
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အသင်းကြီး တော်တော်များများ ငြိမ်သက်နေပေမယ့် မန်ချက်စတာ စီးတီးကတော့ ငွေသုံးကြမ်းခဲ့ပြီး ကစားသမား ၅ ယောက် ခေါ်ယူမှုနဲ့ အတူ အသုံးစရိတ် ပေါင် သန်း ၁၈ဝ ကျော်သွားခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ စီးတီးဟာ ဒီရာသီ ရုန်းကန်နေရတဲ့နောက် လက်ကျန်ရာသီဝက်မှာ ပြိုင်ဘက်တွေကို ပြန်ယှဉ်နိုင်ဖို့ ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာပါ။
စီးတီး ခေါ်ယူမှုတွေဟာ ဈေးကွက်ပိတ်ရက် နောက်ဆုံးနေ့ထိတောင် မရပ်တန့်ခဲ့ဘဲ Deadline Day မှာ ပေါ်တိုမှ ကွင်းလယ် ကစားသမား နီကိုး ဂွန်ဇာလက်စ် ကို ပေါင် သန်း ၅ဝ နဲ့ ခေါ်ယူကာ ၄နှစ်ခွဲ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဒီ ဆောင်းဈေးကွက်မှာ စီးတီးက အိုမာ မာမွတ်ရှ် (ပေါင် ၅၉ သန်း)၊ ခူဆာနော့ဗ် (ပေါင် ၃၃ သန်းခွဲ)၊ ဗီတာ ရေးစ် (ပေါင် ၂၉. သန်း) နဲ့ ကလော်ဒီယို ချီဗာရီ (ပေါင် ၁၂ သန်းခွဲ) တို့ ၄ ဦးကိုလည်း အရင် ခေါ်ယူထားပြီးသား ဖြစ်ပါတယ်။
Transfermarkt အဆိုအရ ဆောင်းဈေးကွက်မှာ စီးတီးထက် ငွေသုံးကြမ်းခဲ့ဖူးတာ ဆိုလို့ ၂၀၂၃ က ချယ်ဆီးသာ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စီးတီးဟာ ချန်ပီယံလိဂ်မှာလည်း ၁၆သင်း ရှုံးထွက် အဆင့်သို့ လွတ်လွတ်ကျွတ်ကျွတ် မတက်နိုင်သေးဘဲ play off တစ်ပွဲ ကစားရဦးမှာ ဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၅ မှာသာ ရှိသေးလို့ Top 4 ထဲ ဝင်အောင် ရုန်းရဦးမှာ ဖြစ်ပါတယ်။