ဒီည ချယ်ဆီး – ဝက်စ်ဟမ်း လန်ဒန်ဒါဘီပွဲက ဘယ်လိုရလဒ် ထွက်မလဲ ခန့်မှန်းချက်ထုတ်တဲ့ ပေါမာဆန်

ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ လာမယ့် အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲ မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – ဝက်စ်ဟမ်း ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

” ချယ်ဆီးက ဒီပွဲ နိုင်မှ ဖြစ်မှာ။ သူတို့ ပြီးခဲ့တဲ့ အပတ် စီးတီးနဲ့ ပွဲမှာ ညံ့ခဲ့တယ်။ သူတို့က အရှုံးခံရဖို့ ကစားနေတာ ကျနေတာပဲ။ သူတို့ ဖန်တီးနိုင်မှု မရှိတာက ပြန် ဒုက္ခပေးသွားတာလို့ ကျွန်တော် ထင်တယ်။

ဒီပွဲက ချယ်ဆီး အတွက် top four ဝင်ဖို့ ရွှေ အခွင့်အရေးပါပဲ။ ဝက်စ်ဟမ်းကသာ ပွဲအစပိုင်း မိနစ် ၂ဝ လောက်ကို အရင် ဗီလာနဲ့ ပွဲကလိုသာ ကစားရင်း ချယ်ဆီးက အနှေးနဲ့ အမြန် သူတို့ကို ကြိတ်မှာပဲ။

ဒါပေမယ့် ဝက်စ်ဟမ်းသာ မြန်မြန် အထိုင်ကျသွားရင် သူတို့မှာ တစ်ဦးချင်း အရည်အသွေးကောင်းတွေ ရှိတာကြောင့် အိမ်ရှင်တွေ ပြန် ခံစား သွားရနိုင်တယ်။

ဒီပွဲက သမိုင်းကြောင်းတွေကလည်း ရှိသေးတယ်။ နှစ်ဘက်အသင်း ပရိသတ်တွေက အချင်းချင်းလည်း ကြည့်မရကြဘူး။ ဂရေဟမ် ပေါ်တာက သူ ၇ လ လောက် နည်းပြခဲ့တဲ့ ကလပ်အသင်းဟောင်း ရှိရာဆီ ပြန်လာတဲ့ ပွဲလည်း ဖြစ်တယ်။ ” လို့ မာဆန်က သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။