အရှိန်ကောင်း ရနေတဲ့ စီးတီးအတွက် ထိုးနှက်ချက် နောက်ထပ် ဒဏ်ရာ သတင်းတခု ဂွါဒီယိုလာ အသိပေး

နည်းပြ ပက်ဂွါဒီယိုလာက မန်စီးတီးတောင်ပံကစားသမားဂျီရီမီ ဒူကူမှာ အစ္စဝှစ်ချ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ကာလတစ်ခု အနားယူရမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဒူကူဟာ အစ္စဝှစ်ချ်တောင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိပြီးနောက် မန်စီးတီးရဲ့ နောက်ဆုံးပွဲ ၂ ပွဲဖြစ်တဲ့ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နှင့်ပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ယခုအခါ ဂွါဒီယိုလာက ဘယ်လ်ဂျီယံတောင်ပံကစားသမားမှာ မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေတဲ့ ကလပ်ဂရုဂျက်နှင့် ချန်ပီယံလိဂ်ပွဲကို သေချာပေါက် လွဲချော်လာမှာ ဖြစ်ပြီး ယခုအပတ်အကုန် အာဆင်နယ်နှင့် ကစားရမဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲတွင်လည်း ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း ဆိုလာပါတယ်။

ဂွါဒီယိုလာက “ခဏနားရမယ်။ ဘယ်လောက် နားရမယ်ဆိုတာ မသိပါဘူး။ ဒါပေမဲ့ အချိန်တစ်ခုနားရမယ်။ ဗုဒ္ဓဟူးနေ့ပွဲမှာ ကစားဖို့ အသင့်မဖြစ်တာတော့ သေချာတယ်။ ကစားနိုင်မယ်လို့ မထင်ဘူး။ အာဆင်နယ်နဲ့ပွဲမှာ ကစားနိုင်မလား ကြည့်ရမယ်”လို့ ပြောကြားသွားပါတယ်။

မန်စီးတီးအတွက် သတင်းကောင်းကတော့ တစ်လကျော်ကြာ အနားယူလာခဲ့ရတဲ့ အင်္ဂလန်နောက်ခံလူဂျွန်စတုန်းမှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာကာ ချဲလ်ဆီးနှင့်ပွဲတွင် လူစားဝင်ရောက်ကစားလာနိုင်ခဲ့တာပါ။

ဂွါဒီယိုလာဟာ ဒိုကူ မကစားနိုင်မှုနှင့်အတူ ဇန်နဝါရီတွင် ခေါ်ယူထားတဲ့ အီဂျစ်တောင်ပံတိုက်စစ်သမားအိုမာမာမွတ်ရှ်အား ကလပ်ဘရုဂျက်နှင့်ပွဲတွင် အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ အသုံးပြုလာဖို့ ရှိနေပါတယ်။

အိုမာ မာမွတ်ရှ်ဟာ ခူဆာနော့ဗ်နှင့်အတူ စနေနေ့တုန်းက မန်စီးတီးအတွက် ပထမဆုံးပွဲကစားခဲ့ကြပါတယ်။