မဲဝုဒ်ကို ပုံမှန်လာပြီး အဆက်အသွယ်မရှိ လေ့ကျင့်မှု လုပ်နေရခြင်းကို အယ်လီဆန် ရှင်းပြ

လီဗာပူးအသင်းဟာ ဒဏ်ရာရ ကစားသမားတွေကို မဲဝုဒ်ကို ပုံမှန် လာရောက်ခိုင်းပြီး ကုသမှု လမ်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေပေမယ့် အသင်းဖော်ချင်းတောင် ဆက်သွယ်ခွင့် မရှိပါဘူးလို့ အယ်လီဆန်က ထုတ်ပြောလာပါတယ်။

ဂိုးသမားဟာ ဒဏ်ရာကြောင့် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ရပြီး အခုချိန်ထိ ပြန်လည် ထူထောင်မှုဆိုင်ရာ လေ့ကျင့်ရေး လုပ်နေရဆဲ ဖြစ်ပါတယ်။ အယ်လီဆန်အပြင် ရှာကွီရီ၊ ကလိုင်းနဲ့ ဒဏ်ရာရ ကစားသမားတွေကလည်း မဲဝုဒ်မှာ ပြန်လည် ကုသမှုတွေ လုပ်နေရပေမယ့် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ခွင့် မရှိပဲ သီးခြား အစီအစဉ်တွေနဲ့ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

အယ်လီဆန်က ပြောရာမှာ “ ကလပ်ရဲ့ အစီအစဉ်က လူတိုင်း အိမ်မှာပဲ ဆက်ရှိနေဖို့ပါ။ ကျနော် ကိစ္စကျတော့ နည်းနည်းလေး ကွာခြားပါတယ်။ ကျနော်က ဒဏ်ရာရနေသူလေ။ ကျေးဇူးတော်ကြောင့် အရမ်းကြီးတော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် ဒဏ်ရာတိုင်းက ဂရုစိုက်ဖို့ လိုပြီး လေ့ကျင့်ရေးမှာ ကုသမှုတွေ ခံယူနေရဆဲပါ။

အသင်းဖော်တွေနဲ့ ဆက်သွယ်မှု လုံးဝ မရှိပါဘူး။ အားလုံးက ကိုယ်အိမ်မှာပဲ ကိုယ်နေနေရပပါတယ်။ ကျနော်က အသင်းက ဂိုးသမားတွေ ပြန်လည် ထူထောင်ဖို့ အထူး စပယ်ရှယ်လစ်တွေ ကြံ့ခိုင်ရေးဆိုင်ရာ အထူး ပုဂ္ဂိုလ်တွေနဲ့ပဲ အဆက်အသွယ် ရှိပါတယ်။

ဒီအခြေအနေမှာ လိုအပ်တာတွေကိုလည်း သတိပေး ခံထားရပြီး မျက်နှာတွေ မထိတွေ့ဖို့၊ ပါးစပ်ကို မထိဖို့က စလို့ မျက်နှာအပေါ်ပိုင်းကို မထိဖို့ ဂရုစိုက်ရတယ်။ ခပ်ဝေးဝေးကပဲ စကားပြောတာတွေ လုပ်ရပါတယ်။ သူတို့ကလွဲပြီး အခြားသူတွေနဲ့ ဆက်သွယ်ရတာ မရှိပါဘူး။

ကျနော် အဆင်ပြေနေပါတယ်။ အိမ်ကနေ လေ့ကျင့်ရေးကွင်းကိုလာတယ်၊ ကုသမှုကို အဆုံးသတ်တယ် နောက် အိမ်ပြန်တယ်။ ဒီအခြေအနေမှာ အိမ်မှာလည်း ကိုယ်ဘာသာပဲ သီးခြားနေမှုတွေ လုပ်ဆောင်ပါတယ် ”လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒဏ္ရာရ ကစားသမားေတြကို မဲဝုဒ္ကို ပံုမွန္ လာေရာက္ခိုင္းျပီး ကုသမႈ လမ္းစဥ္ေတြ ဆက္လက္ လုပ္ေဆာင္ေနေပမယ့္ အသင္းေဖာ္ခ်င္းေတာင္ ဆက္သြယ္ခြင့္ မရွိပါဘူးလို႔ အယ္လီဆန္က ထုတ္ေျပာလာပါတယ္။

ဂိုးသမားဟာ ဒဏ္ရာေၾကာင့္ အေရးၾကီးတဲ့ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ခဲ့ရျပီး အခုခ်ိန္ထိ ျပန္လည္ ထူေထာင္မႈဆုိင္ရာ ေလ့က်င့္ေရး လုပ္ေနရဆဲ ျဖစ္ပါတယ္။ အယ္လီဆန္အျပင္ ရွာကီြရီ၊ ကလိုင္းနဲ႔ ဒဏ္ရာရ ကစားသမားေတြကလည္း မဲဝုဒ္မွာ ျပန္လည္ ကုသမႈေတြ လုပ္ေနရေပမယ့္ တစ္ဦးနဲ႔ တစ္ဦး ဆက္သြယ္ခြင့္ မရွိပဲ သီးျခား အစီအစဥ္ေတြနဲ႔ လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။

အယ္လီဆန္က ေျပာရာမွာ “ ကလပ္ရဲ႕ အစီအစဥ္က လူတိုင္း အိမ္မွာပဲ ဆက္ရွိေနဖို႔ပါ။ က်ေနာ္ ကိစၥက်ေတာ့ နည္းနည္းေလး ကြာျခားပါတယ္။ က်ေနာ္က ဒဏ္ရာရေနသူေလ။ ေက်းဇူးေတာ္ေၾကာင့္ အရမ္းၾကီးေတာ့ မျပင္းထန္ပါဘူး။ ဒါေပမယ့္ ဒဏ္ရာတိုင္းက ဂရုစိုက္ဖို႔ လိုျပီး ေလ့က်င့္ေရးမွာ ကုသမႈေတြ ခံယူေနရဆဲပါ။

အသင္းေဖာ္ေတြနဲ႔ ဆက္သြယ္မႈ လံုးဝ မရွိပါဘူး။ အားလံုးက ကိုယ္အိမ္မွာပဲ ကိုယ္ေနေနရပပါတယ္။ က်ေနာ္က အသင္းက ဂိုးသမားေတြ ျပန္လည္ ထူေထာင္ဖို႔ အထူး စပယ္ရွယ္လစ္ေတြ ၾကံ႕ခိုင္ေရးဆုိင္ရာ အထူး ပုဂၢိဳလ္ေတြနဲ႔ပဲ အဆက္အသြယ္ ရွိပါတယ္။

ဒီအေျခအေနမွာ လိုအပ္တာေတြကိုလည္း သတိေပး ခံထားရျပီး မ်က္ႏွာေတြ မထိေတြ႔ဖို႔၊ ပါးစပ္ကို မထိဖို႔က စလို႔ မ်က္ႏွာအေပၚပိုင္းကို မထိဖို႔ ဂရုစိုက္ရတယ္။ ခပ္ေဝးေဝးကပဲ စကားေျပာတာေတြ လုပ္ရပါတယ္။ သူတို႔ကလြဲျပီး အျခားသူေတြနဲ႔ ဆက္သြယ္ရတာ မရွိပါဘူး။

က်ေနာ္ အဆင္ေျပေနပါတယ္။ အိမ္ကေန ေလ့က်င့္ေရးကြင္းကိုလာတယ္၊ ကုသမႈကို အဆံုးသတ္တယ္ ေနာက္ အိမ္ျပန္တယ္။ ဒီအေျခအေနမွာ အိမ္မွာလည္း ကိုယ္ဘာသာပဲ သီးျခားေနမႈေတြ လုပ္ေဆာင္ပါတယ္ ”လို႔ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။