အများကြီး မြင်ရမယ်တော့ မထင်ဘူး။ တစ်ဂိုးလောက်ကပဲ တစ်သင်း သင်း နိုင်ဖို့ လုံလောက် သွားပါလိမ့်မယ်။ ကျွန်တော် ကတော့ အာဆင်နယ် ဂိုးရမယ် လို့ ရွေးချယ်ပါမယ်။
ဒီကလန် ရိုက်စ်က ယူနိုက်တက်နဲ့ ပွဲမှာ သူ့ရဲ့ တိုက်စစ်ပိုင်း နေရာသစ်မှာ ခြေတွေ့နေတာ မြင်ခဲ့ရတယ်။ ဒီပွဲလည်း သူ ဂိုး သွင်းဦးမယ် ထင်တယ်။
ချယ်ဆီးက ဒီတလော သီတင်းပတ်တွေမှာ ကျေနပ်နေရပါတယ်။ သူတို့ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ နှစ်ပွဲ ဆောက်သမ်တန်၊ လက်စတာ တို့ကို အနိုင်ရထားတယ်။ ဒီပွဲကတော့ ပိုကြီးမားတဲ့ စိန်ခေါ်မှုပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၁-ဝ ချယ်ဆီး ဖြစ်ပါတယ်။