ချယ်ဆီး ကစားသမား ကိုး ပါလ်မာ ရဲ့ လုပ်ပုံမဟုတ်လို့ ဝင်ပြီး ဆူပေးနေတဲ့ ဂယ်ရီ နဗီး

ပြီးခဲ့တဲ့ရက်က ချယ်ဆီးအသင်းရဲ့ အဝေးကွင်း အီတီဟက်မှာ မန်စီးတီးကို ၃-၁ နဲ့ ရှုံးတဲ့ ပွဲ အပြီး ကိုး ပါလ်မာ အပြုအမူအတွက် သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ အီတီဟက်မှာ ရှုံးပွဲ ကြုံခဲ့ပေမယ့် အသင်းဟောင်း နည်းပြ ဖြစ်သူ ပက်နဲ့ ရယ်မော စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော် ကိုး ပါလ်မာကို တစ်ခု ပြောချင်တယ်။ သူက ပွဲပြီးပြီးချင်း ကွင်းထဲမှာ ပက် ဂွာဒီယိုလာနဲ့ စကား ပြောနေခဲ့တယ်။ နောက်ပြီး သူက ပြုံးရယ်ပြီးတော့ကို ပြောနေတာ.. ပက်ကလည်း ရယ်ရယ် မောမောနဲ့ ..။

ဒါပေမယ့် ကိုးလ်ရေ .. မင်းက ရှုံးထားတာက.. ဒီမှာ အခုပဲ မင်းက ပွဲ ရှုံးထားတာ။ ဒုတိယပိုင်းမှာလည်း ပွဲထဲ မင်းက လုံလောက် ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ဘူး။ သူက အံ့ဖွယ် ကစားသမားပါ သိပ်လည်း တော်ပါတယ်။

ဒါပေမယ့် တစ်ခုခုက မှားနေတယ်ဗျာ.. ဒီ ချယ်ဆီး ပရိသတ်တွေက .. ဒီအဝေးကြီးထိ အယောက် ၃ ထောင်၊ ၄ ထောင် လာ အားပေးတာ။ သူတို့ အခုထက် ပို ကောင်းကောင်း မျှော်လင့်ပါလိမ့်မယ်။

မင်းက ပြိုင်ဘက် မန်နေဂျာနဲ့ အခုလို ရယ်မော စကားပြောနေတာ၊ ရှုံးပွဲပြီးပြီးချင်း ပြုံးနေတာ သူတို့ ဘယ်မြင်ချင်မလဲ။ ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုး ပါလ်မာ ဟာ ဆရာဟောင်းနဲ့ အတွေ့မှာ ရယ်မော စကားပြောတာ ဖြစ်ပေမယ့် ပူပူနွေးနွေး အရှုံးကြုံထားတဲ့ ချယ်ဆီး ပရိသတ်တွေ အတွက်တော့ မျက်စိနောက်စရာ ဖြစ်နေမှာ အမှန်ပါပဲ။