ချဲလ်ဆီးအသင်း ဘယ်ချိန်ကစလို့ ကျဆင်းသွားတာလဲ ထောက်ပြ သွားတဲ့ အီယန်ရိုက်

ချဲလ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ က သူ့ အသင်း Title race ထဲ မပါဘူးလို့ ထပ်ခါ ထပ်ခါ ငြင်းပြီးကတည်းက တောက်လျှောက် ကျဆင်းသွားတယ် လို့ ဂန်းနားဟောင်းကြီး အီယန်ရိုက်က ထောက်ပြခဲ့ပါတယ်။

” မာရက်စ်ကာဟာ ဒီလို ငြင်းဖို့ မလိုခဲ့ပါဘူး။ ပြောချင်ရင် သူ အဝတ်လဲခန်းထဲမှာပဲ ပြောခဲ့ရမှာပါ။ ဂျော့ချ်ဂရေဟမ် (အာဆင်နယ် နည်းပြဟောင်း) ဆို ခင်ဗျားကို အတွေးလွန်စေနိုင်တဲ့ အရာမျိုး ဘယ်တော့မှ မပြောပါဘူး။ အာဆင်ဝင်းဂါးဆိုလည်း အရမ်း အကောင်းမြင်တတ်ပါတယ်။

ကျွန်တော် ဒါကို ကြားမိတော့၊ ချဲလ်ဆီး ကစားသမားတွေဟာ နောင်အခါ ဆိုးဆိုးရွားရွား ကစားလည်း ဘာမှမဖြစ်သလို နေတော့မှာပဲလို့ တွေးလိုက်မိပါတယ်။ ဒါက ထူးဆန်းတယ်လို့ ကျွန်တော် မြင်ပါတယ်။ သူ ဒီလိုမျိုး ပြောဖို့ မလိုခဲ့ပါဘူး။

တကွေ့ကွေ့တော့ အသင်းဟာ သူ မပြောလည်းပဲ၊ ခြေချော်နိုင်တာပါပဲ။ သူ့အနေနဲ့ နိုင်ပွဲဆက်နေတာကို အားရကြောင်း၊ ကစားဖို့ပွဲတွေ အများကြီး ရှိနေသေးကြောင်း၊ ရာသီကုန်ရင် ဘယ်နေရာ ရောက်မလဲ ဆိုတာ တွေ့ရမယ့် အကြောင်းပဲ ပြောခဲ့သင့်ပါတယ်။

ဘာလို့ သူ အဲလို မှတ်ချက်မျိုး ပေးခဲ့ရတာလဲ? ချဲလ်ဆီးသာ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုတော့ ရလဒ် တောက်လျှောက် ထိုးဆင်းနေပုံနဲ့ သူတို့ဟာ ယူရိုပါလိဂ်ဝင်ခွင့် ရဖို့ပဲ ကြည့်ရမလို ဖြစ်နေပါပြီ။ ” လို့ အီယန်ရိုက် က ဆိုခဲ့တာ ဖြစ်ပါတယ်။