
စီးတီး တိုက်စစ်မှုး အာလင်းဟာလန်းရဲ့ ဖခင် အယ်ဖီဟာ တနင်္ဂနွေနေ့ညတုန်းက အာဆင်နယ်ကို မန်စီးတီးတို့ ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်ကို တိုက်ခိုက်ပြောဆိုလာပါတယ်။
အဆိုပါပွဲစဉ်တွင် ပွဲအစပိုင်းမှာပင် မာတင်အိုဒီဂတ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူလိုက်ပြီးနောက် နောက်ခံလူဂါဘရီရယ်ဟာ အာလင်းဟာလန်းရဲ့ မျက်နှာကို ကြည့်ပြီး လှောင်ပြောင်ရယ်မောမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဘယ်နောက်ခံလူလူးဝစ်စကယ်လီဟာလည်း အာဆင်နယ်အတွက် တတိယဂိုးသွင်းယူပြီးနောက် ဟာလန်းရဲ့ ဂိုးသွင်းအောင်ပွဲခံမှုဖြစ်တဲ့ တရားထိုင်တဲ့ပုံစံ ပြုလုပ်ကာ အောင်ပွဲခံပြီး လှောင်ပြောင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အယ်ဖီဟာလန်းက”ဒီအသင်းက အားလုံး အောင်မြင်လာတဲ့ အသင်းပါနော်။ ဘာမှ မရသေးတဲ့အသင်းမဟုတ်ဘူး”လို့ ဆိုရှယ်မီဒီယာတွင် ရေးသားတင်ခဲ့ပါတယ်။
မနေ့ညက အမ်းမရိတ်ပွဲစဉ်အပြီးတွင် အာဆင်နယ်ဟာ ကွင်းအတွင်း စပီကာများမှ တဆင့် ကန်ဒရစ်လာမာရဲ့ ‘Humble’ သီချင်းကို ကျယ်လောင်စွာ ဖွင့်လှစ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ စက်တင်ဘာလတုန်းက အီတီဟတ်ကွင်းတွင် မန်စီးတီးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် အာလင်းဟာလန်းက အာတီတာအား နှိမ့်ချနေထိုင်ရန် ပြောဆိုခဲ့မှုအား ရည်ရွယ် တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် လူးဝစ်စကယ်လီရဲ့ အောင်ပွဲခံမှုအား မေးမြန်းလာချိန်မှာတော့ ဂွါဒီယိုလာက “ဒါကို ကျုပ် မမြင်လိုက်ဘူး။ ဒါကောင်းတယ်။ ကောင်းတယ်။ ဟာလန်းရဲ့အောင်ပွဲခံမှုကို လိုက်လုပ်တာလား။ သူတို့ လုပ်လိုက်တာလား။ ကောင်းတာပေါ့။ ကောင်းတယ်”လို့ ဆိုခဲ့ပါတယ်။
ယင်းသို့ ပြောဆိုပြီးနောက် မန်စီးတီးနည်းပြက “မင်းတို့ ကျုပ်အဖြေ သဘောကျကြလား”လို့ ဟာသနှော ပြောဆိုခဲ့ပါတယ်။