အာဆင်နယ် ပရိသတ်တစ်ဦးရဲ့ စွပ်စွဲဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ ဖာဘရီဂတ်စ်

အာဆင်နယ် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ လန်ဒန်ပြိုင်ဘက် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်လို့ ဂန်းနား ပရိသတ်တွေထဲ အမျက်ထွက် ခါးသီးမှုတွေက ရှိနေကြဆဲ ဖြစ်ပါတယ်။ လတ်တလောမှာ တွစ်တာကနေ အာဆင်နယ်ပရိသတ် တစ်ဦးက ဖာဘရီဂတ်စ်ရဲ့ ချယ်ဆီးလိုဂိုကို ပုတ်ပြီး အောင်ပွဲခံနေပုံကို တင်ကာ ပုတ်ခတ်ခဲ့တဲ့ အပေါ် စပိန်သားက တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။

ဖာဘရီဂတ်စ်က လောလောဆယ် မိုနာကိုမှာ ကစားနေသူ ဖြစ်ပြီး အာဆင်နယ်ကနေ ဘာစီလိုနာသို့ မထွက်ခွာခင်က အသက် အငယ်ဆုံး အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက် ဘာစီလိုနာကနေ ၂၀၁၄ မှာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းကိုတော့ တွယ်တာဆဲ ဖြစ်ပြီး အသင်းသားတွေ အကြောင်း ပွဲစဉ်တွေ အကြောင်း မကြာခဏ ပြောလေ့ရှိသလို နောက်တစ်ပတ်မှာလည်း မြောက်လန်ဒန်ကလပ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အာဆင်နယ် ပရိသတ်တချို့ကတော့ ဖာဘရီဂတ်စ်ကို ခွင့်လွှတ်နိုင်သေးပုံ မပေါ်ဘဲ ကောက်ကျစ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ Snake လို့ ခေါ်ဝေါ်မှုတွေ ရှိနေပါတယ်။ ချယ်ဆီးလိုဂိုကို ကိုင်ပြီး အောင်ပွဲခံနေတဲ့ ပုံကို တင်ကာ ဝေဖန်ခဲ့တဲ့ အာဆင်နယ် ပရိသတ်လည်း ရှိလာပြီး ဖာဘရီဂတ်စ်ကတော့ ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

” ကျနော် ဒီလိုလူစားမျိုး ဒီလို လုပ်နေတဲ့သူလို့ ထင်နေသမျှ စွပ်စွဲနေသမျှ ခင်ဗျားတို့ ကျနော့်ကို အလုံးစုံ သိတဲ့သူ မဟုတ်လိုပပါပဲ။ ကျနော်က ပရိသတ်တွေ ကျနော့်ရင်ထဲမှာ အမြဲ ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်နဲ့ ပတ်သတ်ပြီး ပုံ တစ်ပုံကို ကြည့်လိုက်တာနဲ့ ခင်ဗျားတို့ စိတ်တွေ ပြောင်းလဲသွားနိုင်ကြတယ်ပေါ့။ ” လို့ ၎င်းက ဆိုခဲ့ပါတယ်။

ဖာဘရီဂတ်စ်ဟာ လောလောဆယ်မှာ ပြင်သစ် လီဂူးဝမ်း ရပ်နားထားပြီး အိမ်မှာ အနားယူခိုင်းထားတာကြောင့် သီးခြား နေထိုင်မှုတွေ ပြုလုပ်နေပါတယ်။ ၎င်းက ပရိသတ်တွေ အနေနဲ့လည်း ကိုရိုနာ ကူးစက်ခံမှာကို ဂရုစိုက်ကြဖို့ အနားယူကြဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ထားပါတယ်။

Zawgyi – အာဆင္နယ္ ကြင္းလယ္ကစားသမား ဖာဘရီဂတ္စ္ဟာ လန္ဒန္ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕သြားခဲ့သူ ျဖစ္လို႔ ဂန္းနား ပရိသတ္ေတြထဲ အမ်က္ထြက္ ခါးသီးမႈေတြက ရွိေနၾကဆဲ ျဖစ္ပါတယ္။ လတ္တေလာမွာ တြစ္တာကေန အာဆင္နယ္ပရိသတ္ တစ္ဦးက ဖာဘရီဂတ္စ္ရဲ႕ ခ်ယ္ဆီးလိုဂိုကို ပုတ္ျပီး ေအာင္ပြဲခံေနပံုကို တင္ကာ ပုတ္ခတ္ခဲ့တဲ့ အေပၚ စပိန္သားက တုန္႔ျပန္ ေျပာဆိုမႈေတြ ျပဳလုပ္သြားပါတယ္။

ဖာဘရီဂတ္စ္က ေလာေလာဆယ္ မိုနာကုိမွာ ကစားေနသူ ျဖစ္ျပီး အာဆင္နယ္ကေန ဘာစီလိုနာသို႔ မထြက္ခြာခင္က အသက္ အငယ္ဆံုး အာဆင္နယ္ အသင္းေခါင္းေဆာင္ ျဖစ္ခဲ့သူလည္း ျဖစ္ပါတယ္။ အဲဒီေနာက္ ဘာစီလိုနာကေန ၂၀၁၄ မွာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္။

ဖာဘရီဂတ္စ္က အာဆင္နယ္အသင္းကိုေတာ့ တြယ္တာဆဲ ျဖစ္ျပီး အသင္းသားေတြ အေၾကာင္း ပြဲစဥ္ေတြ အေၾကာင္း မၾကာခဏ ေျပာေလ့ရွိသလို ေနာက္တစ္ပတ္မွာလည္း ေျမာက္လန္ဒန္ကလပ္နဲ႕ ပတ္သတ္ျပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ဖုိ႔ စီစဥ္ထားပါတယ္။

အာဆင္နယ္ ပရိသတ္တခ်ိဳ႕ကေတာ့ ဖာဘရီဂတ္စ္ကို ခြင့္လႊတ္နုိင္ေသးပံု မေပၚဘဲ ေကာက္က်စ္တယ္ဆိုတဲ့ အဓိပၸါယ္နဲ႕ Snake လို႔ ေခၚေ၀ၚမႈေတြ ရွိေနပါတယ္။ ခ်ယ္ဆီးလိုဂိုကို ကိုင္ျပီး ေအာင္ပြဲခံေနတဲ့ ပံုကို တင္ကာ ေ၀ဖန္ခဲ့တဲ့ အာဆင္နယ္ ပရိသတ္လည္း ရွိလာျပီး ဖာဘရီဂတ္စ္ကေတာ့ ျပန္လည္ တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ ဒီလိုလူစားမ်ိဳး ဒီလို လုပ္ေနတဲ့သူလို႔ ထင္ေနသမွ် စြပ္စဲြေနသမွ် ခင္ဗ်ားတို႔ က်ေနာ့္ကို အလံုးစံု သိတဲ့သူ မဟုတ္လိုပပါပဲ။ က်ေနာ္က ပရိသတ္ေတြ က်ေနာ့္ရင္ထဲမွာ အျမဲ ရွိေနမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္နဲ႕ ပတ္သတ္ျပီး ပံု တစ္ပံုကို ၾကည့္လိုက္တာနဲ႕ ခင္ဗ်ားတို႔ စိတ္ေတြ ေျပာင္းလဲသြားနုိင္ၾကတယ္ေပါ့။ ” လို႔ ၄င္းက ဆိုခဲ့ပါတယ္။

ဖာဘရီဂတ္စ္ဟာ ေလာေလာဆယ္မွာ ျပင္သစ္ လီဂူး၀မ္း ရပ္နားထားျပီး အိမ္မွာ အနားယူခိုင္းထားတာေၾကာင့္ သီးျခား ေနထိုင္မႈေတြ ျပဳလုပ္ေနပါတယ္။ ၄င္းက ပရိသတ္ေတြ အေနနဲ႕လည္း ကိုရိုနာ ကူးစက္ခံမွာကို ဂရုစိုက္ၾကဖို႔ အနားယူၾကဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္ထားပါတယ္။