
ချဲလ်ဆီး အသင်းဟာ မနေ့ညက လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရာ ၂-၁ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။
အိမ်ရှင်အသင်း အေးအေးဆေးဆေး နိုင်ခဲ့တာတော့ မဟုတ်ဘဲ ဦးဆောင်ဂိုး အရင်ပေးထားပြီးမှ နောက်က လိုက်ကစားကာ Come Back နိုင်ပွဲ ရခဲ့တာပါ။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ထိုးဖောက်ကစားခဲ့ပေမယ့် ပြိုင်ဘက်ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရသလို တိုက်စစ်မှူးတွေရဲ့အဆုံးသတ်ပိုင်းကလည်း အားနည်းချက်တွေ ရှိခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာတော့ ကိုဝဲလ်ရဲ့အမှားမှတဆင့် ရရှိလာတဲ့အခွင့်အရေးကို ဘိုဝင် အကောင်းဆုံးအဆုံးသတ်ကာ ဧည့်သည်ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အတွင်း ဘိုဝင်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးထားရလို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ချဲလ်ဆီးက လိုအပ်နေတဲ့သွင်းဂိုးတွေ ရှာဖွေနိုင်အောင် ကစားသမားအပြောင်းအလဲတွေ ပြုလုပ္လာခဲ့ပါတယ်။
ဒီလိုအပြောင်းအလဲတွေကပဲ ချဲလ်ဆီးအတွက် အကျိုးရှိစေခဲ့ပြီး လူစားဝင် ကစားသမား နက်တိုရဲ့ချေပဂိုးအပြင် ဝမ်ဘစ်ဆာကာရဲ့ Own Goal မှတဆင့် အခုပွဲစဉ်အတွက် အနိုင်ဂိုးကိုပါ ရရှိခဲ့ပါတယ်။
အခုသီတင်းပတ်၊ မန်စီးတီးအသင်းရှုံးပွဲကို အခွင့်အရေးယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။