ဗြိတိန်မှာ ပါဝါကြီးလာဖို့ နာမည်ကြီး တယ်လီဂရပ်ဖ် သတင်းစာ ကိုပါ ဝယ်ယူရန် တော့ဒ်ဘိုလီ ကြိုးစားနေ

ချဲလ်ဆီး အသင်း ပိုင်ရှင်တဦး ဖြစ်တဲ့ အမေရိကန် ဘီလျံနာ တော့ဒ်ဘိုလီဟာ ဗြိတိန် နာမည်ကျော် သတင်းစာတိုက် တခု ဖြစ်တဲ့ The Telegraph ကို ဝယ်ယူဖို့ ကြိုးစားနေကြောင်း Financial Times သတင်းဌာနက ဖော်ပြလာပါတယ်။

တော့ဒ်ဘိုလီဟာ ပေါင် သန်း ၅၅၀ တန်ဖိုးရှိ ယင်းသတင်းစာတိုက်ကို အမေရိကန် မီဒီယာ အမှုဆောင် တဦး ဖြစ်တဲ့ ဒေးဗစ် အက်ဖွန်းနဲ့ အတူ ဝယ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အက်ဖွန်းဟာ The Telegraph ကို ဝယ်ယူဖို့ မေးမြန်းစုံစမ်းနေတာ တလကျော်ခဲ့ပြီး၊ ဘိုလီကလည်း ၎င်းနဲ့ အတူ ရှယ်ယာ ထည့်ဝင်ချင်တဲ့ သဘောမှာ ရှိနေပါတယ်။

ချဲလ်ဆီးမှာ အသင်းပိုင်ရှင်များအကြားတွင် အားပြိုင်မှုများရှိနေပြီး ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ တော့ဒ်ဘိုလီ ဟာ Clearlake Capital ၏ ရှယ်ယာများကို ဝယ်ယူ၍ တစ်ဦးတည်းပိုင်အဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်းလည်း သတင်းထွ့်ထားပါတယ်။

တော့ဒ်ဘိုလီနဲ့ အဖွဲ့ဟာ ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်ပြီးတည်းက ငွေ အလုံးအရင်းနဲ့ ချဲလ်ဆီး ခေတ်သစ် တစ်ခုကို စိတ်တိုင်းကျ ပုံဖော်နေတာ ဖြစ်ပြီး The Telegraph လို့ သတင်းဌာနကြီးမှာပါ ရှယ်ယာ ပါဝင်လာရင် ဗြိတိန်မှာ အရှိန်အဝါ ပိုကြီးထွားလာဖို့သာ ရှိပါတယ်။